Main menu

Background

စီးပွားရေးသတင်း

ယာဉ်မှတ်ပုံတင်ထားခြင်းမရှိသော Concrete Mixer Truck နှစ်စီးသိမ်းဆည်းရမိ

Thu, 08/27/2015 - 18:29 -- journal_editor

       သြဂုတ် ၁၅ ရက် ၂၃း၂၀ ချိန်ခန့်မှာ ယာဉ်အမှတ် တပ်ဆင်ထားခြင်းမရှိသလို တရားဝင် စာရွက်စာတမ်းလည်း တင်ပြနိုင်ခြင်းမရှိတဲ့ ယာဉ်မှတ်ပုံတင်မထားတဲ့ Nissan LIDX UD   တစ်စီး၊ Concrete Mixer Truck   နှစ်စီး၊ ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၈၀၀ စီ ၊ စုစုပေါင်း ကျပ်သိန်း ၁၆၀၀ တန်ဖိုးကို နောင်ချို Asia World  ယာယီအခြေပြု  Mobile Teamအဖွဲ့က သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။

 

MIRT

သက်တမ်းလွန်ထောက်ခံချက်များနဲ့ သယ်ဆောင်လာတဲ့ ဆိတ်များအား မန္တလေး-လားရှိုးရထားပေါ်မှ သိမ်းဆည်းရမိ

Thu, 08/27/2015 - 17:01 -- journal_editor

       မန္တလေးမှ လားရှိုးဘက်သို့ မောင်းနှင်လာတဲ့ မီးရထားပေါ်မှာ ဆိတ်များသယ်ဆောင်လာတယ်လို့ သတင်းရရှိတဲ့အတွက် နောင်ချို ယာယီအခြေစိုက် Mobile Team အဖွဲ့သည် နောင်ချိုဘူတာမှာ သွားရောက်စောင့်ဆိုင်းခဲ့ပါ တယ်။ သြဂုတ်လ ၁၂ ရက်နေ့ ၁၁း၀၀ နာရီချိန် နောင်ချိုဘူတာကို ဆိုက်ရောက်လာတဲ့ မန္တလေး-လားရှိုး ၁၃၁ Up ရထားပေါ်မှာ ဆိတ်ကောင် ရေ ၁၇၀ အား တန်ဆာလုပ်သယ်ဆောင်လာတာကို စစ်ဆေးတွေ့ရှိရပါတယ်။ မန္တေ လးမြို့ဟောင်းဘူတာမှ သီပေါမြို့ထိ တန်ဆာခပြုလုပ်ထားတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ စာရွက်စာတမ်းများ တောင်းခံစိစစ်ရာမှာ မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာနရဲ့ ဖေဖော်ဝါရီလ ၂ ရက်နဲ့ မေလ ၁၂ ရက် ရက်စွဲပါကုသေ ရးဦးစီးဌာနရဲ့ တိရစ္ဆာန်ကျ

ပြောင်းအိတ်များနဲ့ ဖုံးအုပ်သိုဝှက်သယ်ဆောင်လာတဲ့တမလန်းသစ်များနဲ့ မြန်မာကျပ်ငွေများအား ဖမ်းဆီးရမိ

Thu, 08/27/2015 - 16:48 -- journal_editor

      သြဂုတ်လ ၁၄ ရက် ဝရး၅၀ ချိန် မန္တလေးမှ မူဆယ်ဘက်သို့ မောင်းနှင်လာသော ၂၂ ဘီးယာဉ်အား နောင်ချို ယာယီအခြေပြု Mobile Team အဖွဲ့က ရပ်တန့်စစ်ဆေးစဉ် ပြောင်းဖူးစေ့အိတ် များဖုံးအုပ်သိုဝှက် တင်ဆောင်လာ တဲ့ တမလန်းသစ်များကို စစ်ဆေးတွေ့ရှိ ခဲ့ရတယ်လို့ သိရပါတယ်။ ယာဉ်ခေါင်းခန်းကို စစ်ဆေးရာမှာ မြန်မာကျပ်ငွေ သိန်းနှစ်ဆယ့်ရှစ်သောင်းခြောက်ထောင် ကျပ်ကို ထပ်မံတွေ့ရှိရတယ်လို့သတင်းရရှိပါတယ်။

ရေကြီးပြီး လမ်းတံတားများကျိုးပျက်မှုကြောင့် မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးစခန်း ကုန်သွယ်မှုရပ်တန့်

