Main menu

Background

လယ်ယာထွက်ကုန်ပစ္စည်းသတင်း

နေပြည်တော်အတွင်း မိုးစပါးရိတ်သိမ်းမှုနှင့် ဈေးနှုန်း/ဈေးကွက် အခြေအနေ

Mon, 12/01/2025 - 13:57 -- journal_editor

ပြည်‌ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးကောင်း ရေသောက်နှင့် နွေ စပါးစိုက်ပျိုးမှု မရှိသော လယ်မြေများတွင် မိုးစပါးရိတ်သိမ်းမှု အများဆုံးတွေ့ရှိရ  သည်။ နွေစပါးစိုက်ပျိုးခဲ့သော လယ်မြေများတွင် စိုက်ပျိုးထားရှိမှုများသည်လည်း အနှံထွက်ရှိလာသည့် အနေအထားများကို တွေ့ရှိလာရသည်။ မိုးစပါးသစ် ထွက်ရှိ လာမှုအား အခြောက်ခံစက်ရှိ ဆန်စက်ကြီးများမှ ဝယ်ယူမှုအနေအထားကိုသာ တွေ့ရသည်။ တောင်သူများအနေဖြင့် ရိတြွေ်ခစက်ကျ(အစို)ဖြင့် ရောင်းချမှုများ နှင့် နေလှန်းအခြောက်ခံပြီး သိမ်းဆည်းနေမှုများကို တွေ့ရှိနေရသည်။

ဘုရင့်နောင်ပွဲရုံရှိ ကြက်သွန်ဖြူ/နီနှင့် အာလူးဈေးနှုန်းများ

Mon, 12/01/2025 - 13:55 -- journal_editor

အောက်တိုဘာ နောက်ဆုံးပတ်က ဘုရင့်နောင်ကုန် စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ ကြူကုတ်(ရှယ်) တစ်ပိဿာ ဈေးနှုန်းများမှာ ကျပ် ၁၀၅၀ဝ/၁၁၀ဝ၀ ၊ အောင် ပန်းထူး-၂ ကျပ် ၃၅၀ဝ၊   အောင်ပန်းထူး-၃ ကျပ် ၄၅၀ဝ၊ အောင်ပန်းထူး-၄ ကျပ် ၅၅၀ဝ၊  အောင်ပန်းထူး-၅ ကျပ် ၆၅၀ဝ၊ ကြက်သွန်နီ ဈေးနှုန်းများမှာ ဆိပ်ဖြူ(သစ်) ရှယ် 

ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်များတွင် မိုးစိုက် (ခေါ်) ဥစိုက် ကြက်သွန်နီများ စိုက်ပျိုးလျက်ရှိ

Mon, 12/01/2025 - 11:04 -- journal_editor

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ် များတွင် မိုးကြက်သွန် (ခေါ်) ဥစိုက် ကြက်သွန်နီနှင့် ဆောင်း ကြက်သွန်နီ(ခေါ်) အပင်စိုက်များကို နှစ်စဉ်မပျက် အများ အပြား စိုက်ပျိုးထုတ်လုပ်ပြီး ပြည်တွင်းနှင့် ပြည်ပသို့ တင်ပို့ ရောင်းချလျက်ရှိသည်။ မကွေးတိုင်းဒေသကြီးတွင် ဆီထွက် သီးနှံများဖြစ်သည့်  နှမ်း၊  မြေပဲနှင့် နေကြာများကို ရာသီ အလိုက် စိုက်ပျိုးလျက်ရှိ သည့်အပြင် ပခုက္ကူ ခရိုင်တွင်လည်း စားဖိုဆောင်သီးနှံဖြစ်သော  ကြက်သွန်နီကို ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူမြို့နယ်များတွင် စိုက်ပျိုးလျက်ရှိသည်။ ကြက်သွန်နီဈေးကွက်တွင်လည်း ဆိပ်ဖြူ ကြက်သွန်၊ ပခုက္ကူ ကြက်သွန်နှင့် ပေါ

ကန့်ဘလူမြို့နယ်တွင် ဆီ၊ နေကြာ၊ ပဲ၊ နှမ်းဈေးမြင့်တက်လာ

Mon, 12/01/2025 - 11:03 -- journal_editor

စစ်ကိုင်းတိုင်းဒေသကြီး  ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ ကြက်ဆူနှင့် နေကြာသီးနှံတို့ကို စိုက်ပျိုး လျက်ရှိသည်။ 
နေကြာ

၀ါသီးနှံ စိုက်ပျိုးမှုနှင့် ဈေးကွက်အခြေအနေ

Mon, 10/13/2025 - 12:19 -- journal_editor

မန္တလေးတိုင်းဒေသကြီး ရမည်း သင်းခရိုင်အတွင်းဝါသီးနှံကို မိုးကြို၊ မိုးနှောင်းဝါဟူ၍  စိုက်ပျိုးကြရာ စက် တင်ဘာလတွင် မိုးကြိုဝါရာသီကုန်ပြီး မိုးဝါမှာလည်း  အောက်တိုဘာလတွင် ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။ 

ပြည်ခရိုင်တွင် မြေပဲနှင့် နှမ်း ဈေးကျ

Mon, 10/13/2025 - 12:17 -- journal_editor

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အနေဖြင့်  သြဂုတ်လ နောက်ဆုံးပတ်တွင် မိုးမြေပဲများ စတင်ထွက်ပေါ်လာနေပြီ ဖြစ်ပြီး ပြည်ဈေးကွက်သို့ မိုးမြေပဲများကို ခရိုင်အတွင်း မြို့နယ် များ ဖြစ်သော ရွှေတောင်၊ ပေါက်ခေါင်းနှင့် အခြားတိုင်းဒေသ ကြီးများဖြစ်သော မြန်အောင်၊ ကြံခင်းဘက်မှ တစ်ရက်လျှင် မြေပဲဆန်အိတ် ၃၀ဝ-၄၀ဝ ခန့်  အဝင်ရှိပြီး ဝင်သလောက် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်။ 

