Background
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကာလအတွင်း ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်ထိ ဘိလပ်မြေ တန်ချိန် ၂၈ သိန်းကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၄၇ သန်းကျော်ဖိုးတင်သွင်းခဲ့ရာ ယမန် နှစ်ကာလတူနဲ့ နှိုင်းယှဉ်ပါက တန်ချိန်အားဖြင့် ၁၇၃၁၃ တန် ပိုမိုတင်သွင်း နိုင်ခဲ့ပြီး တန်ဖိုးအားဖြင့်တော့ ကန်ဒေါ်လာ ၁၀ သန်းကျော် လျော့နည်းခဲ့ပါတယ်။
MIRT
ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းကမြင့်တက်နေခဲ့သည့် မြန်မာ့ရွှေဈေး သည်ယခုတစ်ပတ်တွင်ဆက်လက် မြင့်တက်ခဲ့ကာ ကျပ်ခုနစ်သိန်းရှစ် သောင်းအထိ မြင့်တက်ခဲ့ပြီးမှ ပြန်လည်ကျဆင်းခဲ့ကြောင်းရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ကမ္ဘာ့ရွှေဈေးနှင့်အတူ လိုက်ပါ မြင့်တက်ခဲ့သည့် မြန်မာ့ရွှေဈေးသည် ယခုတစ်ပတ်တွင်လည်း ကမ္ဘာ့ရွှေဈေး နှင့်အတူ လိုက်ပါမြင့်တက်ခဲ့ပြီးနောက် ရက်သတ္တပတ်၏နောက်ဆုံးရက်များ တွင် ပြန်လည်ကျ ဆင်းခဲ့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ဈေးမြင့်တက်လာခြင်းကြောင့် ပြည် တွင်းရွှေဈေးကွက်တွင် အဝယ်ထက် အရောင်းပိုများလာခဲ့ပြီး ဈေးကွက် အတွင်း ပြန်လည်ဈေးကျလာခြင်းဖြစ် ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ဧည့်မထအုပ်စု မိုးစပါးပေါက်ဈေးနှုန်းမှာ ပုသိမ် မြို့နယ်တွင် ၄၆ ပေါင်တင်း၁၀၀ ကို ၅၈၀၀၀၀ ကျပ်ဈေး၊ ဆန်သစ်တစ်အိတ် ၂၂၀၀၀ ကျပ်၊ ကန်ကြီးထောင့်မြို့နယ် တွင် ၄၆ ပေါင် စပါးတင်း ၁၀၀ ကို ၅၀၃၀၀၀ ကျပ်ဈေး၊ ဆန်တစ်အိတ် ၂၂၀၀၀ ကျပ်ဈေး၊ သာပေါင်းမြို့နယ်တွင် ၄၆ ပေါင် စပါးတင်း ၁၀၀ ကို ၅၁၉၀၀၀ ကျပ်ဈေး၊ ဆန်သစ်တစ်အိတ် ၂၂၀၀၀ ကျပ်ဈေး၊ ငပုတောမြို့နယ်တွင် ၄၆ ပေါင်တင်း ၁၀၀ ကို ၅၃၆၀၀၀ ကျပ်ဈေး၊ဆန်တစ်အိတ်၂၁၅၀၀ ကျပ်ဈေး၊ ကျုံပျော်မြို့နယ် တွင် ၄၆ ပေါင်စပါးတင်း ၁၀၀ ကို ၅၂၄၁၀၀ ကျပ်ဈေး၊ ဆန်တစ်အိတ် ၂၁၀၀၀ ကျပ်ဈေးဖြင့်အရောင်းအဝယ်သွက်လျက်ရှိကြောင်းသိရပါ တယ်။ဒေသတွင်းဆန်စားသုံး
ယခုတစ်ပတ် ပြည်ပဲဈေးကွက်သို့ ပဲပုပ်သစ်များ အဝင်ဆက်တိုက်ရှိလာလို့ တစ်ရက်ကို အိတ် ၅၀ မှ၁၀၀ ကျော်ထိ ဝင်ရောက်လာပြီဖြစ်ပါတယ်။ သို့သော်လည်း ဝယ်လိုအားအနေဖြင့် ဒေသတွင်းဝယ်လက်များမှ ဝယ်ယူနေတယ် လို့ သိရပါတယ်။ ပဲတစ်တင်းကို ၁၈၅၀၀ ကျပ်ဖြင့် ယခင်တစ်ပတ်ထက်လည်း ဈေးအနည်းငယ်ပိုလာသလို ယခင်နှစ်က ဈေး ထက်လည်း ဈေးပိုလာခဲ့ပါတယ်။ အခြားပဲများအားလုံးလိုလို ဈေးနှုန်းများ ၂၀၁၅ ခုနှစ်၊ နှစ်လယ်မှစ၍ ဈေးမြင့်တက် ခဲ့သော်လည်း ပဲပုပ်သီးနှံကတော့ ယခင်နှစ်ကရော ယခုနှစ်အတွင်းမှာပါ အခြားပဲများနှင့် ယှဉ်ရင်ဈေးအေးနေခဲ့တဲ့ ပဲသီးနှံဖြစ်ခဲ့ပါ တယ်။
