မလေးရှားစားအုန်းဆီဈေးနှုန်းများ ခြောက်လတာအတွင်း အမြင့်ဆုံးဈေးသို့ ရောက်ရှိ
မလေးရှားစားအုန်းဆီဈေးများသည် ခြောက်လတာ အတွင်း အမြင့်ဆုံးဈေးသို့ ရောက်ရှိခဲ့ကြောင်း စတားအွန် လိုင်းသတင်းတွင် ဖော်ပြထားသည်။ မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးများသည် ခြောက်လ အတွင်း သုံးကြိမ် မြောက်အဖြစ် ဆက်တိုက်ဈေးမြင့်တက်လာခြင်းဖြစ်သည်။ဘာဆာမလေးရှားကုန်စည်ဒိုင်တွင် နိုဝင်ဘာလအတွက် စာချုပ်ချုပ်ဆိုဝယ်ယူခဲ့သည့် စားအုန်းဆီစံထားဈေးနှုန်း များမှာ ၁ ဒသမ ၅၆ ရာခိုင်နှုန်းမြင့်တ က်ခဲ့ပြီး ၂၈၇၃ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၆၈၅ ဒသမ ၆၈)ရှိခဲ့သည်။စားအုန်းဆီအရောင်းအဝယ်ဖြစ်မှု ပမာဏမှာ ၂၅ တန်ရှိ အတွဲပေါင်း ၅၇၆၀၀ ရှိခဲ့သည်။ဘာဆာမလေးရှားကုန်စည် ဒိုင်တွင် အစောပိုင်းကာလများက စာချုပ်ချုပ်ဆိုခဲ့သည့် ဈေးနှုန်










