ပို့ကုန်အလားအလာ ကျဆင်းမှုကြောင့် မလေးရှားစားအုန်းဆီဈေးနှုန်း ပြန်လည်ကျဆင်း
စားအုန်းဆီဈေးနှုန်းများက သုံးရက်ဆက်တိုက် မြင့်တက်ခဲ့ရာမှ ပို့ကုန်အလားအလာ ကျဆင်းမှုနှင့် ဈေးရနေချိန်ကို အခွင့်ကောင်းယူကာ ပြန်လည်ရောင်းချလာသဖြင့် မလေးရှားစားအုန်းဆီ ကြိုရောင်းဈေးက စက်တင်ဘာ ၂၁ ရက် မှာ ပထမအကြိမ်အဖြစ် ပြန်လည်ကျဆင်းခဲ့ကြောင်း စတားအွန်လိုင်းသတင်းတွင် ဖော်ပြသည်။ ဘာဆာမလေးရှား ကုန် စည်ဒိုင်(Bursa Malaysia Derivatives Exchange)၌ ဒီဇင်ဘာအတွက် စားအုန်းဆီ အခြေခံစံထားဈေးနှုန်းက စက်တင်ဘာ ၂၁ရက် ဈေးပိတ်ချိန် တွင် တစ်တန်ကို ၂၆၇၅ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၆၄၇)နှုန်းရှိခဲ့ရာ သုည ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။









