Main menu

Background

လယ်ယာထွက်ကုန်ပစ္စည်းသတင်း

ပခုက္ကူခရိုင် ပေါက်မြို့နယ်ထွက် အာလူးများ ဈေးကောင်းရရှိ

Mon, 03/04/2024 - 10:50 -- journal_editor

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်အတွင်းရှိ ပေါက် မြို့နယ်အနေဖြင့် စိုက်ပျိုးရေးကို အဓိကထား၍ ဒေသစီးပွား ဖြစ် စိုက်ပျိုးလုပ်ကိုင်ကြရာ အာလူးသီးနှံကိုလည်း အဓိက သီးနှံအဖြစ် စိုက်ဧက ၂၀ဝ၀ ခန့် နှစ်စဉ်စိုက်ပျိုးလျက်ရှိသည်။ 

စိုက်ပျိုးသင့်သည့် ငွေနှင်းမှိုလုပ်ငန်း

Mon, 03/04/2024 - 10:47 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိ ဆပ်သွား တော ကျေးရွာ ငွေနှင်းမှိုစိုက်ပျိုးရေးလုပ်ငန်းကို ၂၀၁၅ ခုနှစ်မှစတင်ခဲ့ပြီး မှိုစိုက်ပျိုးခြင်းမှာ တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သော အော်ဂဲနစ်လုပ်ငန်းဖြစ်ကြောင်း ကိုယ် တိုင်မျိုးထုပ်၊ မျိုးပုလင်းများပြုလုပ်၍ မျိုးပုလင်းတစ်ပုလင်းလျှင်  ကျပ် ၁၅၀ဝ  ဖြင့် လက်လီ/လက်ကား ရောင်းချလျက်ရှိကြောင်းသိရသည်။  မျိုးပုလင်းပြုလုပ်ရာတွင် ပါဝင်သော ပစ္စည်းများမှာ လွှဇာ၊ ဖွဲနု၊ ထုံး၊ ဆခါး၊ သကြား ငါးမျိုးရောစပ်၍ မျိုးထုပ်ရကြောင်း မျိုးထုပ်ဆိုဒ်မှာ နှစ်မျိုးရှိကြောင်း၊ စိုက်ပျိုးထားသည့်နေရာ  (20'x50')အကျယ်အဝန်းရှိ တစ်ရုံသာရှိပြီး စိုက်ပျိုးထုပ်ပေါင်း

ဆိပ်ဖြူ ကြက်သွန်နီ ဈေးကွက်

Mon, 03/04/2024 - 10:00 -- journal_editor

ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် မိုးကြက်သွန်နီများ ဆိပ်ဖြူ ကုန်စည်ဒိုင် ဈေး ကွက်သို့ နေ့စဉ် ပိဿာသုံးသောင်းခန့်နှင့် တစ်ပတ်အတွင်း ကုန်ချိန်ပိဿာ သုံးသိန်း ခန့် ဝင်ရောက်လျက်ရှိကြောင်း ဈေးကွက်မှသိရှိရသည်။

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်း ရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

Mon, 02/05/2024 - 12:00 -- journal_editor

အင်းစိန်မြို့နယ်ရှိ    တညင်းကုန်း  လက်ကားဈေးကြီး အတွင်းသို့ ဇန်နဝါရီ စတုတ္ထပတ်အတွင်း ညောင်တုန်း၊မှော်ဘီ၊ သာရဝေါ၊   ညောင်နှစ်ပင်ကျေးရွာ၊   ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေ ကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်၌ မိုးကြက်သွန်နီ(ဥ)စိုက်တောင်သူများ အကျိုးအမြတ်ရရှိနေ

Mon, 02/05/2024 - 11:55 -- journal_editor

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ တောင်သူများသည် နှစ်စဉ် ကိုင်းကျွန်းမြေများတွင် ကြက်သွန်နီ (ဥ)စိုက်ကို    စိုက်ဧက   ၉၀ဝ ဝန်းကျင်ခန့် ဒေသစီးပွားဖြစ် စိုက်ပျိုးကြသည်။ မိုးကြက် သွန်နီ(ဥ)စိုက်ကို   အောက်တိုဘာလလယ်မှ နိုဝင်ဘာလကုန်အထိ စိုက်ပျိုးကြပြီး ဇန်နဝါ ရီလဆန်းပိုင်းမှ ဖေဖော်ဝါရီလအထိ တူးဖော် ကြသည်။ ယခုနှစ်တွင်  ပြည်တွင်းဈေးကွက် ခိုင်မာမှုရှိသော    ကြက်သွန်နီကို စိုက်ဧက ၁၀ဝ၀ ခန့်အထိ တိုးချဲ့စိုက်ပျိုးကြောင်း သိရှိ ရသည်။

ပျော်ဘွယ်မြို့နယ် ကျေးရွာများတွင် ခရမ်းချဉ်(ဆောင်းသီး)များ စိုက်ပျိုးအောင်မြင်လျက်ရှိ