မကွေးကုန်စည်ဒိုင်၏ မြေပဲ၊ နှမ်းမျိုးစုံ ဈေးနှုန်းအခြေအနေ

Mon, 10/13/2025 - 11:46 -- journal_editor

မကွေးတိုင်းဒေသကြီး  မကွေးခရိုင် မကွေးမြို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း မကွေးကုန်စည်ဒိုင်တွင် စလင်း၊ ဆင်ဖြူကျွန်း၊ သစ်ရာကောက်၊ နတ်မောက်၊ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်တို့မှထွက်ရှိသော ပဲနှင့် နှမ်းမျိုးစုံတို့ အများဆုံး ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ၂၀၂၅ခုနှစ် စက်တင်ဘာလ စတုတ္ထပတ်တွင် မကွေးကုန်စည်ဒိုင်မှ သီးနှံဈေးနှုန်းများမှာ  နှမ်းနက်စမုန် ၁၅  ပိဿာ တစ်တင်းလျှင် ကျပ် ၂၃၄၀ဝ၀-၂၃၇၀ဝ၀၊ နှမ်းဖြူ ၁၅ ပိဿာ တစ်တင်းလျှင် ကျပ် ၁၀ဝ၀ဝ၀-  ၁၀၂၀ဝ၀၊ နှမ်းနီ ၁၅ ပိဿာ တစ်တင်း လျှင် ကျပ် ၁၀၇၀ဝ၀၊ နှမ်းညို(၁၅) ပိဿာ တစ်တင်းလျှင် ကျပ် ၉၀ဝ၀ဝ-၉၂၀ဝ၀ ဖြစ်၍ တစ်ပ

ဧရာဝတီတိုင်းဒေသကြီးတွင် ဈေးကွက်ဝင် ဆီထွက်သီးနှံပဲပုပ် တိုးချဲ့စိုက်ပျိုး

Mon, 10/13/2025 - 11:34 -- journal_editor

ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပဲမျိုးစုံ (မိုးနှင့်ဆောင်း) စုစုပေါင်းစိုက်ဧက ၁၆၂၆၆၁၆ ဧက စိုက် ပျိုးထုတ်လုပ်ပြီး ပဲပုပ်သီးနှံကို ဆောင်းသီးနှံအဖြစ် ၂၇၅၂၈ ဧက စိုက် ပျိုးထုတ်လုပ်ခဲ့သည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဧရာဝတီတိုင်း ဒေသကြီး၌ပဲပုပ်သီးနှံ ကို  ဧက ၁၀ဝ၀ဝ၀ ထိ တိုးချဲ့စိုက်ပျိုးရန် ရည် မှန်းလျာထားပြီး ဆောင်ရွက်လျက်ရှိသည်။ ပဲပုပ်သီးနှံသည် စပါးရိတ်ပြီး လယ်မြေ၌ ကျန်ရှိသော အစို ဓာတ်တွင် အလွယ်တကူ စိုက်ပျိုးနိုင်ပြီး ပရိုတင်းဓာတ်  ကြွယ်ဝသော သီးနှံဖြစ်သလို ဆီပါဝင်မှုနှုန်းမှာလည်း ၁၂ ရာခိုင်နှုန်းမှ ၂၄ ရာခိုင် နှုန်းထိ ပါဝင်သည့်အတွက် ဆီထွက်သီးနှံလည်းဖြစ်သည်။ ပဲပုပ်ကို ပဲပုပ်ဆီ၊ ပဲနို

ပခုက္ကူခရိုင်အတွင်းရှိ ကြက်သွန်နီ ဈေးနှုန်းဈေးကွက်

Wed, 09/03/2025 - 12:17 -- journal_editor

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်အတွင်းရှိ ပေါက်၊ ဆိပ်ဖြူ၊ ကံမ၊ ရေပြာတို့မှ ဆောင်းစိုက် (ပင်စိုက်) ကြက်သွန်နီ များကို စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ ပခုက္ကူ ကြက်သွန်နီ ကုန်စည်ဒိုင်သို့   ပခုက္ကူမြို့နယ်အတွင်းရှိ  ကျွန်းနယ်များ သာမက  ရေနံချောင်း၊  မန္တလေး၊ ညောင်ဦးခရိုင်အတွင်းရှိ ကျေးရွာများမှလည်း လာရောက် ရောင်းဝယ်ကြသည်။ ပခုက္ကူကြက်သွန်နီ  ဈေးကွက်တွင် ဈေးနှုန်း အနည်းငယ် တက်လျက်ရှိပြီး တစ်ရက်လျှင် ပျမ်းမျှကုန်ချိန် ၃၅၀ဝ၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရှိရသည်။ 

မအူပင်မြို့နယ်တွင် လှေထိုးစပါး ဈေးကွက်ရလျက်ရှိ

Wed, 09/03/2025 - 12:12 -- journal_editor

မအူပင်မြို့နယ် မအူပင်-ဖျာပုံကားလမ်းဘေး၊ ကျုံစုတ် ကျေးရွာ ကုန်းလမ်းနှင့် ရေလမ်းဆုံရာတွင် မိုးစပါးထွက် လှေ ထိုးစပါးများ ဈေးကွက်ရနေပြီး  ရောင်းဝယ်မှု ကောင်းနေ ကြောင်း သိရသည်။ 

Pages

Subscribe to RSS - လယ်ယာထွက်ကုန်ပစ္စည်းသတင်း