သြစတြေးလျနိုင်ငံအနောက်ပိုင်းမှ ပြည်သူများ၏ သုံးပုံတစ်ပုံခန့်သည် ကင်ဆာရောဂါကာကွယ်ရေး နည်းလမ်းများအား အလေးမထားကြဟုဆို
ကမ္ဘာတစ်ဝန်းတွင် ကင်ဆာရောဂါကြောင့် အသက်ဆုံးရှုံးမှုများများပြားနေချိန်တွင် သြစတြေးလျနိုင်ငံအနောက်ပိုင်းတွင် နေထိုင်ကြသည့်ပြည်သူများ၏ သုံးပုံတစ်ပုံခန့်သည် ကင်ဆာရောဂါကာကွယ်ရေးနည်းလမ်းများအား အလေးမထားကြကြောင်း မဲလ်ဘုန်းမြို့အခြေစိုက် ကင်ဆာရောဂါကာကွယ်ရေးဖောင်ဒေးရှင်းမှတာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောကြားခဲ့သည်။ သြစတြေးလျအနောက်ပိုင်းရှိ ကျန်းမာရေးဌာနကလည်း အဆိုပါဒေသတွင် နေ ထိုင်ကြသည့် ပြည်သူသုံးဦးနက် တစ်ဦးသာလျှင် ကင်ဆာရောဂါကာကွယ်ရေးနည်းလမ်းများကိုလိုက်နာလျက်ရှိပြီး အဆိုပါနည်းလမ်းများအတိုင်း လိုက်နာကျင့်သုံးလျက်ရှိသည်ဟုဆိုသည်။