Mon, 02/05/2024 - 11:42 -- journal_editor

ကျေးရွာများတွင်  ခရမ်းချဉ် (ဆောင်းသီး) စိုက်ပျိုးတောင်သူ ၁၀ ဦးခန့်ရှိပြီး    ဧက ၂၀ ခန့် အောင်မြင်စွာ စိုက်ပျိုးထားသည်ကို တွေ့ရသည်။ နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး မတ်လဆန်းတွင် ခူးဆွတ်ရကြောင်း၊   ရွှေဖရုံမျိုးများကို အများဆုံး စိုက်ပျိုးထားကြောင်း၊ အရင်းအနှီးနည်းပြီး အချိန် တိုအတွင်း ငွေရလွယ်သောသီးနှံဖြစ်သည့်အတွက် အများအားဖြင့် နှစ်စဉ် ပုံမှန်စိုက်ပျိုးကြကြောင်း သိရသည်။ ထွန်ယက်ခ၊ စိုက်ပျိုးခ၊ သွင်းအားစု စရိတ်၊ လုပ်သားခ စရိတ်အားလုံးပေါင်း  တစ်ဧက ကုန်ကျစရိတ် ကျပ် ၂၅၀ဝ၀ဝ ခန့်သာ   ကုန်ကျ ကြောင်း၊ တစ်ဧက   ပျမ်းမျှအထွက်နှုန်း  ပိဿာ ၅၀ဝ ခန့်  ထွက်ရှိကြောင်း၊ ယခင်နှစ်ဈေးနှုန်း တစ

အဝင်များသဖြင့် ဈေးကျနေသည့် ပြည်ကြက်သွန်နီ

Mon, 02/05/2024 - 10:18 -- journal_editor

ပြည်ဈေးကွက်သို့ ယခုဇန်နဝါရီလ နောက်ဆုံးပတ်တွင် ကြက်သွန်နီ အဓိက စိုက်ပျိုးရာ မကွေးတိုင်းဒေသကြီး တောင်တွင်း၊ ဗိဿနိုး၊ စစ်တလင်း၊ ဆိပ်ဖြူ၊ ရေနံ ချောင်း စသည့်နယ်များမှ အထွက်များ စုံနေသည့်အတွက် အမျိုးအစားစုံစွာဝင် ရောက်မှုရှိနေသည်။ ပြည်ဈေးကွက်သို့ ပိဿာချိန် နှစ်သောင်းခန့် ရက်ခြားအဝင်ရှိ နေပြီး ဝင်ရောက်လာသော အမျိုးအစားအနက် ဆိပ်ဖြူနှင့် ရေနံချောင်း ကြက်သွန်နီ တို့မှာ အရည်အသွေးကောင်းသဖြင့် ဈေးနှုန်းမှာအမြင့် တစ်ပိဿာလျှင် ကျပ် ၂၇၀ဝ-၂၈၀ဝ ထိရရှိကြောင်း သိရသည်။ 

မကွေးပွဲရုံနှင့် ရေနံချောင်းပွဲရုံ ကြက်သွန်နီ အရောင်းအဝယ် အခြေအနေ

Mon, 02/05/2024 - 10:17 -- journal_editor

မကွေးတိုင်းဒေသကြီး မကွေးခရိုင် မကွေးဈေးကွက် အတွင်း စားဖိုဆောင်သုံးသီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီ ဈေးနှုန်းများမှာ ကျဆင်းလျက်ရှိသည်။ ၂၀၂၄ ခုနှစ် ဇန်န ဝါရီလ စတုတ္ထပတ်တွင် ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၁၇၀ဝ-၂၀ဝ၀-၂၃၀ဝ ဖြစ်ပြီး  တတိယပတ်တွင် ကျပ် ၁၇၀ဝ-၂၂၀ဝ-၂၅၀ဝ ဖြစ်၍ ကျပ် ၂၀ဝ ကျဆင်းလာကြောင်း၊ ရေနံ ချောင်း၊ ပခုက္ကူ၊ မြစ်သျားမြို့တို့မှ ဝယ်ယူကြောင်း၊ ကြက်သွန်နီ များကို ပွဲရုံမှတစ်ဆင့် မင်းဘူး၊ သရက်၊ ကံမ၊ နတ်မောက်၊ ငဖဲ မြို့များမှ   ပြန်လည်ဝယ်ယူကြပြီး   တစ်နေ့လျှင် ပိဿာချိန် ၁၀ဝ၀ ခန့်၊ တစ်ပတ်လျှင် ၉ တန်ခန့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း ပွဲရုံများမှသိရသည်။

ပခုက္ကူကုန်စည်ဒိုင်တွင် အညာဒေသထွက် နှမ်းမျိုးစုံ ဈေးကောင်းရလျက်ရှိ

Mon, 01/15/2024 - 11:07 -- journal_editor

ပခုက္ကူခရိုင် ပခုက္ကူမြို့နယ်နှင့် ဂန့်ဂေါခရိုင်တို့တွင် နှမ်းမျိုးစုံကို သီးထပ်အဖြစ် အဓိကစိုက်ပျိုးကြသည်။ စိုက်ပျိုး ထွက်ရှိသော နှမ်းအမျိုးအစာများမှာ နှမ်းဝါ၊ နှမ်းနီ၊ နှမ်းနက်၊ နှမ်းညို၊ နှမ်းဖြူနှင့် စမုန်နှမ်းနက်တို့ကို ပခုက္ကူမြို့နယ် ကံတော်၊ ကံလှ၊ တွင်းမ၊ ဒဟက်ခြောက်၊ အိုးရင့်ခြောက်တောင်း၊ ကျွဲတဲ၊ ပန်းတိုင်းခြုံရွာများတွင်  စိုက်ပျိုးကြသည်။ ပခုက္ကူကုန်စည်ဒိုင်သည် စီးပွားရေး အချက်အချာကျပြီး နယ်ပေါင်းစုံမှ ဝင်ရောက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ 

Pages

Subscribe to RSS - လယ်ယာထွက်ကုန်ပစ္စည်းသတင်း