ခင်ဆွေဝင်း-ပြည်
ပြည်ဆန်စပါးရောင်းဝယ်ရေးတွင် ဇန်နဝါရီလ စတုတ္ထပတ်တွင်အရောင်းအဝယ်အေးပြီး တွက်ခြေမကိုက်တာကြောင့်ဆန်ကုန်သည်ပွဲစားများအလုပ်မဖြစ်ဘူးလို့ ဆိုပါတယ်။ ယခုသီတင်းပတ် နတ်တလင်းတောင်ပျံမွှေးစပါး (အချော)ကတော့ အရောင်းအဝယ်အေးပြီး စပါးဈေးတွေလည်း အနည်းငယ် ပြန်ကျလာ ပါတယ်။ စပါးဈေးတင်း ၁၀၀ (၄၆ ပေါင်ကိုက်) မှာ ၇၁၇၆၀၀ ကျပ်ထိ ပြန်ကျလာပြီး ဆန်တစ်အိတ်ကို ၂၈၀၀၀ ကျပ်နဲ့ ၂၉၀၀၀ ကျပ်တို့ ဖြစ်နေပါတယ်။ပြည်ဧည့်မထစပါးဈေးတွေကတော့ ဈေးမြောက်နေပြီး ဆန်ဈေးငြိမ်နေတာကြောင့် တွက်ခြေမကိုက်ဘဲ အရောင်းအဝယ်လည်းမဖြစ်ဘူးလို့ သိရပါတယ်။ ဧည့်မထစပါးတင်း ၁၀၀ (၄၆ ပေါင်ကိုက်) ၅၅၀၀၀၀ ကျပ်ဖြစ်ပြီး၊ ဆန်တစ်အိတ်ကို ဆင်းသွယ်လတ် ၂၄၀၀၀ ကျပ်၊ ရတနာတိုး ၂၁၀၀
ယခင်ကသီးနှံများတင်ပို့နေတဲ့ တောင်အာဖရိကနိုင်ငံဟာ ဆိုးရွားတဲ့ရာသီဥတု ဒဏ်ကြောင့် ပြည်ပမှပြောင်းဆန် အဖြူရောအဝါပါ ငါးသန်းမှ ခြောက်သန်းအထိ တင်သွင်းရမယ်လို့ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီး ဌာနဝန်ကြီး ဇိုကွာနာက ဇန်နဝါရီ ၁၅ ရက်က ပြောကြားလိုက်ပါတယ်။ ဇင်ဘာဘွေ လီဆိုသို၊ နမီးဘီးယား၊ ဘော့စ်ဆွာနာနဲ့ ဆွာဇီလန် စတဲ့ဒေသတွင်းနိုင်ငံများရဲ့ လိုအပ်ချက် စုပေါင်းလိုက်ရင် ပြောင်းအပြင် ပဲပုပ်စေ့နဲ့ ဂျုံအပါ အဝင် တန်ချိန် ၁၀ ဒသမ ၉ သန်း ခန့်ရှိနိုင်တယ်လို့ ပရီတိုးရီးယားမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး ဇိုကွာနာကပြောပါတယ်။စားနပ်ရိက္ခာဖူလုံရေးအတွက် တောင်အာဖရိကအနေနဲ့ ပြည်ပမှပြောင်းတင် သွင်းမှသာ
ပြည်ဈေးကွက်သို့ နှစ်ကုန်မှစ၍ ပဲပုပ်သစ်များစတင်ဝင်ရောက်လာခဲ့ရာယခုနှစ်ဆန်းပိုင်းမှာလည်း ဆက်တိုက်ဝင်ရောက်လာ တဲ့အတွက် တစ်ရက်အိတ်၅၀ ကျော်ဝင်ရောက်လျက်ရှိတာကို တွေ့ ရပါတယ်။ ပေါက်ခေါင်းမြို့နယ်မှ စတင်ဝင်ရောက်ခြင်းဖြစ်ပြီး ဝယ်လက်အလာနည်းနေသေးတဲ့အတွက် ရန်ကုန်ဝယ်လက် ဝယ်ယူမှုမရှိသေးဘဲ လက်လီသမားများသာ ဝယ်ယူနေခဲ့ပါတယ်။ ပဲဈေး မှာ တစ်တင်း ၁၇၇၀၀ ကျပ်ဖြင့် ယခင်ပတ်အဖွင့်ဈေး ထက်ဈေး အနည်းငယ်လျော့သွားခဲ့ပါတယ်။ ယခင်နှစ်က အဖွင့်ဈေးမှာ တစ်တင်း ၁၈၀၀၀ ကျပ်ရရှိခဲ့ပေမယ့် နောက်ပိုင်းမှာလည်း ဈေးသိသိသာသာ မြင့်တက်ခြင်းမရှိဘဲတစ်နှစ်တာလုံးဈေးအေးခဲ့တဲ့ ပဲသီးနှံဖြစ်ခဲ့ကြောင်းလေ့လာသိရှိရ ပါတယ်။
