Main menu

Background

အထွေထွေ

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Fri, 09/18/2020 - 15:38 -- journal_editor

၁။      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနပိုင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ဘုရားကြီးသိုလှောင်ရုံဝင်းရှိ မြေ ၆၉၃၅ စတုရန်းပေအား  အိတ်ဖွင့်တင်ဒါစနစ်ဖြင့် သုံးနှစ်သက်တမ်းတစ်နှစ်တစ်ကြိမ် စာချုပ်ဖြင့် ငှားရမ်းမည် ဖြစ်ပါသည်။

၂။       အဆိုပါ မြေအား ၂၁.၉.၂၀၂၀ ရက်နောက်ဆုံးထား၍ အဆိုပြုလျှောက်လွှာ ဝယ်ယူရမည် ဖြစ်ပါသည်။အဆိုပြုလွှာနှင့်အတူ မိမိဌာနမှ ငွေစာရင်း Account ဖွင့်လှစ်ထားသော မြန်မာ့စီးပွားရေးဘဏ်များတွင် Deposite ပေးသွင်းထားသော  P.O Cheque ပူးတွဲတင်ပြရ ပါမည်။  တင်ဒါယှဉ်ပြိုင်ရမည့်နေ့ကို ထပ်မံအကြောင်းကြားပါမည်။

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Fri, 09/18/2020 - 15:37 -- journal_editor

၁။      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနပိုင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ ဗိုလ်ဗထူးလမ်းရှိ မြဲ-၂၉၊ မြဲ-၃၀ သိုလှောင်ရုံ(၂)လုံးအား  အိတ်ဖွင့်တင်ဒါစနစ်ဖြင့် သုံးနှစ်သက်တမ်း တစ်နှစ် တစ်ကြိမ်စာချုပ်ဖြင့် ငှားရမ်းမည်ဖြစ် ပါသည်။

ပို့ကုန်တိုးမြှင့်နိုင်ဖို့ အညာဒေသထွက် အရည်အသွေးကောင်းဆီးဆန်များ တင်ပို့ကြစို့

Tue, 06/07/2016 - 12:59 -- journal_editor

           မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်သို့ နေ့စဉ်ဝင်ရောက်နေသည့် ကုန်တင်ယာဉ်ကြီးများ ထဲတွင် တစ်ဖက်နိုင်ငံမှ ဝယ်လိုအားရှိသော ကုန်ပစ္စည်းများမှာ ဆန်၊ သကြား၊ ပဲ၊ ပြောင်း၊ ရော်ဘာ၊ ကြက်သွန်နီ၊ ရေထွက်ပစ္စည်း များအပြင် တစ်ဖက် နိုင်ငံမှ ပုံမှန်ဝယ်ယူသည့် မြန်မာပြည် အညာဒေသထွက် ဆီးဆန်ကုန် ပစ္စည်းသည် မိမိနိုင်ငံမှ တင်ပို့ နိုင်သလောက် တစ်ဖက် တရုတ်ပြည်မှ ဝယ်ယူနေ ကြောင်းသိရှိရပါသည်။  အညာဒေသထွက် ဆီးဆန် သည် ဆန်၊သကြား၊ပဲ၊ ပြောင်းကဲ့သို့ အထွက် နှုန်း မများသော်လည်း  မိမိနိုင်ငံမှ  ထွက်ရှိသလောက်  တစ်ဖက်နိုင်ငံမှ ဝယ်ယူနေခြင်းကြောင့်  ပို့ကုန် တိုးမြှင့်ရေးကို  တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု၍  နိုင်ငံခြားဝင်ငွေ

မောင်းသူမဲ့လေယာဉ်၊ ရဟတ်ယာဉ်များအား ခွင့်ပြုနိုင်ရန် စိစစ်လျက်ရှိသည်ဟုဆို

Wed, 01/13/2016 - 12:26 -- journal_editor

မြန်မာနိုင်ငံတွင် ယခုအခါ၌ မောင်းသူမဲ့လေယာဉ်၊  ရဟတ်ယာဉ် များ(DRONES)များပြားလာသည်နှင့် အမျှ အဆိုပါဒရုန်းလေယာဉ်များအား တရားဝင်အသုံးပြုခွင့်ရရှိရန် ဒရုန်းလေ  ယာဉ်အသုံးပြုသူများကမျှော်လင့်လျက် ရှိသည်။

ကုမ္ပဏီ/လုပ်ငန်းရှင်ကိုယ်စားလှယ်များအတွက် ပို့ကုန် သွင်းကုန် လုပ်ထုံးလုပ်နည်း သင်တန်းဖွင့်လှစ်ခြင်း

