ရင်းဂစ်ငွေကြေးခိုင်မာမှုကြောင့် မလေးရှားစားအုန်းဆီဈေးများ ကျဆင်း
စားအုန်းဆီကုန်သွယ်မှုပြုရာတွင်အသုံးပြုသည့် ရင်းဂစ် ငွေကြေးခိုင်မာနေမှုကြောင့် မလေးရှားစားအုန်းဆီ ဈေးနှုန်း များသည် ဒီဇင်ဘာ ၂၀ ရက်အထိ ဈေးကျဆင်းလျက်ရှိ ကြောင်း စတားအွန်လိုင်းသတင်းတွင် ဖော်ပြ ထားသည်။ ရင်းဂစ်ငွေကြေးခိုင်မာမှုသည် အမေရိကန်ဒေါ်လာကို ကိုင်ဆောင်၍ ဝယ်ရောင်းပြုလုပ်သူများအတွက် စားအုန်းဆီ ဈေးနှုန်းမြင့်တက်မှုကို ဖြစ်ပေါ်စေခဲ့သည်။ ဒီဇင်ဘာ ၂၀ ရက် ဈေးကွက်ပိတ်ချိန်တွင် သုည ဒသမ ၂ ရာခိုင်နှုန်းမြင့် တက်ပြီး အမေရိကန်တစ်ဒေါ်လာလျှင် ၄ ဒသမ ၀၇၁၀ ရင်းဂစ်နှုန်းရှိခဲ့သည်။ ယင်းပမာဏသည် ၁၄ လအတွင်း အမြင့်ဆုံးဖြစ်ခဲ့သည်။










