မြန်မာ့ဆန်ဈေးကွက်တွင် ဆန်ချောဈေးပြန်ငြိမ်သွားသော်လည်း ဆန်ကြမ်းဈေး ဆက်လက်မြင့်တက်
ရန်ကုန်မြို့ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ လက် ကားဆန်ဈေးကွက်မှာ စက်တင်ဘာလ ၄ ရက်နေ့ ဈေးနှုန်း များအရ ဖျာပုံပေါ်ဆန်းလတ်စ တစ်အိတ်ကို ၃၈၅၀၀ ကျပ်၊ ထိပ်စ ၄၀၀၀၀ ကျပ်၊ နယ်စုံပေါ်ဆန်းလတ်စ တစ်အိတ်ကို ၃၇၀၀၀ ကျပ်ဈေးတို့ဖြင့် ဈေးငြိမ်နေသော်လည်း နယ်စုံပေါ် ဆန်းထိပ်စ ၃၈၀၀၀ ကျပ်၊ မြောင်းမြ/ပုသိမ်ပေါ်ဆန်း လတ်စ ၃၉၅၀၀ ကျပ်၊ ထိပ်စ ၄၀၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း ၄၈၅၀၀ ကျပ်မှ ၅၀၅၀၀ ကျပ်ဖြစ်ခဲ့လို့ ယခင်တစ်ပတ်ထက် တစ်အိတ် လျှင် ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်အတွင်း ဈေးဆက် ကျလာတာ တွေ့ရပါတယ်။