Wed, 01/13/2016 - 11:18 -- journal_editor

ကုမ္ပဏီလုပ်ငန်းရှင်များအတွက် ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်းကိုစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ် ရေးဦးစီးဌာန ၊ ကုန်သွယ်မှုပညာပေးရေး ဌာနခွဲ ၊ ကုန်သွယ်မှုသင်တန်းကျောင်း(ရန်ကုန်) တွင်သင်တန်းသား၅၀ဦးဖြင့်ဖွင့်လှစ်သွားရန်စီစဉ်ဆောင်ရွက်လျက်ရှိသည်။ သင်တန်းကိုရက်သတ္တပတ်တစ်ပတ်လျှင် ၅ရက် တစ်ရက်လျှင် ၃ ချိန်(၄၅ မိနစ်) ဖြင့်နံနက်(၀၉ :၄၅) မှ (၁၂ :၃၀) အချိန်ထိနှစ်ပတ်ကြာသင်ကြားပို့ချသွား မည်ဖြစ်ပါသည်။သင်တန်းတွင် လက်ရှိပို့ကုန်သွင်းကုန်ဆိုင်ရာကိစ္စရပ်၊ ကုန်သွယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ မြန်မာ/ကမ္ဘာ့ဆိုင်ရာ ကုန်သွယ်မှု လုပ်ထုံးလုပ်နည်းများကိုလက်ရှိ အခြေအနေနှင့်အညီဆောင်ရွ

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်း အမှတ်စဉ်(၇) သင်တန်းဖွင့်လှစ်မည်

Wed, 08/26/2015 - 16:47 -- journal_editor

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကကဏ္ဍရှိ စီးပွားရေးလုပ်ကိုင်သူများအား နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် သိသင့်သိထိုက် သည့် အသိပညာ၊ ဗဟုသုတများရရှိရန်နှင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သည့် ပို့ကုန်လုပ်ငန်းရှင်သစ်များ၊ ကုန်သည် စီးပွားရေးလုပ်ငန်းရှင်သစ်များကို မွေးထုတ်ပေးနိုင်ရန် Trade Training Institute ကို ၂၀၁၂ ခုနှစ်၊ ဧပြီ လမှ စတင်ဖွင့်လှစ်ကာ နိုင်ငံတကာ ကုန်သွယ်မှုနှင့်ပတ်သက်၍  စာတွေ့/လက်တွေ့ဘာသာရပ်များ ကျယ်ကျယ်ပြန့်ပြန့်သင်ကြား ပို့ချပေးလျက်ရှိပါသည်။ ယခုအခါ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံ သင်တန်းအမှတ်စဉ်

ငွေကြေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး အရေးတကြီး လိုအပ်ကြောင်း မဒမ်ပတ်ပြောကြား

Tue, 08/25/2015 - 17:35 -- journal_editor

     နိုင်ငံ့စီးပွားရေး၏ အသက်သွေး ကြောသဖွယ်ဖြစ်သည့် ငွေကြေးလုပ်ငန်း ကဏ္ဍအား ပြုပြင်ပြောင်းလဲရေး ဆောင် ရွက်ရန်မှာ အရေးတကြီးလိုအပ်လျှက် ရှိကြောင်း၊ ကမ္ဘာ့ငွေကြေးပြဿနာများ တစ်မျိုးထက်တစ်မျိုးမရိုးအောင် ေ ပါ်ထွန်းလာခဲ့သည့်အလျောက် ကမ္ဘာ့ ငွေကြေးလုပ်ငန်းကဏ္ဍတွင် ငွေရေး ကြေးရေးလုပ်ငန်းနည်းပညာ (fintech)သည်လည်း အပြောင်းအလဲများစွာဖြင့် တိုးတက်ပြောင်းလဲလျက်ရှိကြောင်း၊ ကိုရီးယား၏ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများသည် ယင်းအပြောင်းအလဲကို အမီမလိုက်နိုင်ပါက မျိုးတုံးပျောက် ကွယ်သွားမည်သာဖြစ်ကြောင်း၊ ကိုရီးယား သမ္မတနိုင်ငံ သမ္မတမဒမ်ပတ်က သြဂုတ်လ ၁၆ ရက်နေ့ ပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ကိုရီးယားသမ္မတနိုင်ငံ၏ နိုင်ငံခြား အရန်ငွေကြေးပမာဏ ဇူလိုင်လအတွင်းလျော့နည်း

