Main menu

Background

ဆီထွက်သီးနှံ

ဗြိတိသျှဆန္ဒခံယူပွဲအပြီး ရင်းဂစ်တန်ဖိုးမြင့်တက်လာမယ်လို့ ခန့်မှန်းကြတဲ့အတွက် စားအုန်းဆီဈေးငြိမ်နေ

Tue, 06/28/2016 - 14:48 -- journal_editor

         ဇွန် ၂၃ ရက်ညနေပိုင်းမှာ မလေးရှားစားအုန်းဆီကြို ရောင်းကြိုဝယ်ဈေးက ငြိမ်ပါတယ်။ ဥရောပသမဂ္ဂ (အီးယူ) မှာ ဗြိတိန်နိုင်ငံဆက်နေမယ်ဆိုရင် ရင်းဂစ်တန်ဖိုး မြင့်တက် လာနိုင်မယ်လို့ ခန့်မှန်းကြတဲ့အတွက် တချို့ ကုန် သည်တွေက စားအုန်းဆီကိုဝယ်ယူလာကြပါတယ်။ ဒါကြောင့် စောစောပိုင်းဖြစ်ပေါ်ခဲ့တဲ့ စားအုန်းဆီ ဈေးနှုန်းကျဆင်းမှုတွေ ရပ်တန့်ခဲ့ပါတယ်။ ဇွန် ၂၃ ရက်က ကျင်းပခဲ့တဲ့ဆန္ဒခံယူပွဲမှာ အီးယူကနေနုတ်ထွက်ဖို့ ဗြိတိန်နိုင်ငံ မဲပေး ခဲ့ရင် စီးပွားရေးအရ  ဂယက်ရိုက်ခတ်မှုတွေ အတွက် စိုးရိမ်မှုတွေရှိခဲ့ပါတယ်။  ဒါကြောင့် ကမ္ဘာ့ဈေးကွက် မငြိမ် မသက်မှုတွေက ရင်းဂစ်ငွေကြေးအပါအဝင် ထွန်းသစ်စဈေး ကွက်ငွေကြေးတွေကို ဂယက်ရိုက်ခတ်

မလေးရှားနိုင်ငံက စားအုန်းဆီကြမ်း ပို့ကုန်ခွန်တိုးမြှင့်မှုကြောင့် လေးလခွဲအတွင်း စားအုန်းဆီဈေးနှုန်း အနိမ့်ဆုံးနှုန်းသို့ ရောက်ရှိ

Tue, 06/21/2016 - 15:01 -- journal_editor

          အခြားဟင်းရွက်ဆီဈေးနှုန်းများ ကျဆင်းမှုနဲ့ စားအုန်း ဆီကြမ်းပို့ကုန်ခွန် တိုးမြှင့်မှုတို့ကြောင့် မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးက ဇွန် ၁၅ ရက်မှာ ရှစ်ရက်မြောက် နေ့အဖြစ် ဆက်တိုက်ကျဆင်းခဲ့ကြောင်း ဘီ ရီကော်ဒါသတင်း မှာ ဖော်ပြပါတယ်။ လက်ရှိစားအုန်းဆီဈေးက လေးလခွဲ အတွင်း အနိမ့်ဆုံးဈေးနှုန်းဖြစ်ပါတယ်။ ဘာဆာမလေးရှား ကုန်စည်ဒိုင်  (Bursa Malaysia  Derivatives Exchange) မှာ သြဂုတ်အတွက်  စားအုန်းဆီ ကြိုရောင်ဈေးရဲ့အခြေခံစံထားဈေးနှုန်းက သုည ဒသမ ၅ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို ၂၄၆၈ ရင်းဂစ် (အမေ ရိကန် ဒေါ်လာ ၆၀၂) နှုန်းရှိခဲ့ပါတယ်။ စောစောပိုင်းကမူ အနိမ့်ဆုံးဈေးအဖြစ် တစ်တန်ကို ၂၄၃၇ ရင်းဂစ်

ရက်သတ္တသုံးပတ်အတွင်း ရင်းဂစ်တန်ဖိုး အမြင့်ဆုံး ရောက်ရှိတဲ့အတွက် မလေးရှားစားအုန်းဆီဈေးဆက်လက်ကျဆင်း