Thu, 08/27/2015 - 16:27 -- journal_editor

       စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့၏ တမူး-ကလေးကားလမ်းပိုင်းသည် ဇူလိုင်လ ၂၈ ရက်နေ့မှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ကာ ချောင်းရေစီးကြမ်းမှုကြောင့် တံတား ၄ စင်းဖြစ်တဲ့ တွီဗန်တံတား၊ ကမ္မကြီးတံတား၊ ကနန်တံတား၊ ခမ်းပတ်တံတားများမှာ ပျက်ဆီးချို့ယွင်းမှုများဖြစ်ပေါ် ပြီး ယာဉ်များသွားလာနိုင်ခြင်းမရှိတဲ့အတွက် ကုန်သွယ်မှုရပ်တန့်သွားတယ်လို့ တမူးနယ်စပ်ကုန်သွယ်ရေးမှ သိရပါတယ်။ ကုန်သွယ်မှုရပ်တန့်မှုကြောင့် မြန်မာ-အိန္ဒိယနယ်စပ်ရှိ နန့်ဖာလုံဈေးကိုလည်း နှစ်ပတ်ကျော်သည်ထိ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း၊ နန့်ဖာလုံဈေးသူဈေးသားများထံမှ စုံစမ်းသိရှိရပါတယ်။ ပြည်တွင်းမှ ပုံမှန်တင်သွင်းလေ့ရှိတဲ့ အစား

ကယ်ဆယ်ရေးကို အကြောင်းပြ၍ အကောက်ခွန်မဲ့ပစ္စည်းများ တင်သွင်းလာသည်ကို စစ်ဆေးတွေ့ရှိ

Thu, 08/27/2015 - 16:12 -- journal_editor

      ရေဘေးကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်လာတဲ့ ယာဉ်ပေါ်မှ အကောက်ခွန်မဲ့တင်ဆောင်လာသော ကားအလှဆင်ပစ္စည်းများကို Mobile Team အဖွဲ့က  စစ်ဆေးတွေ့ရှိခဲ့တဲ့သတင်းကို ဖတ်လိုက်ရတော့ ဖြူစင်တဲ့ ကု သိုလ်အမှုပြုလုပ်တာကို ဘာကြောင့် တရားမဝင်လို့ဘဲပြောပြော မှောင်ခိုလုပ်တယ်ပဲဆိုဆို အနက်ရောင်မဆိုးသင့်ဘူး၊ အဖြူကို အနက်မဆိုးသင့် ပါလို့ တီးတိုးရေရွတ်မိလိုက်ပါတယ်။

ရာသီဥတုကောင်းမွန်လို့ အောင်ပန်းဈေးကွက်သို့ ချင်းအဝင်လှိုင်

Wed, 08/26/2015 - 18:34 -- journal_editor

       ရာသီဥတုက   အနည်းငယ်ပြန်ပြီး ကောင်းမွန်လာတာကြောင့် အောင်ပန်း ဈေးကွက်မှာ သီးနှံတွေလည်း  အဝင်လှိုင်လာပါတယ်။ ချင်းဥမလည်း ပုံမှန်အဝင်ရှိ နေပါတယ်။ ဒီတစ်ပတ်မှာ ပြည်ပဝယ်လက်တွေ  မရှိသေးပါဘူး။ စစ်တွေ၊ တောင် ကုတ်လမ်းကလည်း မကောင်းသေးတာကြောင့် ဝယ်လက်တွေကလည်း သိပ်ပြီး မဝယ်ကြသေးဘူးလို့ သိရပါတယ်။

ဒီတစ်ပတ် မန်ကျည်း ဘင်္ဂလားဒေ့ရှ်ကိုသာ တင်ပို့

Wed, 08/26/2015 - 17:25 -- journal_editor

      သီတင်းတစ်ပတ်ဖြစ်တဲ့ သြဂုတ် လ ၉ ရက်မှ ၁၅ ရက်အတွင်း ပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းမှ မန် ကျည်း ၁၉၄ ဒသမ ၀၄ တန်ကိုတင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကိုသာ တင်ပို့ခဲ့တယ်လို့ သိရပါ တယ်။ ယခင်သီတင်းပတ် မန်ကျည်းတင်ပို့မှုမှာ ၇၅ တန်သာရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်ပို့မှုနဲ့ယှဉ်ရင် ၁၁၉ တန် တင်ပို့မှုပိုခဲ့ပါတယ်။ မန်ကျည်းတင်ပို့မှုမှ ကန်ဒေါ်လာ ၂၄၈၀၀ ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။

 

သီတာဝင်း(DOT)

