Main menu

Background

စီးပွားရေးသတင်း

ဝဥခြောက် ပိုမိုတင်ပို့

Thu, 01/07/2016 - 12:55 -- journal_editor

ဝဥသည် သွေးတိုး၊ဆီးချို၊နှလုံးရောဂါ၊အူမကြီးရောဂါ၊အဝလွန်ရောဂါတွေကို တိုက်ဖျက်ကာကွယ်ပေး ပါတယ်။ ယနေ့ခေတ်အချိန်အခါတွင် ပူပြင်းခြောက်သွေ့ တဲ့ဒေသတွေကလွဲပြီး စိုက်ပျိုးအောင်မြင်နိုင်တယ်လို့ သိရပါတယ်။မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်ကနေ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ နောက် ဆုံးပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၁၈၂ သန်းတန်ဖိုးရှိ ဝဥခြောက် ၉၈ တန်ခွဲထိ တင်ပို့နိုင်ခဲ့ပါတယ်။ယခင်သီတင်းပတ်က တန် ၆၀ သာတင်ပို့ခဲ့တဲ့အတွက် ယခုတစ် ပတ်ရဲ့ ဝဥ ပိုမိုတင်ပို့လာတယ်လို့ ဆိုရပါမယ်။  ဒီဇင်ဘာလတစ်လလုံး မူဆယ်မှ တရုတ်ပြည်သို့ ဝဥခြောက် ၂၈၈ တန်ခွဲတင်ပို့ခဲ့ပါတယ်။မြေဆီမြေနှစ်ကောင်းလျှင် ကောင်းသလို တစ်ပိဿာမှ ၁၃ ပိဿာအထိ ထွက်ရှိ

မြန်မာ့ရွှေဈေး အကျဈေးဖြင့် ဈေးငြိမ်နေမှုကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လာ

Wed, 12/30/2015 - 12:55 -- journal_editor

             ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ကျဆင်းခဲ့သည့် မြန်မာ့ရွှေဈေးသည် ယခုတစ်ပတ်အတွင်း ဈေးအတက် အကျနည်းပါးခဲ့ပြီး ဈေးအနည်းငယ် တန့်နေမှုကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်များ ဖြစ်နေခဲ့ကြော င်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ယခုတစ်ပတ်အတွင်း ကမ္ဘာ့ရွှေဈေးသည်လည်း မြင့်တက်လာခဲ့သဖြင့် မြန်မာ့ရွှေဈေး မြင့်တက်မည်ဟု ခန့်မှန်းထားသော်လည်း တစ်ထောင်ခန့်သာ ဈေးမြင့်တက်ခဲ့သဖြင့် အရောင်းအ ဝယ်ဖြစ်နေခြင်းပင်ဖြစ်ကြောင်း ရွှေကုန်သည်တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

မုံရွာကုန်စည်ဒိုင် ဒီဇင်ဘာစတုတ္ထပတ် ပဲဈေးကွက် ငုံနီအသစ် အဝင်အနည်းငယ်သွက်လာ

Tue, 12/29/2015 - 13:35 -- journal_editor

               မုံရွာကုန်စည်ဒိုင် ဒီဇင်ဘာလစတုတ္ထပတ် ပဲဈေးကွက်မှာ ပြီးခဲ့တဲ့တစ်ပတ်ကထက် ငုံနီအသစ် ပိုမိုဝင်ရောက်ခဲ့ကာ ပေါက်ဈေးလည်း တစ်တင်း ၂၃၀ဝ ကျပ်အထိကျသွားပြီး ၄၇၂၀ဝ ကျပ်နဲ့ တစ်ရက်အိတ် ၂၀ဝ ခန့်အေ ရာင်းအဝယ်သွက်လာကြောင်း ပွဲရုံရပ်ကွက်က သိရပါတယ်။ ဈေးကွက်တည်ငြိမ်မှုမရှိသေးပေမယ့် ဒီနေ့ ပေါက်ဈေးဟာ တစ်တင်း ၅၀ဝဝဝ ကျပ်ဈေးနဲ့ အရောင်းအဝယ် လုပ်ထားသူတွေအတွက် အချက်ပေး  ခေါင်းလောင်းသံ တ စ်ခုလိုဖြစ်နေလို့ ကြိုပွိုင့်သမားတွေ သတိထားသင့်တယ်လို့  ကုန်သည်ရပ်ကွက်က ဆိုပါတယ်။

