မြန်မာနိုင်ငံရဲ့ အမျိုးသားပို့ကုန်မဟာဗျူဟာ NES အကောင်အထည် ဖော်ဆောင်ရွက်ခြင်းအတွက် သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် လုပ်ငန်းအဖွဲ့များနဲ့ နိုင်ငံတကာ ကုန်သွယ်မှု ဗဟိုဌာနမှ တာဝန်ရှိသူများ ဒုတိ ယအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၄ရက်နံနက် ၉း၃၀ နာရီက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းရုံး ဒုတိယထပ်ရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါတယ်။ ဆွေးနွေး ပွဲမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ချုပ်ဦးအောင်စိုးနဲ့ တာဝန်ရှိသူများ နိုင်ငံတကာ ကုန်သွယ်မှုဗဟိုဌာ