အင်ဒိုနီးရှားနိုင်ငံက လာမယ့်နှစ်အထွက်နှုန်းကို လျှော့ချခန့်မှန်းမှုကြောင့် စားအုန်းဆီဈေးမြင့်တက်
အရွယ်ရောက်ပြီးဖြစ်တဲ့ စားအုန်းဆီပင်တွေရဲ့ အထွက်နှုန်းမြင့်တက်ခဲ့ပေမယ့် အယ်နီညို ခြောက်သွေ့ရာသီဥတုပုံစံကြောင့် အထွက်နှုန်းတွေ ပြန်ကျဆင်းမယ့်လက္ခဏာတွေရှိနေပါတယ်။ ဒါကြောင့် ကမ္ဘာမှာ စားအုန်း ဆီ အများဆုံးထုတ်လုပ် နေတဲ့ အင်ဒိုနီးရှားနိုင်ငံက လာမယ့်နှစ်မှာ စားအုန်းဆီအထွက် နှုန်းကျဆင်းမယ်လို့ ခန့်မှန်းခဲ့တဲ့အတွက် မလေးရှားစားအုန်း ဆီကြိုရောင်းကြိုဝယ်ဈေးက အောက်တိုဘာ ၂၁ ရက်နေ့မှာ သီတင်းနှစ်ပတ် အတွင်း အမြင့်ဆုံးနှုန်းကိုရောက်ရှိခဲ့ကြောင်း dawn ဝက်ဘ်ဆိုဒ်သတင်းမှာဖော်ပြပါတယ်။ ဘာဆာမလေးရှား ကုန်စည်ဒိုင် (Barsa Malaysia Derivatives Exchange) မှာ ဒီဇင်ဘာလအတွက် စား အုန်းဆီရဲ့ အခြေခံစံထားေ ဈးနှုန