မုံရွာကုလားပဲဈေးကွက် မျိုးအတွက်ချန်ပြီးမှ ဈေးကွက်ပို့

Wed, 08/26/2015 - 17:10 -- journal_editor

       မုံရွာကုန်စည်ဒိုင် သြဂုတ်လ လလယ်ပဲဈေးကွက်မှာ ကုလားပဲမျိုးစုံ ဝယ်လိုအားဆက်လက်ကောင်းခဲ့ကာ ဈေးအသီးသီးမာလျက်ရှိတာတွေ့ရပါ တယ်။ ရောင်းသူေ ဈးကွက်ဖြစ်နေလို့ ကုလားပဲမျိုးစုံပေါက်ဈေးမှာ ယခုတစ်ပတ် အတွင်း နေ့စဉ်တက်ဈေးဖြစ်ပေါ်ခဲ့ပါတယ်။ ပဲကုန်သည်တွေရဲ့ လက်ထဲ ပဲလက်ကျန်နည်းပါးလာတာနဲ့ အမျှ အမြင့်ဈေးရမှ ထုတ်ရောင်း ကြတာမို့ V2 မှာ ၂၇၅၀၀ ကျပ်မှ ၂၉၅၀၀ ကျပ်နဲ့ ၉၂၉ ကုလားပဲမှာ တစ်တင်း ၂၈၂၀၀ ကျပ် မှ ၃၀၀၀၀ ကျပ်အထိ နေ့စဉ်တက်ေ ဈးဖြစ်ခဲ့ပါတယ်။

ပြည်စားတော်ပဲဈေးကွက် နှစ်စဉ်ဈေးကောင်းရ

Wed, 08/26/2015 - 17:07 -- journal_editor

       ပြည်ပဲဈေးကွက်မှာ လက်ကျန်ပဲသာရှိပြီး လက်လီအရောင်းအဝယ်ဖြစ်တဲ့ ပဲထဲမှာ ဈေးအမြင့်ဆုံးရနေတဲ့ သီးနှံကတော့ စားတော်ပဲသီးနှံဖြစ်ခဲ့ပါတယ်။ အိတ်အနည်းငယ်သာ အရောင်းအဝယ်ဖြစ်ခဲ့လို့ လက်ကျန်ပဲများ ထုတ်ရော င်းချခဲ့ရပြီး တစ်တင်း ၃၅၀၀၀ ကျပ်ဖြင့် ယခင်တစ်ပတ်မှစ၍ ဈေးမြင့်တက်ခဲ့ကာ ယခုတစ်ပတ်မှာလည်း ၎င်းဈေးအတိုင်း ဈေးအမြင့်နဲ့ လက်လီသမားများ ဆက်လက်အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ စားတော်ပဲ သီးနှံဟာ နှစ်စဉ်ေ ဈးကောင်းရတဲ့  ပဲဖြစ်ခဲ့ပြီး ယခင်နှစ် သြဂုတ်လအတွင်းမှာလည်း တစ်တင်း ၂၈၀၀၀ ကျပ်မှ ၃၅၀၀၀ ကျပ်ထိ ဈေးကောင်းရခဲ့တယ်လို့ သိရပါတယ်။

 

ခင်ဆွေဝင်း-ပြည်

ကမ္ဘာ့ဆန်အများဆုံးတင်ပို့သော နိုင်ငံနေရာသို့ ပြန်လည်ရရှိပြီဟု ထိုင်းအစိုးရက အခိုင်အမာ ယုံကြည်

Wed, 08/26/2015 - 17:03 -- journal_editor

      ထိုင်းနိုင်ငံသည် ကမ္ဘာ့ဆန်အများဆုံး ထုတ်လုပ်တင်ပို့တဲ့ ဦးဆောင်နိုင်ငံနေရာကို ပြန်လည်ရရှိလာပြီဟု ထိုင်းအစိုးရက အခိုင်အမာယုံကြည်နေပြီဖြစ်ပါတယ်။ ထိုင်းပြည်ပဆန်တင်ပို့သူများအသင်း (The Thai Rice Exporte -rs Association - TREA) ရဲ့ထုတ်ပြန်ချက်အရ ၂၀၁၅ ခုနှစ် ပထမနှစ်ဝက်ခြောက်လတာကာလမှာ ဘတ် ၇၂ ဘီလီယံကျော်တန်ဖိုးရှိ ဆန်တန်ချိန် ၄ ဒသမ ၄၆ သန်းတင်ပို့နိုင်ခဲ့ပြီး ယှဉ်ပြိုင်ဖက်နိုင်ငံများကို ပမာဏအားဖြင့်ရော တန်ဖိုး အားဖြင့်ပါ ကျော်လွှားနိုင်ခဲ့တယ်လို့ သိရပါတယ်။

Pages

Subscribe to RSS - စီးပွားရေးသတင်း