Tue, 08/25/2015 - 17:26 -- journal_editor

    ယခုနှစ် ဇူလိုင်လတွင် ကိုရီးယားသမ္မတနိုင်ငံ၏ အရန်နိုင်ငံခြားငွေ (foreign reserve) သည် ခြောက်လအတွင်း ပထမဆုံးအကြိမ် ပမာဏ ကျဆင်းသွားခဲ့သည်။ ကိုရီးယားဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ ယခင်လက အရ န်နိုင်ငံခြားငွေသည် အမေရိကန် ဒေါ်လာ ၃၇၀ ဒသမ ၈ ဘီလီယံရှိခဲ့ ပြီး၊ ဇူလိုင်လတွင်မူအမေရိကန်ဒေါ်လာ လေးဘီလီယံခန့် ကျဆင်းသွားသည်ဟု သိရှိရသည်။ ယင်းသို့ကျဆင်းရခြင်းမှာ အမေရိ ကန်ဒေါ်လာအားကောင်း လာခြင်းကြောင့် ဒေါ်လာမဟုတ်သည့် အခြား ငွေကြေးများဖြင့် လဲလှယ်ရာတွင် အခြားငွေကြေးတန်ဖိုးများ ကျဆင်းရ ခြင်းကြောင့်ဖြစ်သည်။

ကိုရီးယား၏ NEET အချိုးသည် အိုအီးစီဒီ ၃၄ နိုင်ငံတွင် တတိယ အဆင့်ရှိနေ

Tue, 08/25/2015 - 15:56 -- journal_editor

      ပညာသင်ကြားခြင်း၊ အလုပ်လုပ်ခြင်းနှင့် သင်တန်းတက်ရောက်နေခြင်းတို့ လုပ်ဆောင်နေခြင်းမရှိသည့် လူငယ်များ (Not in Education, Employment, or Training) အချိုးအစားသည် ကိုရီးယားသမ္မတနိုင်ငံတွင် အသက် ၁၅ နှစ်မှ ၂၉ နှစ်ကြား လူငယ်များ၏ ၁၆ ရာခိုင်နှုန်းရှိနေကြောင်း စစ်တမ်းတစ်ရပ်ကဖော်ပြခဲ့သည်။ ယင်းအချိုးအစားသည် အိုအီးစီဒီနိုင်ငံများကြားတွင် တတိယအမြင့်ဆုံး အချိုးအစားဖြစ်နေသည်။ အိုအီးစီဒီ၏ သြဂုတ်လ ၄ ရ က် နေ့ထုတ်ပြန်ချက်အရ ကိုရီးယားသမ္မတ နိုင်ငံ၏ ၂၀၁၃ ခုနှစ်က NEET အချိုးအစားသည် ၁၅ ဒသမ ၆ ရာခိုင်နှုန်း ဖြစ်ခဲ့သည်။

Cover Story

Mon, 08/24/2015 - 20:50 -- journal_editor

     မြန်မာနိုင်ငံအတွက် သြဂုတ်လဆိုတဲ့ရှစ်လပိုင်းဟာ တကယ့်ကို အရေးပေါင်းများစွာနဲ့ကြုံတွေ့ခဲ့ရတဲ့လလို့ ပြောမယ်ဆိုရင် မှားမယ်လို့မထင်ခဲ့ပါဘူး။ ဇူလိုင်လကုန်ပိုင်းလောက်ကစပြီး ရှစ်လပိုင်းဆိုတဲ့ သြဂုတ်လအဝင်မှာပဲ မုတ်သုံကာလအဝင် ပြင်းထန်လှတဲ့ မုတ်သုံမိုးရဲ့ ထိုးနှက်ချက်ကြောင့် အညာဒေသတစ်ခွင်  ရေလွှမ်းမိုးမှုတွေဖြစ်ပေါ်ခဲ့ရပါတယ်။ အဲဒီအညာဒေသမှာဖြစ်ပေါ်ခဲ့တဲ့ရေ လွှမ်းမိုးမှုတွေဟာ မကြုံစဖူး ထူးကဲလှတဲ့အတွက် ဘယ်သူမှ ထိုင်ကြည့်မနေနိုင်တဲ့အဖြစ်ကို ရောက်ခဲ့ရပါတယ်။ တစ်တိုင်းပြည်လုံး အုံးအုံးကျွက်ကျွက်နဲ့ ရေဘေးဒုက္ခသည်တွေအပေါ် ကိုယ်ချင်းစာနာစိတ်နဲ့ သွားရောက်လှူဒါန်းခဲ့ကြတဲ့မြင်ကွင်းဟာ တကယ့်ကို အဆိုးထဲကအကောင်းလိ

Pages

Subscribe to RSS - အထွေထွေ