Main menu

Background

စီးပွားရေးသတင်း

နယ်စပ်မှ ဘိလပ်မြေတင်သွင်းမှု ပြန်လည်ကျဆင်း

Mon, 07/05/2021 - 14:37 -- journal_editor

ယခုတစ်ပတ် ဇွန်   ၁၉ ရက်မှ ၂၅ ရက်အထိ   ကုန်သွယ်ရေးစခန်းများမှ ဘိလပ်မြေတင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၀ သန်းရှိပြီး တန်ချိန် အားဖြင့် ၁၆၀ဝ၀ ကျော် တင်သွင်းခဲ့ကြောင်း သိရှိရသည်။ စခန်းအလိုက်တင်သွင်းမှု အခြေအနေများအား လေ့လာကြည့်ရာတွင် ကော့သောင်းကုန်သွယ်စခန်းမှ အမေ ရိကန်ဒေါ်လာ ဝ ဒသမ ၅၃၈ သန်းရှိပြီး တန်ချိန် ၇၀ဝ၀ ကျော် တင်သွင်းနိုင်ခဲ့ကြောင်း၊ မြိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ  ဝ ဒသမ ၂၄၄ သန်းရှိပြီး တန်ချိန် အားဖြင့် ၃၀ဝ၀ ကျော်  တင်သွင်းနိုင်ခဲ့သည်။ 

နို့ဆီ၊ နို့မှုန့် တင်သွင်းမှု ဆက်လက် ကျဆင်း

Mon, 07/05/2021 - 14:36 -- journal_editor

ဇွန် ၁၉ ရက်မှ ၂၅ ရက်အတွင်း အမေရိကန်ဒေါ်လာ   ဝ ဒသမ ၃၅၂ တန်ဖိုးရှိ နို့ဆီ ၂၆၆တန်အား ပင်လယ် ရေကြောင်း ကုန်သွယ်မှုလမ်းမှ  တင် သွင်းခဲ့သည်။ ယခုတစ်ပတ်တွင် မလေး ရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့မှ တင် သွင်းခဲ့ပြီး တင်သွင်းခဲ့သည့်အမျိုးအစား မှာ ABEVIA GOLD BRAND ဖြစ် ကြောင်း သိရသည်။ ယခင်သီတင်းပတ် တွင် နို့ဆီ ၃၁၈ တန်    တင်သွင်းခဲ့ခြင်း ကြောင့် ယခုတစ်ပတ်  တင်သွင်းမှုနှင့်  နှိုင်းယှဉ်လျှင် ၅၂ တန်  လျော့နည်း တင် သွင်းခဲ့ကြောင်း သိရသည်။ပင်လယ်ရေကြောင်းကုန်သွယ်မှု မှ ဇွန် ၁၉ ရက်မှ ၂၅ရက်အတွင်း  အမေ ရိကန်ဒေါ်လာ ဝ ဒသမ ဝ၂၅တန်ဖိုးရှိ နို့မှုန့် ၂၅တန်အား တင်သွင်းခဲ့သည်။  ဂျာမနီနိုင်ငံမှသာ တင်သွင်းခဲ့ခြင်းဖြ

