အေအီးစီကြောင့် လုပ်ငန်းသစ်များ အလျှိုအလျှိုပေါ်ထွက်လာဖွယ်ရ
အာဆီယံ စီးပွားရေးအသိုက် အဝန်း(အေအီးစီ)ကို အပြည့်အဝအကောင်အထည်ဖော်တော့မှာဖြစ်တဲ့ အတွက် ထိုင်းနိုင်ငံမှာ ကုမ္ပဏီသစ်မှတ်ပုံ တင်မှုက ၂၀၁၆ ခုနှစ်မှာ ၆၅၀၀၀ အထိ တိုးတက်လာမှာဖြစ်ကြောင်း နေးရှင်း သတင်းမှာ ဖော်ပြပါတယ်။အာဆီယံ ပေါင်းစည်းမှုကြောင့် ဖွံ့ဖြိုးတိုးတက်မည့် အခွင့် အလမ်းတွေ ပိုမိုတွေ့မြင်ရခြင်းနဲ့ ထိုင်းနိုင်ငံ စီးပွားရေး ခိုင်မာလာခြင်း စတဲ့ အချက်တွေကြောင့် ၂၀၁၆ ခုနှစ်မှာ ဆောက် လုပ်ရေး၊ ကုန်သွယ်ရေးနဲ့ ဝန် ဆောင်မှုလုပ်ငန်းတွေအပါအဝင် စက်မှု လုပ်ငန်းကဏ္ဍအသီးသီးမှာ လုပ်ငန်း သစ်တွေ ထူထောင်ကြမှာဖြစ်ကြောင်း စီးပွားရေး ဖွံ့ဖြိုးရေးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ပွန်းပန်ဂီယာရ
