ပဲပုပ်ဆီဈေး ကျဆင်းမှုနှင့်အတူ စားအုန်းဆီဈေးလည်းရက်သတ္တသုံးပတ်အတွင်း အနိမ့်ဆုံးသို့ လိုက်ပါကျဆင်း
အေမေရိကန်နိုင်ငံ ချီကာဂို ကုန်သွယ်ရေးဘုတ်အဖွဲ့ နှင့် တရုတ်နိုင်ငံဒါလီယံဈေးကွက်တွင် ပဲပုပ်ဆီဈေးကျဆင်း မှုကြောင့် မလေးရှားစားအုန်းဆီဈေးလည်း မေ ၂၄ ရက်က တစ်ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ရာ ရက်သတ္တသုံး ပတ်အတွင်း အနိမ့်ဆုံးနှုန်းသို့ ရောက်ရှိခဲ့ကြောင်း မလေးရှားစတားအွန် လိုင်းသတင်းတွင် ဖော်ပြသည်။ ဘာဆာမလေးရှား ကုန်စည်ဒိုင် (Bursa Malaysia Derivatives Exchange) တွင် သြဂုတ်အတွက် စာချုပ်ချုပ်ဆို သော အခြေခံစံထားဈေးးနှုန်းမှာ မေ ၂၄ ရက်ဈေးပိတ်ချိန်တွင် ၁ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို ၂၅၈၁ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၆၀ ၁ ဒသမ ၄၉ ) နှုန်းသို့ ရောက်ရှိကာ ဒုတိယမြောက်နေ့အဖြစ် ဆက်တိုက် ကျဆင်းခဲ့ခြ










