နေပြည်တော်အတွင်း မိုးစပါးရိတ်သိမ်းမှုနှင့် ဈေးနှုန်း/ဈေးကွက် အခြေအနေ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးကောင်း ရေသောက်နှင့် နွေ စပါးစိုက်ပျိုးမှု မရှိသော လယ်မြေများတွင် မိုးစပါးရိတ်သိမ်းမှု အများဆုံးတွေ့ရှိရ သည်။ နွေစပါးစိုက်ပျိုးခဲ့သော လယ်မြေများတွင် စိုက်ပျိုးထားရှိမှုများသည်လည်း အနှံထွက်ရှိလာသည့် အနေအထားများကို တွေ့ရှိလာရသည်။ မိုးစပါးသစ် ထွက်ရှိ လာမှုအား အခြောက်ခံစက်ရှိ ဆန်စက်ကြီးများမှ ဝယ်ယူမှုအနေအထားကိုသာ တွေ့ရသည်။ တောင်သူများအနေဖြင့် ရိတြွေ်ခစက်ကျ(အစို)ဖြင့် ရောင်းချမှုများ နှင့် နေလှန်းအခြောက်ခံပြီး သိမ်းဆည်းနေမှုများကို တွေ့ရှိနေရသည်။
