ကြက်သွန်နီဈေး ဆက်လက်မြင့်တက်ဖွယ်ရှိ
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ အောက်တိုဘာလ ၁၀ ရက်မှ ၁၆ ရက်တာ သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၁၇၆၀၇၉ တန်ဖိုးရှိ ကြက် သွန်နီ ၃၃၃ တန်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်တစ်ပတ်က မြဝတီမှ ၁၄၁ တန်သာ တင်ပို့ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ကတော့ ယခင် သီတင်းပတ်က သုံးတန်တင်ပို့ခဲ့ပြီး ယခုတစ်ပတ်မှာ ကြက်သွန်နီ နှစ်တန်ကို ကန် ဒေါ်လာ ၆၁၀ ဖိုးသာ တင်ပို့မှုရှိခဲ့ပါ တယ်။ တာချီလိတ်ကုန်သွယ်ရေးစခန်းကတော့ ကန်ဒေါ်လာ ၇၀၅၆၇ တန်ဖိုးရှိ ကြက်သွန်ဖြူ တန် ၅၀ တင်ပို့ခဲ့ပါတယ်။


