ထုတ်လုပ်မှု မြင့်တက်မည့် အလားအလာကြောင့်မလေးရှားစားအုန်းဆီဈေးနှုန်းကျဆင်း
မလေးရှားရင်းဂစ် ငွေကြေးတန်ဖိုးမြင့်တက်မှုနှင့် စားအုန်းဆီထုတ်လုပ်မှုမြင့်တက်မည့်အလားအလာများကြောင့် မလေးရှားစားအုန်းဆီ ကြိုရောင်းဈေးက ဇန်နဝါရီ ၁၈ ရက်တွင် ကျဆင်းခဲ့ကြောင်း ဘီရီကော်ဒါသတင်း တွင် ဖော်ပြ ထားသည်။စားအုန်းဆီဈေးနှုန်းကို သတ်မှတ်ပေးသော ငွေကြေး ဖြစ်သည့် ရင်းဂစ်ငွေကြေးတန်ဖိုးသည် ဒေါ်လာနှင့် ဖလှယ်ရာ တွင် သုညဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ပြီး အမေရိကန်တစ် ဒေါ်လာကို၄ ဒသမ ၄၄၃၀ ရင်းဂစ်နှုန်းရှိခဲ့ရာ တစ်လကျော် အတွင်း တန်ဖိုးအမြင့်ဆုံးဖြစ်ခဲ့သည်။ရင်းဂစ်တန်ဖိုးမြင့်တက် ပါက အခြားငွေကြေးဖြင့် ဖလှယ်၍ ဝယ်ယူရမည့်သူများ အတွက် စားအုန်းဆီဈေးနှုန်းကြီး မြင့်လေ့ရှိသည်။







.jpg?itok=Oswg3n9X)