အမေရိကန်သို့ လက်ဖက်အစို ရှစ်တန် တင်ပို့ရန် ဈေးနှုန်းညှိနှိုင်းနေ

Mon, 07/05/2021 - 14:24 -- journal_editor

 ယခု ဇူလိုင်လအတွင်း   အမေရိကန်နိုင်ငံ သို့ လက်ဖက်အစို ရှစ်တန် တင်ပို့ရန် ဈေးနှုန်းညှိ နှိုင်းတွက်ချက်မှုများ ပြုလုပ်နေကြောင်း မြန်မာ နိုင်ငံလက်ဖက်အသင်းမှ သိရသည်။''ကျွန်တော်တို့ ဆီက လက်ဖက်စိုကို အရ သာ နှပ်ထားပြီးသားမဟုတ်ဘဲ  ကုန်ကြမ်းချည်းပဲ စားလို့ရတဲ့လက်ဖက် ရှစ်တန်လောက် ပို့ဖို့ရှိ တယ်။  လောလောဆယ်မှာ   ဈေးနှုန်းညှိနှိုင်းနေတဲ့ အခြေအနေကို ရောက်နေပါပြီ။   Pre Order    တော့မရသေးဘူး။ ညှိနှိုင်းနေဆဲပါပဲ''ဟု ယင်း အသင်း      ဒုတိယဥက္ကဋ္ဌ ဦးမျိုးဝင်းအောင်က ဇူလိုင် ၁ ရက်တွင် ပြောသည်။လက်ရှိ လက်ဖက်အစိုဈေးနှုန်းမှာ သယ် ယူပို့ဆောင်စရိတ်    မြင့်တက်လာခြင်းနှင့်အတူ အထွေထွေကုန်ကျစရိတ်  များပြားလာခြင်းတို့

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဟဲဟိုးမှ အာလူး၀င်ရောက်

Fri, 07/02/2021 - 14:00 -- journal_editor

ဘုရင့်နောင်ကုန်စည်ဒိုင်သို့   ရှမ်းပြည်နယ် ဟဲဟိုးမြို့မှ အာလူးများ ဝင်ရောက်လျက်ရှိပြီး ဇွန် ၁၇ ရက် ဟဲဟိုးမြို့မှ ဝင်ရောက်လာသော အာလူးတစ်ပိဿာ  ဈေးနှုန်းများမှာ  အာလူး A1 ကျပ် ၄၀ဝ၊ အာလူးOK  ကျပ် ၆၅၀၊ အာလူး  S1 ကျပ် ၆၅၀ ၊ အာလူး S2 ကျပ် ၅၅၀ ဈေး နှုန်းအသီးသီးဖြစ်သည်ရန်ကုန်မြို့ဒေသအတွင်း လက်လီပြန်လည်ရောင်းချသူများနှင့် အာလူးကြော်လုပ်ငန်းရှင်များက ဝယ်ယူခဲ့ကြ ကြောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဇွန် ၁၇ ရက် အာလူးဝင်ရောက်မှုမှာ  တစ်နေ့လျှင် ပျမ်းမျှကား အစီးအရေအတွက် ၁၃  စီးခန့်နှင့် တစ်နေ့လျှင် ပျမ်းမျှ ပိဿာချိန် ၇၈၀ဝ၀ ဝင်ရောက်ခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် မတ်ပဲဈေး အနည်းငယ်တက်လာ

Fri, 07/02/2021 - 13:55 -- journal_editor

ဧရာဝတီတိုင်ဒေသကြီးတွင် မတ်ပဲဈေးနှုန်းများမှာ ယခင်သီတင်း ပတ်ကာလနှင့် နှိုင်းယှဉ်လျှင် အနည်းငယ်တက် လာကြောင်း တွေ့ရသည်။ ဇွန် ၉ ရက်တွင်  တစ်တင်းလျှင် ကျပ် ၃၅၈၀ဝ၊ ၁၀ ရက်နှင့် ၁၁ ရက်တွင် ကျပ် ၃၆၃၀ဝ၊  ၁၂ ရက်တွင် ကျပ် ၃၆၆၀ဝ၊ ၁၃ ရက်နေ့တွင် ကျပ် ၃၆၈၀ဝ၊ ၁၄ ရက်တွင် ကျပ် ၃၆၈၅၀၊ ၁၅ ရက်တွင် ကျပ် ၃၇၀ဝ၀ နှင့် ၁၆ ရက်တွင် ကျပ် ၃၇၁၇၀ စသည်ဖြင့် အသီးသီးဖြစ်သည်။အိန္ဒိယနိုင်ငံ၏ ပြည်တွင်းပဲလိုအပ်ချက် မြင့်မားလာ ခြင်းနှင့် ပဲတင်သွင်းခွင့်မူဝါဒ အပြောင်းအလဲများကြောင့် မတ်ပဲဝယ်လိုအား မြင့်တက်လာသည်။ ယခင်သီတင်းပတ် ကာလတွင် မတ်ပဲဈေး အကျဘက်တွင် ရှိခဲ့သော်လည်း မတ်ပဲ သည် ပြည်တွင်းလက်ကျန်နည်းပါးလာခြင်း၊ ပြည်ပ ဝယ်လို အား တိုးလာ