ကြက်သွန်နီဈေးနှုန်း ထက်ဝက်ခန့် ကျဆင်း

Tue, 12/29/2015 - 13:12 -- journal_editor

             ပြည်တွင်း ကြက်သွန်နီဈေးနှုန်းမှာ နိုဝင်ဘာ တတိယပတ်တွင် လက်ကား ပျမ်းမျှတစ်ပိဿာကို ကျပ် ၃၀ဝ၀ မှ ၄၀ဝ၀ နီးပါးထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ယခုရက်ပိုင်း လက်ကားတစ် ပိဿာကို ၁၅၀ဝ ကျပ်ေ လာက်ထိ ပြန်လည် ကျဆင်းလာပြီလို့ ဘုရင့်နောင် ကုန်စည်ဒိုင်မှ သိရပါတယ်။

အင်းတော်ဒေသမှာ ပဲစိမ်းစားဥကြောင့် နှစ်စဉ် မိသားစုဝင်ငွေ သိန်းဂဏန်းထိ ဝင်ငွေကောင်းနေ

Tue, 12/29/2015 - 10:40 -- journal_editor

            အင်းတော်မြို့နယ် ရှေးဟောင်းမြို့တော် မန်လည်သို့သွားရာလမ်းဘေး ဆည်ရွာကျေးရွာမှာ ဒေသထွက်ကုန် ပဲစိမ်းစားဥကို မိသားစုတိုင်းစိုက်ပျိုးကြလို့ နှစ်စဉ် နိုဝင်ဘာနှင့် ဒီဇင်ဘာလများမှာ ပဲစိမ်းစားဥမှ မိသားစုဝင်ငွေ သိန်းဂဏန်းအထိရှိ ကြောင်း သိရပါတယ်။ပဲစိမ်းစားဥကို ရွှေဘို၊ မန္တလေး အဝယ်ကိုယ်စားလှယ်များက ရွာအရောက် လာဝယ်ကြလို့ မိမိခြံဝင်းအတွင်း အလုပ်မပျက်ဈေးကွက်ဖြစ်နေပါ တယ်။ ဆည်ရွာ ထုတ်ကုန် ပဲစိမ်းစားဥ ကို နွားချေး၊ စပါးခွံမြေပဲခွံများနဲ့ စိုက်ပျိုးပြီး အခြားဓာတု ဗေဒဆေးဝါးများ၊ ပိုးသတ်ဆေးများ လုံးဝမထည့်တဲ့အတွက် စိတ်ချစွာစားသုံးနိုင်တယ်လို့ သိရပါတယ်။

ပြည်တွင်းပေါ်ဆန်းဆန်သစ် အဝယ်သွက်ပေမယ့်ဈေးအေး

Tue, 12/29/2015 - 10:34 -- journal_editor

   ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ လက်ကားဆန်ဈေးနှုန်းများမှာ ဒီဇင်ဘာလ ၂၄ ရက်နေ့ ဈေးနှုန်းများအရ ဖျာပုံပေါ်ဆန်း၊ ဆန်ဟောင်းဈေး ထိပ်စတစ်အိတ် ၃၆၅၀ဝ ကျပ်၊ လတ်စ တစ်အိ တ် ၃၅၀ဝ၀ ကျပ်၊ မြော င်းမြ၊ ပုသိမ်၊ ပေါ်ဆန်း ဆန်ဟောင်းဈေး ထိပ်စတစ်အိတ် ၄၀ဝဝဝ ကျပ်၊ လတ်စ တစ်အိတ် ၃၈၅၀ဝ ကျပ်၊ နယ်စုံပေါ်ဆန်း ဆန် ဟောင်းဈေးကတော့ ထိပ်စ တစ်အိတ် ၃၆၀ဝ၀ ကျပ်၊ လ တ်စ တစ်အိတ် ၃၄၅၀ဝ ကျပ်ဖြစ်လို့ ယခ င်တစ်ပတ်အတိုင်း ပြောင်းလဲမှုမရှိဘဲ ဈေးငြိမ်နေတယ်လို့ ဆန်စပါးကုန်စည်ဒိုင်ဝါးတန်းရဲ့ ဈေးနှုန်းစာရင်းအရ သိရှိရပါတယ်။ ဖျာပုံပေါ်ဆန်း ဆန်သစ်ဈေး ထိပ်စ တစ် အိတ် ၂၈၅၀ဝ ကျပ်၊ လတ်စ တစ်အိတ် ၂၇၅၀ဝ ကျပ်ဖြစ်လို့ ယခင်တစ်ပတ် ထက် ၅၀ဝ ကျ

