အီးယူနှင့်ဗီယက်နမ်နိုင်ငံတို့ လွတ်လပ်စွာကုန်သွယ်ရေး သဘောတူစာချုပ်ဆိုင်ရာ သဘောတူညီချက်ရရှိ
သုံးနှစ်တာကာလခန့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြပြီးနောက် အီးယူနှင့်ဗီယက်နမ်နိုင်ငံတို့သည် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူစာချုပ်ဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို သြဂုတ်လ ၄ ရက်တွင် ယေဘုယျ အားြ ဖင့် ရရှိခဲ့ကြပါသည်။ အဆိုပါနှစ်ဦးနှစ်ဖက် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်အရ အီးယူနှင့်ဗီယက်နမ်နိုင်ငံအကြား ကုန်သွယ်မှုပြုလျက်ရှိသော ကုန်စည်များအပေါ် ကောက်ခံလျက်ရှိသည့် အကောက်ခွန်အားလုံး နီးပါးအား ဖယ်ရှားပေးမည်ဖြစ်ပါသည်။