မိုင်းယောင်းမြို့တွင် ရော်ဘာအစေးခြစ်လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် ဝင်ငွေတိုး

Fri, 07/02/2021 - 13:47 -- journal_editor

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်၏ ဒေသခံအများစုသည် ရာသီ သီးနှံအလိုက် စိုက်ပျိုး ရေး အဆင်ပြေသောကြောင့်  လယ်ယာနှင့်ရော်ဘာစိုက်ပျိုးခြင်းကို အဓိကထားလုပ်ကိုင်ကြသည်။၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မိုင်းယောင်းမြို့၌ ရော်ဘာစိုက်ဧက  ၁၇၈၆၇ ခန့်ရှိပြီး ရိတ်ဧက ၅၂၀၄ တွင် အစေးခြစ်ရာ ၂၇၃၀၅၅၆ ပေါင် ထွက်ရှိကြောင်း သိရှိရသည်။နှစ်စဉ် ဧပြီလတတိယပတ်မှ နိုဝင်ဘာလကုန်အထိ ရော်ဘာအစေးခြစ်ခြင်းကို လုပ်ကိုင်ပြီး ကျန်လေးလအတွင်း နှစ်ရှည် ပင်များဖြစ်သည့်အလျောက် ပေါင်းရှင်းပေးခြင်းနှင့် သဘာဝမြေသြဇာ (နွားချေး၊ဝက်ချေး)စသည်များ   ထည့်ပေးခြင်းတို့ကို လုပ်ဆောင်ပေးရသည်။ ရော်ဘာစေးကို တစ်ကီလိုလျှင် ကျပ် ၇၀ဝ

စံပြ ကြက်မောက်သီး စိုက်ပျိုးရေးဥယျာဉ်ခြံသို့ ကွင်းဆင်းလေ့လာ

Thu, 06/10/2021 - 15:33 -- journal_editor

သထုံခရိုင်အတွင်း လယ်ယာမြေစီမံခန့်ခွဲမှု ဦးစီးဌာန၏စာရင်းများအရ ကြက်မောက်သီး စိုက် ဧက ၄၃၇ ဧက၊ အထွက်နှုန်းမှာ ၈၉၀ဝ၀ ပိဿာခန့် ရှိကြောင်းသိရသည်။ အဆိုပါ စိုက်ဧကများအနက် မှ သထုံခရိုင် သထုံမြို့ ဈေးမသွယ်ကျေးရွာရှိ  စံပြ  ကြက်မောက်သီး စိုက်ပျိုးရေး ဥယျာဉ်ခြံသို့ သထုံ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည်  ဧပြီ ၃ ရက် တွင် ကွင်းဆင်းလေ့လာခြင်း    ဆောင်ရွက်ခဲ့ရာ ကြက်မောက်သီးဒေသမျိုး နှစ်ဧကခန့် စိုက်ပျိုးထား ရှိပြီး အပင်သက်တမ်း ၁၁ နှစ်ခန့်ရှိကြောင်း သိရ သည်။   ကြက်မောက်သီးပင်များအား   သဘာဝ ဓာတ်မြေသြဇာများ ဖော်စပ်၍ စနစ်တကျ စိုက် ပျိုးထားပြီး အရည်အသွေးကောင်းသော  ကြက် မောက်သီးများ   သီးပွင့်ရင့်မှည့်၍  ဒေသတွင

