စက်သုံးဆီ(ဓာတ်ဆီ၊ ဒီဇယ်ဆီ) ပြည်တွင်းဈေးနှုန်းနှင့်ကမ္ဘာ့ဈေးကွက်အခြေအနေသုံးသပ်တင်ပြခြင်း
ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် ၂၀၂၃ ခုနှစ် မေ ၁၅ ရက်တွင်Global Petrol Price Website ၌ ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၁၉ နိုင်ငံအနက် ဇင်ဘာဘွေနိုင်ငံသည် ယခုတစ် ပတ်တွင် ၁၅ ဒသမ ၁၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံး နိုင်ငံဖြစ်ခဲ့ပြီး ဆွာဇီလန်နိုင်ငံတွင် ၆ ဒသမ ၇၀ ရာခိုင်နှုန်း၊Seychelles နိုင်ငံတွင် ၅ ဒသမ ၄၀ ရာခိုင်နှုန်းနှင့် Curacao နိုင်ငံတွင် ၅ ဒသမ ၁၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့ သည့် နိုင်ငံပေါင်း ၁၇ နိုင်ငံရှိကြောင်း တွေ့ရှိရသည်။