Tue, 06/14/2016 - 14:26 -- journal_editor

          မလေးရှား ရင်းဂစ်ငွေကြေးတန်ဖိုးက  အမေရိကန် ဒေါ်လာနဲ့ဖလှယ်ရာမှာ ရက်သတ္တသုံးပတ်အတွင်း အမြင့်ဆုံး နှုန်းအဖြစ် ဆက်လက်တည်ရှိနေတဲ့အတွက် မလေးရှား စားအုန်းဆီကြိုရောင်းဈေးက ဇွန် ၈ ရက်မှာ ထပ်မံ ကျဆင်းပြီး ရက်သတ္တနှစ်ပတ်အတွင်းအနိမ့်ဆုံးနှုန်းဖြစ်ခဲ့ကြောင်း ဘီရီ ကော်ဒါ သတင်းမှာ ဖော်ပြထားပါတယ်။ ဘာဆာမလေးရှားဆင့်ပွားစာချုပ် စာတမ်းများရောင်း ဝယ်ရေးဒိုင် (Bursa Malaysia Derivatives Exchange) မှာ သြဂုတ်အတွက် စားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးက ဇွန် ၈ ရက် ဈေးပိတ်ချိန်မှာ သုည ဒသမ ၄ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို ၂၅၈၉ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၆၃၇) နှုန်းရှိခဲ့ပါတယ်။ စားအုန်းဆီဈေးက တတိယမြော က်နေ့အဖြစ် ဆက

ဇီဝဒီဇယ်အသုံးပြုမှုကို မြှင့်တင်မယ့် အစီအစဉ်ကြောင့် ရက်သတ္တသုံးပတ်အတွင်း စားအုန်းဆီဈေး အမြင့်ဆုံးဈေးအဖြစ် မြင့်တက်

Tue, 06/07/2016 - 14:24 -- journal_editor

          မလေးရှားနိုင်ငံမှာ ဇီဝလောင် စာဆီကို အသုံးပြုဖို့သတ်မှတ်ချက်မြှင့် တင်မယ်လို့  ကြေညာချက်ထုတ်ပြန်ခဲ့ပါ တယ်။ ဒီကြေညာချက်ကြောင့် ရင်းနှီး မြှုပ်နံှသူတွေက စားအုန်းဆီဈေးမြင့် တက်လာမယ်လို့ ယုံကြည်မှုရှိေ နချိန်မှာ ရင်းဂစ်တန်ဖိုးကလည်း ကျဆင်းလာ တဲ့အတွက် မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးက ဇွန် ၁ ရက် နေ့မှာ ရက်သတ္တပတ်သုံးပတ်အတွင်း အမြင့်ဆုံးနှုန်းကို ရောက်ရှိခဲ့ပါတယ်။ ဘာဆာမလေး ရှား ကုန်စည်ဒိုင်   (Bursa Mala ysia  Derivatives Ex- change) မှာ သြဂုတ်အတွက် ကြိုတင် ချုပ်ဆိုတဲ့ စာချုပ်ဈေးက သုည ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ပြီး မွန်းတည့် ချိန်မှာ တစ်တန်ကို ၂၆၃၀   ရင်းဂစ် (အမေရိကန်ဒေါ်လာ ၆၃၇)

အထွက်နှုန်းမြင့်မားမှုကြောင့် မလေးရှားစားအုန်းဆီဈေးနှုန်းကျဆင်း

Thu, 05/26/2016 - 11:50 -- journal_editor

မလေးရှားစားအုန်းဆီအထွက်နှုန်းနဲ့ ရောင်းချမှုကိန်း ဂဏန်းများ မြင့်တက်လာလိမ့်မယ်ဆိုတဲ့ ခန့်မှန်းချက်များက စားအုန်းဆီဈေးကွက်ကို နိမ့်ကျသွားအောင်ဆွဲချခဲ့တဲ့အတွက် မလေးရှားစားအုန်းဆီကြိုရောင်းဈေး ရဲ့အခြေခံစံထားဈေး နှုန်းများမှာ မေ ၁၈ ရက်က ရက်သတ္တပတ်နှစ်ပတ်အတွင်း အနိမ့်ဆုံးနှုန်းသို့ကျဆင်းခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော် ပြပါတယ်။ဘာဆာမလေးရှား ကုန်စည်ဒိုင်(Bursa Malaysia Derivatives Exchange)မှာ သြဂုတ်လအတွက်ချုပ်ဆိုတဲ့ မလေးရှားစားအုန်းဆီဈေးက မေ ၁၈ ရက်က ဈေးပိတ်ချိန်မှာ ၁ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းပြီးတစ်တန်ကို ၂၅၆၁ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၆၃၃) နှုန်းအထိ ရောက်ရှိ ခဲ့ပါတယ်။ စောစောပိုင်းကမူ စားအုန်းဆီတစ်တ