အညာဒေသ ယဉ်ကျေးမှု အထင်ကရ ထုတ်ကုန်

Thu, 06/10/2021 - 15:31 -- journal_editor

အညာဟုဆိုသည်နှင့် ပုဂံညောင်ဦးဒေသကို လူတိုင်း ပြေးမြင်မိကြမည်ထင်ပါသည်။ စေတီပုထိုး များနှင့် ပထမမြန်မာနိုင်ငံတော်ကြီးတွင်   ယဉ် ကျေးမှု ကုန်စည်အဖြစ်   ပုန်းရည်ကြီးလုပ်ငန်းနှင့် ယွန်းထည်လုပ်ငန်းတို့ကို အထင်ရှားဆုံးတွေ့ရမည် ဖြစ်သည်။  ပုဂံညောင်ဦးဒေသတွင် ပုန်းရည်ကြီး လုပ်ငန်းသည် ရှေးမူမပျက်    မိရိုးဖလာလုပ်ငန်း တစ်ခုပင် ဖြစ်သည်။  ဘုရားဖူးအပြန်လက်ဆောင် အဖြစ်လည်းကောင်း၊ အသင့်သုံးစားသောက်ကုန် တစ်ခုအဖြစ်လည်းကောင်း၊   ရောင်းဝယ်ဖောက် ကား လျက်ရှိသော  ပုန်းရည်ကြီးသည် အရသာရှိ သော အိမ်ရှင်မတို့ လက်စွဲဒေသထွက်ကုန်တစ်ခုပင် ဖြစ်သည်။

ပြည်ဈေးကွက်တွင် နှမ်းနီ အရောင်းအဝယ်ဖြစ်

Thu, 06/10/2021 - 15:29 -- journal_editor

ပဲခူးတိုင်းဒေသကြီး  ပြည်ဈေးကွက်တွင် ယခုတစ်ပတ် နှမ်းနီသာ ဆီစက်လုပ်ငန်းရှင်နှင့် အောင်လံ ဝယ်လက် များကြောင့် အရောင်းအဝယ်ဖြစ်ပြီး နှမ်းနက်မှာ အရောင်းအဝယ် နည်းပါးနေသည်။လတ်တလောကာလတွင် နှမ်းအဝင်မရှိဘဲ ယခင်လှောင်ထားသည့်နှမ်းများကို ပွဲရုံများမှထုတ်၍ ရောင်းချနေ သဖြင့် တစ်ရက်လျှင် နှမ်း ၄၅ ပိဿာဝင် အိတ် ၁၄၀-၁၅၀ ထိ အရောင်းအဝယ်ဖြစ်နေသည်။  ဇွန်လဆန်းတွင် နှမ်း ဈေးများမှာ နှမ်းနီ သုံးတင်းတစ်အိတ်လျှင် ကျပ်တစ်သိန်း၊ နှမ်းနက် သုံးတင်း တစ်အိတ်လျှင် ကျပ်တစ်သိန်းနှင့် စမုံနက်နှမ်း သုံးတင်းတစ်အိတ်လျှင် ကျပ် ၁၁၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။    

ဝေဝေမင်း(ပြည်)

အရာတော်မြို့နယ် သနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းနှင့် တွေ့ဆုံ

Thu, 06/10/2021 - 15:21 -- journal_editor

စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  လုပ်ငန်းတာဝန် တစ်ရပ်ဖြစ်သော ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်း များ ဆောင်ရွက်ရန်အတွက်     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာန၊   ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ မုံရွာခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည်  ဇွန် ၃ ရက်တွင် အရာတော် မြို့နယ်   သနပ်ခါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းနှင့် အရာတော်မြို့နယ် တာဝန်ခံရုံး၌ တွေ့ဆုံခဲ့သည်။

Pages

Subscribe to RSS - စီးပွားရေးသတင်း