ဒေသတွင်းဈေးကွက်များသို့ လုပ်ငန်းချဲ့ထွင်သင့်ကြောင်း အင်ဒိုနီးရှားအစိုးရက တိုက်တွန်း

Fri, 12/11/2015 - 13:54 -- journal_editor

အိန္ဒိယနှင့် တရုတ်နိုင်ငံမှ ကြက်သွန်နီများတင်သွင်းခွင့်ပြု

Wed, 12/09/2015 - 17:57 -- journal_editor

             ပြည်တွင်းကြက်သွန်နီဈေးနှုန်းများ တည်ငြိမ်စေရေးနှင့် စားသုံးသူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ အိန္ဒိယနိုင်ငံနဲ့  တရုတ်နိုင်ငံတို့မှ ကြက်သွန်နီများ တင်သွင်းရန် သွင်းကုန် လိုင်စင်အား မြန်မာနို င်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သုံးသီးနှံစိုက်ပျိုး ထုတ်လုပ်တင်ပို့သူများအသင်း ထောက်ခံချက်ဖြင့် ကုမ္ပဏီ ခြောက်ခုအား တင်သွင်းခွင့်ပြုခဲ့ရာ  နိုဝင်ဘာလ ၂၇ရက်နေ့ထိ နယ်စပ်နည်းဖြင့် တရုတ်နိုင်ငံ မူဆယ်န ယ်စပ်မှ တင်သွင်းရန် သွင်းကုန်လိုင်စင် နှစ်စောင်၊ တန်ချိန် ၂၅၀၊ ပင်လယ်ရေကြောင်းဖြင့် အိန္ဒိယနိုင်ငံမှ တင်သွင်းရန် သွင်းကုန် လိုင်စင် သုံးစောင်၊ တန်ချိန် ၃၈၀ တန်၊ စ

ပြည်ဘိုကိတ်ပဲသစ် ဝင်ရောက်မှုများလာသလို ဈေးလည်းပိုရလာခဲ့

Wed, 12/09/2015 - 16:55 -- journal_editor

              ပြည်ပဲဈေးကွက်သို့  ဆောင်းဦးပဲသစ်များ   ဝင် ရောက်လျက်ရှိရာ ဘိုကိတ်ပဲသီးနှံဟာလည်း နိုဝင်ဘာလ မှစ၍ အဝင်ရှိခဲ့ပြီး ယခု ဒီဇင်ဘာလဆန်းမှာ ပန်းတောင်း၊ ကံမနဲ့ ပြည်၊ အောင်လံကြားဒေသတစ်ဝိုက်မှ ဝင်ရော က်ခဲ့လို့ တစ်ရက်အိတ် ၄၀ ကျော် ၅၀ အထိ အဝင်ရှိခဲ့ပါတယ်။

ဈေးကွက်မျှော်လင့်ချက်နဲ့ မုံရွာကြက်သွန်နီစိုက်ဧကတိုးချဲ့

Wed, 12/09/2015 - 16:48 -- journal_editor

             စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကြက်သွန်နီ  အများဆုံးစိုက်ပျိုးရာဒေသ တစ်ခုဖြစ်တဲ့ မုံရွာမြို့နယ်မှာ ပြီးခဲ့တဲ့ရာသီက ဆောင်းကြက်သွန်နီဧက ၆၀ဝ၀ နီးပါးသာ စိုက်ပျိုးခဲ့ကြပြီး ဥဖော်ချိန် ရွာခဲ့တဲ့ မိုးကြောင့် အထားမခံ ဘဲ အပျက်အစီး များခဲ့ရာ တောင်သူအများစုက အမြင့်ဈေးမှာ မမှီခဲ့ကြဘဲ ဆုံးရှုံးမှုရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီနှစ်ကြက်သွန်ဈေးကွက်မှာ စံချိန်တင်ဈေး တစ်ပိဿာ ၄၀ဝ၀ ကျပ်အ ထိ ရရှိခဲ့လို့ ဈေးကွက်မျှော်လင့်ချက် ရှင်သ န်လာခဲ့တဲ့အတွက် ယခုနှစ်ဆောင်း ကြက်သွန်နီစိုက်ဧကတွေတိုးလာဖွယ်ရှိပြီး ယခုလပထမပတ်အထိ မုံရွာနယ်မှာ ဧက ၃၃၅၀ ခန့်စိုက်ပြီးဖြစ်တယ်လို့ ကိန်းဂဏန်းေ တွ အရ သိရပါတယ်။

Pages

Subscribe to RSS - စီးပွားရေးသတင်း