Main menu

Background

လယ်ယာထွက်ကုန်ပစ္စည်းသတင်း

ပြည်ပဲမျိုးစုံနှင့်နှမ်းဈေးကွက်

Thu, 04/09/2026 - 11:08 -- journal_editor

ပဲခူးတိုင်းဒေသကြီး ပြည်ပဲမျိုးစုံဈေးကွက်တွင် ဒေသတွင်း ဝယ်လိုအားနှင့် စားသုံးမှုများသော ပဲများသာ လက်လီ/လက်ကား ရောင်းဝယ်မှုဖြစ်လျက်ရှိခဲ့သည်။ 
ထိုပဲများ၏ ယခုနှစ် ဇန်နဝါရီလမှ မတ်လအထိ ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများကို လေ့လာရာ တွင် အောက်ပါအတိုင်း တွေ့ရှိရသည်-
စဉ်      ပဲအမျိုးအစား    ရေတွက်ပုံ    ဇန်နဝါရီ    ဖေဖော်ဝါရီ    မတ်(ကျပ်)
၁။      မြေပဲဆီဆန်          ပိဿာ        ၉၀ဝ၀         ၉၀ဝ၀    ၁၀၅၀ဝ  

၂။        မြေပဲလုံးဆန်       ပိဿာ        ၉၆၀ဝ          ၉၂၀ဝ    ၁၁၅၀ဝ    

ကျောက်ဆည်ခရိုင်အတွင်း ဆောင်းသီးနှံများ စတင်ထွက်ပေါ်လျက်ရှိ

Thu, 03/05/2026 - 09:57 -- journal_editor

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်သည်  ဆည်ရေသောက်ဒေသ တစ်ခု ဖြစ်သောကြောင့် စပါး၊ ပဲ၊ ပြောင်း၊ နှမ်းသီးနှံမျိုးစုံ အောင်မြင်ဖြစ်ထွန်းလျက် ရှိရာ ၎င်းသီးနှံများအနက်  အောက်တိုဘာ၊ နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးခဲ့သည့် ဆောင်းသီးနှံများဖြစ်သော ကုလားပဲ၊ ပဲကြီး၊ ပဲယင်းစသည့်သီးနှံများ စတင်ထွက် ပေါ်လျက်ရှိသည် ။ ကုလားပဲသီးနှံအား၂၀၂၅-၂၀၂၆ ဘဏ္ဍနှစ်တွင် ကျောက်ဆည် ခရိုင်တွင် ၈၁၂၁၄ ဧက စိုက်ပျိုးထားရှိပြီး မျိုးအနေဖြင့် ၉၂၉၊ ထိုင်ဝမ်မျိုး၊ ဠ၂ ၊ ဠ၇ စသည့်မျိုးများအား အများဆုံး စိုက်ပျိုးလျက်ရှိသည်။ 

ကန့်ဘလူမြို့တွင် အရောင်းအဝယ်ဖြစ်နေသည့် ဆီထွက်သီးနှံဈေးကွက်

Tue, 03/03/2026 - 13:04 -- journal_editor

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူ မြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိက လုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိ ရာ ဆီထွက်သီးနှံများဖြစ်သည့် နှမ်း၊ နေကြာနှင့် မြေပဲဆန် စသည့် သီးနှံများ၏ ဖေဖော်ဝါရီလ စတုတ္ထပတ် ဈေးနှုန်းများ ကို စုစည်း ဖော်ပြလိုက်ပါသည်။
နှမ်း

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးမည့် တောင်သူများအား မျိုးစပါးများဖြန့်ဝေ

Tue, 03/03/2026 - 12:41 -- journal_editor

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ နိုင်ငံ့စီးပွားမြှင်တင်ရေး ရန်ပုံ ငွေဖြင့် နွေစပါးစိုက်ပျိုးမည့် တောင်သူများအား နွေစပါးများဖြန့်ဝေပေးလျက်ရှိ ကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိတ္ထီလာမြို့နယ်တွင် နွေစပါးစိုက်ပျိုးရန် စိုက် ဧက ၁၀၉၀ လျာထားသတ်မှတ်ထားပြီး ၎င်းစိုက်ပျိုးရန် သတ်မှတ်လျာထား သည့် စိုက်ဧကများအနက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်စိုက်ပျိုးမည့် ကျေးရွာအုပ်စု ကိုးစုမှကျေးရွာ၁၉ ရွာရှိ တောင်သူ၃၃၅ ဦးက ကွင်း ၁၂ ကွင်း ဖြင့် နွေစပါးစိုက်ပျိုးဧက ၈၉၀ အား စိုက်ပျိုးသွားမည်ဖြစ်သည်။ 

မကွေးဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ပဲမျိုးစုံနှင့် နှမ်းဈေးနှုန်း ဈေးကွက် အခြေအနေ

Tue, 02/03/2026 - 10:37 -- journal_editor

မကွေးတိုင်းဒေသကြီး  မကွေးခရိုင်  မကွေးမြို့နယ် အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်း ကန်၊ သစ်ရာကောက်စသည့်ကျေးရွာများနှင့် မင်းဘူး၊ မြို့သစ်၊ နတ်မောက်မြို့နယ်တို့မှ ထွက်ရှိသော ပဲတီစိမ်း၊ ပဲနောက်၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ အခြား ပဲမျိုးစုံနှင့် နှမ်းမျိုးစုံတို့ မကွေးဈေးကွက်သို့ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက် ရှိသည်။
နှမ်း

