ပြည်ဘိုကိတ်ပဲသစ် ဝင်ရောက်မှုများလာသလို ဈေးလည်းပိုရလာခဲ့
ပြည်ပဲဈေးကွက်သို့ ဆောင်းဦးပဲသစ်များ ဝင် ရောက်လျက်ရှိရာ ဘိုကိတ်ပဲသီးနှံဟာလည်း နိုဝင်ဘာလ မှစ၍ အဝင်ရှိခဲ့ပြီး ယခု ဒီဇင်ဘာလဆန်းမှာ ပန်းတောင်း၊ ကံမနဲ့ ပြည်၊ အောင်လံကြားဒေသတစ်ဝိုက်မှ ဝင်ရော က်ခဲ့လို့ တစ်ရက်အိတ် ၄၀ ကျော် ၅၀ အထိ အဝင်ရှိခဲ့ပါတယ်။