မုံရွာဆီထွက်သီးနှံ ဈေးကွက် မြေပဲဈေးမာ နှမ်းဈေးအေး

Thu, 05/26/2016 - 11:48 -- journal_editor

မေတတိယပတ် မုံရွာကုန်စည်ဒိုင် ဆီထွက်သီးနှံဈေးကွက်မှာ မြေပဲဆန်ကို မြောင်၊ ချောင်းဦး၊ ဘုတလင်၊ အရာတော်နဲ့ချင်းတွင်းမြစ် အနောက် ဘက်ဒေသတွေ က နယ်စုံအဝင်သွက်လာခဲ့သလို ဝယ်လက်လည်း  စုံတဲ့အတွက် အရောင်းအဝယ် သွက်ကာ ဈေးမာလျက်ရှိပါတယ်။ ယခုတစ်ပတ်မှာ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ကျပ် ၂၆၇၅၊ လုံးဆန်နီတစ်ပိသာ ကျပ် ၂၅၅၀ နဲ့ ဆီဆန် တစ်ပိသာ ကျပ် ၂၁၀၀ အသီးသီးပေါက်ဈေးမာနေပြီး၊ မြေပဲဆန်ဖြူနဲ့ အနီ နှစ်မျိုးပေါင်း တစ်ရက် ပိဿသာ တစ်သောင်းဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။နှမ်းမျိုးစုံဈေးကွက်မှာတော့ ယခုတစ်ပတ်မှာ ပို့ကုန်အတွက် အဝယ်ပါးသလို ဆီစက်သမားတွေ ကုန်ချောအရောင်းထိုင်း လို့ကုန်ကြမ်း အဝယ်ပါးခဲ့တဲ့အတွက် ကျဈေးဖြစ်ပေါ

မလေးရှားနိုင်ငံသုံးငွေကြေး ရင်းဂစ်ခိုင်မာမှုကြောင့် စားအုန်းဆီဈေးနှုန်းကျဆင်း

Thu, 04/07/2016 - 11:58 -- journal_editor

             မလေးရှားနိုင်ငံသုံး ငွေကြေးရင်းဂစ်ခိုင်မာမှုကြောင့် ဈေးနှုန်းများ ကျဆင်းတဲ့အတွက် ရက်ပေါင်းများစွာ မြင့်တက်လာခဲ့တဲ့ စားအုန်းဆီကြိုရောင်းဈေးကလည်း မတ် ၃၀ ရက် မှာ ပထမဆုံးအကြိမ်အဖြစ် ကျဆင်းခဲ့ပါတ ယ်။ စားအုန်းဆီဈေးနှုန်းက နှစ်စမှ မတ်လအထိ  ကာလအတွင်း ၈  ရာခိုင်နှုန်းကျော် တိုးတက်ခဲ့ပြီး မတ် ၂၉ ရက်မှာ တစ်တန်ကို ၂၇၉၃ ရင်းဂစ်အထိရောက်ရှိခဲ့ရာ နှစ်နှစ်အတွင်း အမြင့်ဆုံးနှုန်းဖြစ်ခဲ့ပါတယ်။ အခြားဟင်းရွက် ဆီဈေးနှုန်းများ မြင့်တက်မှုနဲ့အတူအယ်လ်နီညိုရာသီဥတုပုံစံကြောင့်  အထွက် နှုန်း ကျဆင်းနိုင်တယ်ဆိုတဲ့    စိုးရိမ်မှုတွေကြောင့်လည်း စားအုန်းဆီဈေးနှုန်းကို မြင့်တက်စေခဲ့တာ ဖြစ်ပါတယ်။

မုံရွာကုန်စည်ဒိုင် ဆီထွက်သီးနှံဈေးကွက် မြေပဲအဝင်သွက်

Fri, 01/15/2016 - 12:47 -- journal_editor

မုံရွာကုန်စည်ဒိုင် ဆီထွက်သီးနှံဈေးကွက်မှာ  နယ်စုံက မြေပဲနဲ့ နှမ်း ရောင် စုံ ဒိုင်အဝင်သွက်လာခဲ့ပြီး နှမ်းဈေးအေးကာ မြေပဲဈေးမာလာတယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါတယ်။ ဇန်နဝါရီ  ပထမပတ်နှမ်းမျိုးစုံဈေးကွက်မှာ နှမ်းညို ဟာတစ်တင်း  ၂၆၀၀၀ ကျပ်၊ နှမ်းဝါ တစ်တင်း ၂၆၀၀၀ ကျပ်၊ နှမ်းဖြူ တစ်တင်း ၂၇၀၀၀ ကျပ်-၂၉၀၀၀ ကျပ်နဲ့  နှမ်းနက်တစ်တင်း ၄၅၀၀၀ ကျပ် အထိ အသီးသီးဈေးအေးသွားတာ တွေ့ရပါတယ်။ နှမ်းဖြူအနေနဲ့ ဒိုင်မှာ ဝင်သ မျှနှမ်းဖြူသန့်သန့်ထက်  ဖြူကြားကများခဲ့ပြီးအရောင်ပေါ်မူတည် ဈေးပေးဝယ်ယူတယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။မြေပဲဆန်ဈေးကွက်မှာတော့ မြောင်နယ်နဲ့ ချောင်းဦးနယ်က ပဲအရည် အသွေးကောင်းလို့ လုံးဆန် တစ်ပိဿာ ၂၅၀၀ ကျပ်မှ ၂၆၀