ယခုနှစ်ဈေးကောင်းရသောဝါသီးနှံ

Sat, 01/10/2026 - 12:16 -- journal_editor

မိတ္ထီလာခရိုင်အတွင်း   ချဉ်မျှင် ရှည်ဝါအစိုက်များသော်လည်း   မလှိုင် မြို့နယ်တွင်ဒေသမျိုးဖြစ်သည့် မလှိုင်ဝါ (ချည်မျှင်တို)ကိုလည်း     စိုက်ပျိုးမှုရှိ ကြောင်းသိရသည်။ ယခုနှစ် ချည်မျှင် ရှည်ဝါ ၃၅၇၄၄ ဧကနှင့် ချဉ်မျှင်တိုဝါ ၄၁၁၄ဧက စိုက်ပျိုးခဲ့ပြီး    တစ်ဧက အထွက်နှုန်းအနေဖြင့် ချည်မျှင်ရှည်ဝါ မှာ ပိဿာ ၄၀ဝခန့်နှင့် ချည်မျှင်တိုဝါမှာ ပိဿာ ၁၀ဝ ထွက်ရှိကြောင်း    သိရ သည်။

ပြည်ပတင်ပို့ရာတွင် ဈေးကောင်းရရှိသည့် နှမ်းသီးနှံ

Sat, 01/10/2026 - 12:14 -- journal_editor

စိုက်ပျိုးရေးလောကတွင် နှမ်းသီးနှံသည် လူမျိုးဘာသာမရွေး စားသုံးကြသော ဆီထွက်သီးနှံတစ်မျိုးဖြစ်၍ အရေးပါသော သီးနှံတစ်မျိုးဖြစ်သည်။ ကမ္ဘာပေါ်တွင် နှမ်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံစာရင်းများထဲတွင် မြန်မာနိုင်ငံပါဝင်နေပြီး နှမ်းသီးနှံကို မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသတွင် အများဆုံးစိုက်ပျိုးသည့် အပြင် တောင်ပေါ်ဒေသ အပူပိုင်း‌နေရာများတွင်လည်း စိုက်ပျိုးကြသည်။  နှမ်းသီးနှံ ကို ရာသီအလိုက် စိုက်ပျိုးကြပြီး  မိုးနှမ်းကို မိုးဦးကျကာလ မေလနှင့် ဇွန်လတို့တွင် စိုက်ပျိုးပြီး  ဆောင်းနှမ်းကို မိုးကုန်ကာလ စက်တင်ဘာလနှင့် အောက်တိုဘာလ တို့တွင် စိုက်ပျိုးကြသည်။ 

မြစ်သားမြို့နယ်၌ မိုးနှောင်း ချည်မျှင်ရှည်ဝါများ စတင်ရိတ်သိမ်း

Thu, 12/04/2025 - 10:12 -- journal_editor

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် အတွင်းတွင် စပါး၊ ပဲ၊ ပြောင်း၊ ကြက်သွန်နှင့် ငရုတ်သီးနှံများအပြင် ဈေးကွက်ဝယ်လို အားရှိပြီး လူတို့အသုံးအဆောင်ဖြစ်သော အဝတ်အထည် များ ရက်လုပ်ရန်အတွက် ဝါသီးနှံကိုလည်း စိုက်ပျိုး လျက်ရှိသည်။ ခရိုင်အတွင်း မိုးနှောင်းဝါစိုက်ဧက ၄၀၉၃ စိုက်ပျိုးခဲ့ပြီး ၈၇၅ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ် ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရ သည်။ 

မြစ်သားမြို့နယ်တွင် ဆောင်းငရုတ်များ စတင်စိုက်ပျိုး

Thu, 12/04/2025 - 10:10 -- journal_editor

မန္တလေးတိုင်းဒေသကြီး  ကျောက်ဆည်ခရိုင်သည် သီးနှံမျိုးစုံ အောင်မြင်ဖြစ် ထွန်းလျက်ရှိသည်။ ၎င်းသီးနှံများအနက် ဆောင်းငရုတ်သီးနှံကို ရွှေကြာအင်း၊ ထနောင်းကုန်း၊ သိုတန်ရွာများတွင် အများဆုံး စတင်စိုက်ပျိုးကြရှိသည်။ 

၀ါသီးနှံများ လှိုင်လှိုင်ထွက်ရှိ၍ ဈေးကောင်းရနေ

Thu, 12/04/2025 - 10:08 -- journal_editor

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ်အတွင်း ပခုက္ကူ-ရေစကြို ကားလမ်းဘေး ဝဲ/ယာရှိ မြေခဲတောင်၊ ကိုင်းမကျီး၊ ပခန်းကြီး၊ မြေဖြူ၊ ဂွေးချို၊ စည်သာ၊ ဆင်ချောင်း ကျေးရွာများတွင် ဇူလိုင်၊ သြဂုတ်လများတွင် စိုက်ပျိုးခဲ့သည့်ဝါသီးနှံများ လှိုင်လှိုင်ပေါ်ထွက်လာပြီဖြစ်သည်။ 
ဝါစိုက်တောင်သူသာမက ကျေးရွာနေ ပြည်သူများပါ ဝါစွတ် (ဝါကောက်) ရ၍ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနေကြောင်း စည်သာကျေးရွာနေ ဝါစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

Pages

Subscribe to RSS - လယ်ယာထွက်ကုန်ပစ္စည်းသတင်း