ပို့ကုန်အမယ်သစ် "ကြယ်ပဲ (သို့) စြင်္ကာပဲ"
ပို့ကုန်အမယ်သစ် ဖြစ်လာမယ့် ကြယ်ပဲကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့နယ်ရှိ ကျေးရွာတော်တော်များများမှာ တောင်သူများစမ်းသပ်စိုက်ပျိုးနေတာကြောင် လားရှိုးမြို့နဲ့ ၁၆ မိုင်အကွာ နမ့်တွန်းကျေးရွာအုပ်စု၊ ဟော င်း လိမ်ကျေးရွာတို့ရှိ တောင်သူဦးထန်အောင်ရဲ့ အော်ဂဲနစ်စိုက်ခင်း ကိုလေ့လာရာ စိုက်ပျိုးသူအနေဖြင့် ခြောက်ဧကခန့် စိုက်ပျိုးထားပြီး နာနတ်၊ နှစ်ရှည်ပင်၊ သစ်မွှေးနဲ့ နံ့သာ နီပင်တွေပါ စီးပွားဖြစ်စိုက်ပျိုးလျက်ရှိပါတယ်။ ကြယ်ပဲ ကို တောင်သူများ တိုးချဲ့ စိုက်ပျိုးနေတာကြောင့် စိုက်ပျိုးထုတ်လုပ်မှု၊ ဈေးကွက်အခြေအနေနဲ့ စီးပွားရေးအကျိုးအမြတ်ရှိနိုင်မယ့် အခြေအနေတို့ကို မေးမြန်းဆွေးနွေးခဲ့ကြပါတယ်