လွန်ခဲ့တဲ့ငါးနှစ်တာကာလအတွင်း အာဆီယံနိုင်ငံအများစုက ကုန် သွယ်မှု အတားအဆီးများကို ဖယ်ရှားထားပြီးဖြစ်သဖြင့် အာဆီယံစီးပွားရေး အသိုက်အဝန်း(အေအီးစီ)တည်ထောင်မှုကြောင့် အင်ဒိုနီးရှားနိုင်ငံရဲ့ အစားအစာနဲ့ အဖျော်ယမကာလုပ်ငန်းအတွက် ပြုပြင်ပြောင်းလဲမှုတွေ ကြီးကြီးမား မား ဖြစ်လာမှာမဟုတ်ကြောင်း အင်ဒိုနီးရှားအစားအစာနဲ့ အဖျော်ယမကာ အသင်:(Gapmmi) ဥက္ကဋ္ဌ အက်ဒီအက်စ်လုခမန်းရဲ့ ပြောကြားချက်ကို ကိုးကား ပြီး အန်တာရာသတင်းမှာ ဖော်ပြပါတယ်။ဒါပေမဲ့အရှေ့တောင်အာရှဒေသကို မဟာအင်ဒိုနီးရှားအဖြစ် သဘော ထားပြီး အနာဂတ် မူဝါဒတွေကို ချမှတ်တဲ့အခါ အာဆီယံကို ဗဟိုပြုတဲ့ စိတ် ဓာတ်နဲ့ ဆောင်ရွက်ဖို့လိုကြောင်း သူကပြောပါတယ်။''အာဆီယံအဖွဲ့ဝ
အသီးအနှံဈေးကွက်တွင် ယခုတစ်ပတ် ဇန်နဝါရီလပထမပတ်အတွင်း ဆီးသီးအမှည့်ခြင်းတွေ ပြည်၊ ဆင်တဲ၊ ပန်းတောင်း၊ ဖိုးဦးတောင်တို့ဘက်မှ ထွက်ရှိလာပြီးဈေးကွက်ဝင်လာပါတယ်။ တစ်တင်းခွဲဝင်ခြင်း ၃၀၊ ၄၀ အဝင်ရှိပြီး ဒသတွင်း လက်လီအရောင်းသမားများနှင့် ယိုစုံလုပ်ငန်းတို့မှ အဝယ်ရှိတာကြောင့် တစ်နေ့ချင်းအရောင်းအဝယ်အကုန် ဖြစ်ကြောင်းလည်း သိရပါတယ်။ဝင်ရောက်လာတဲ့ဆီးသီးအရသာနဲ့မျိုးအရည်အသွေးပေါ်မူတည် ပြီဈေးအနည်း ငယ် ကွာခြားပါတယ်။ ဆီးချို တစ်တင်းကို ၁၂၀၀၀ ကျပ်အထိရှိပြီး၊ ဆီးချိုချဉ် တစ်တင်း၈၅၀၀ ကျပ်ရှိပါတယ်။ ယိုစုံလုပ်ဆီးသီးအချဉ်ကတော့ တစ်တင်း ၆၅၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရပါ တယ်။
မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး၊ ကုန်စည် ဖြန့်ဖြူးရေး၊ အဆင်ပြေချောမွေ့စေရေးနှင့် ဆိပ်ကမ်းအုပ်ချုပ်ရေးလုပ်ငန်းများ ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးအတွက်အထောက်အကူ ပေးမည့် Port EDI System udk Hitachi Solution ကရေးဆွဲပေးမည်ဖြစ်ကြောင်း ဟီတာချီ ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။အဆိုပါအထောက်အကူပြုလုပ်ငန်းသည် ဂျပန်နိုင်ငံက အစိုးရနှင့် ပုဂ္ဂလိကတစ်သား တည်းပူးပေါင်းဆောင်ရွက်နေသည့် နယ်ပယ် တစ်ခုဖြစ်ကြောင်း သိရသည်။ံHitachi Solution onf Port EDI System ကို မြန်မာနိုင်ငံ၏ မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်တွင် စတင်ဆောင်ရွက်ပေးခြင်းဖြင့် မြန်မာ နိုင်ငံ၏ အဓိကဆိပ်ကမ်းများစီမံခန့်ခွဲမှုလုပ်ငန်းများကို မြန်ဆန်လာစေရန်အထောက်အကူ