ဆီထွက်သီးနှံဈေးကွက်ထဲမှာ ဘုတလင်နေကြာဆီ ဈေးမြောက်လာ

Fri, 11/13/2015 - 16:43 -- journal_editor

မုံရွာကုန်စည်ဒိုင်ဆီဈေးကွက်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းက တစ် ပိဿာ ၄၇၀၀ ကျပ်အထိ ဈေးအမြင့်ဆုံး ဖြစ်ခဲ့ရာက   ဒိုင်မှာမြေပဲဆန် လှိုင်လှိုင် ဝင်ခဲ့လို့ ပဲဆီဈေးလည်း တဖြည်းဖြည်း ကျဆင်းလာခဲ့ရာ နိုဝင်ဘာ ပထမပတ် ထဲ တစ်ပိဿာ ၄၄၀၀ ကျပ်အထိ ဖြစ်ပေါ်ခဲ့ပါတယ်။ နယ်အသီးသီးမှာ  နှမ်းအထွက် ပုံမှန်သာရှိပြီး   ဒိုင်ကို ပုံမှန်အဝင်ရှိတဲ့ နှမ်းဈေးတည်ငြိမ်မှုကြောင့် နှမ်းဆီက လည်း တစ်ပိဿာ ၃၉၀၀ ကျပ်မှာ ဈေး တန့်နေတာ တွေ့ရပါတယ်။ ဒိုင်ပြင်ပ လက်လီဈေးကွက်မှာတော့   ပဲဆီသန့် တစ်ပိဿာ ၆၅၀၀ ကျပ်မှ ၇၀၀၀ ကျပ် နဲ့ နှမ်းဆီသန့် တစ်ပိဿာ ၅၀၀၀ ကျပ်မှ ၅၅၀၀ ကျပ်ကြား ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။နေကြာဆီ ကတော့    မနှစ်က ဆီထွက်သီးနှံပေါ်ချိန

အင်ဒိုနီးရှားနိုင်ငံက လာမယ့်နှစ်အထွက်နှုန်းကို လျှော့ချခန့်မှန်းမှုကြောင့် စားအုန်းဆီဈေးမြင့်တက်

Fri, 10/30/2015 - 17:40 -- journal_editor

           အရွယ်ရောက်ပြီးဖြစ်တဲ့ စားအုန်းဆီပင်တွေရဲ့ အထွက်နှုန်းမြင့်တက်ခဲ့ပေမယ့် အယ်နီညို ခြောက်သွေ့ရာသီဥတုပုံစံကြောင့် အထွက်နှုန်းတွေ ပြန်ကျဆင်းမယ့်လက္ခဏာတွေရှိနေပါတယ်။ ဒါကြောင့် ကမ္ဘာမှာ စားအုန်း ဆီ အများဆုံးထုတ်လုပ် နေတဲ့ အင်ဒိုနီးရှားနိုင်ငံက လာမယ့်နှစ်မှာ စားအုန်းဆီအထွက် နှုန်းကျဆင်းမယ်လို့ ခန့်မှန်းခဲ့တဲ့အတွက် မလေးရှားစားအုန်း ဆီကြိုရောင်းကြိုဝယ်ဈေးက အောက်တိုဘာ ၂၁ ရက်နေ့မှာ သီတင်းနှစ်ပတ် အတွင်း အမြင့်ဆုံးနှုန်းကိုရောက်ရှိခဲ့ကြောင်း dawn ဝက်ဘ်ဆိုဒ်သတင်းမှာဖော်ပြပါတယ်။ ဘာဆာမလေးရှား  ကုန်စည်ဒိုင် (Barsa Malaysia Derivatives Exchange)  မှာ ဒီဇင်ဘာလအတွက် စား အုန်းဆီရဲ့ အခြေခံစံထားေ ဈးနှုန

Pages

Subscribe to RSS - ဆီထွက်သီးနှံ