Main menu

Background

လယ်ယာထွက်ကုန်ပစ္စည်းသတင်း

တောင်ယာစိုက်ပျိုးခြင်းအကျိုးနှင့် သတိပြုရမည့်အချက်

Mon, 06/02/2025 - 12:29 -- journal_editor

မြန်မာနိုင်ငံသည် စိုက်ပျိုး၊ မွေးမြူရေးကို အခြေခံသည့် စီးပွားရေးစနစ်ဖြစ်သည့်အလျောက်   စိုက်ပျိုးရေးကဏ္ဍအတွက် အလေးဂရုပြုဆောင်ရွက်ရန် လိုအပ်သည်။  စိုက် ပျိုးရေးနည်းစနစ်များအနက်  တောင်ယာစိုက်ပျိုးရေးနည်း စနစ်သည်လည်း ကဏ္ဍတစ်ရပ်အနေဖြင့်ပါဝင်နေပြီး အနာ ဂတ်တွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လုပ်ကိုင်သင့်သော စိုက်ပျိုးရေး နည်းစနစ်တစ်မျိုးဖြစ်သည်။

မကွေးတိုင်းဒေသကြီး ထွက်ကုန်

Mon, 05/05/2025 - 11:52 -- journal_editor

ကြက်သွန်နီ
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ဆိပ်ဖြူမြို့ ကြက်သွန်နီ ဈေးကွက်သို့ ဒေသတွင်း ကြက်သွန်နီစိုက်ပျိုးထွက်ရှိသော ကျေးရွာများအပြင် အခြားမြို့နယ်များဖြစ်‌သော  ပွင့်ဖြူ၊ စလင်း၊ ချောက်၊  ပခုက္ကူဒေသထွက်  ကြက်သွန်နီများလည်း  ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။  ဧပြီလအတွင်း တစ်ရက်လျှင် ကုန်ချိန် ပိဿာငါးသောင်းမှ ခုနစ်သောင်း၊ တစ်လအတွင်း ကုန်ချိန် ပိဿာ ၁၁ သိန်းခန့် ဝင်ရောက်ခဲ့ကြောင်း ဈေးကွက်မှ သိရသည်။

ကန့်ဘလူမြို့နယ်ထွက် ပဲ၊ နှမ်း၊ နေကြာ ဈေးကွက်

Mon, 05/05/2025 - 10:29 -- journal_editor

မတ်ပဲ
စစ်ကိုင်းတိုင်းဒေသကြီး  ကန့်ဘလူခရိုင်  ကန့်ဘလူ မြို့နယ်တွင် စပါးနှင့်ဆီထွက်သီးနှံများအပြင် ပဲမျိုးစုံကိုလည်း စိုက်ပျိုးကြသည်။ ဆောင်းမတ်ပဲ ၅၀၂၇၁ ဧက စိုက်ပျိုးရိတ် သိမ်းနိုင်ခဲ့သည်။ မတ်ပဲသီးနှံသည် ကန့်ဘလူမြို့နယ် မြေထူး ကျေးရွာ  တောက္ကရှပ်ကျေးရွာ၊  ညောင်ဇင်ကျေးရွာများမှ အဓိက ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ဟင်္သာတကုန်စည်ဒိုင်တွင် ဆောင်းသီးနှံအစေ့ထုတ်ပြောင်း ဈေးကွက်ဝင်ရောက်

Mon, 05/05/2025 - 10:27 -- journal_editor

ဟင်္သာတခရိုင်တွင် အစေ့ထုတ် ပြောင်းကို  ဆောင်းသီးနှံအဖြစ် စိုက်ပျိုး ပြီး မြေနုကျွန်းများ၊ သဲဆန်သော ကိုင်း မြေများ၊ မြစ်ကမ်းပါးများတွင် စိုက်ပျိုး ကြသည်။  ၂၀၂၄ -၂၀၂၅   ခုနှစ်တွင် ဟင်္သာတခရိုင်၌   အစေ့ထုတ်ပြောင်း စိုက်ဧက ၁၅၃၈၃ ဧက   စိုက်ပျိုးပြီး ယခင်နှစ်ကထက် ဧက သုံးထောင်ကျော် လျော့နည်း စိုက်ပျိုးခဲ့သည်။

မကွေးတိုင်းဒေသကြီးတွင် ဖြစ်ပေါ်လျက်ရှိသော စပါး၊ ဆန်ဈေးနှုန်းနှင့် စီးဝင်မှု အခြေအနေ

Mon, 05/05/2025 - 10:17 -- journal_editor

မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံ နှမ်း၊ မြေပဲ တို့အား အဓိက စိုက်ပျိုးကြပြီး ဆန်လိုအပ်ချက်ရှိသည့် တိုင်း ဒေသကြီးဖြစ်၍  စပါးအဓိက စိုက်ပျိုးထွက်ရှိရာ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တင်သွင်းရသည်။   

ကြက်သွန်နီဈေးကွက်

Wed, 04/09/2025 - 10:58 -- journal_editor

မန္တလေး
မန္တလေးဈေးကွက်အတွင်းသို့  ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင်၊ တံတားဦး၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ပျော်ဘွယ်၊ ရမည်းသင်း စသည့် ဒေသများနှင့် အခြားဒေသများမှ  ထွက်ရှိသည့်  ကြက်သွန်နီများ မတ်လကုန်ပိုင်းတွင် ဖြိုင်ဖြိုင်ဝင်ရောက်လျက်ရှိသည်။ ဆောင်းကြက်သွန်နီသည် ကြက်သွန်မျိုးစေ့ကို ပျိုးထောင်၍ အပင် ကလေးများ တစ်လခွဲသားအရွယ်တွင် ပျိုးပင်ကိုနုတ်၍ နေရာရွှေ့ ပြောင်း စိုက်ပျိုးကြရသည်။ 

ဖူးစားပြောင်း(ဆောင်း) ရိတ်သိမ်းမှုနှင့် ဈေးနှုန်းဈေးကွက် အခြေအနေ

Mon, 04/07/2025 - 11:03 -- journal_editor

ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်သည် ဆည်ရေသောက် ဒေသဖြစ်သည့်အလျောက် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ဖူးစားပြောင်းသီးနှံကို ၅၂၄ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုအချိန်တွင် စဉ့်ကိုင်မြို့နယ်၌ စိုက်ပျိုးပြီးဧကအားလုံးရိတ်သိမ်းပြီးဖြစ်ကြောင်း သိရသည်။ 

မွန်ပြည်နယ်၏ ပဲမျိုးစုံနှင့် နှမ်းအသစ် ဈေးနှုန်းဈေးကွက် အခြေအနေ

Mon, 04/07/2025 - 11:00 -- journal_editor

မွန်ပြည်နယ်သည် ယခုနှစ်အတွင်း ပဲအထွက်နှုန်းကောင်းပြီး ဈေးနှုန်းဈေးကွက်ကောင်းများလည်း ရရှိနေသည်။ မော်လမြိုင်ရှိ ကုန်စည်ဒိုင်တွင် နေ့စဉ်အရောင်းအဝယ် ပြုလုပ်လျက်ရှိသည်။ 
၂၀၂၄-၂၀၂၅ ခုနှစ်တွင် အထွက်နှုန်းကောင်း၍ လာမည့် ၂၀၂၆-၂၀၂၇ ခုနှစ်တို့တွင်လည်း ပဲစိုက်ပျိုးမှုကို ပိုမိုတိုးချဲ့လုပ် ကိုင်သွားမည်ဖြစ်ကြောင်း ပဲနှမ်းစိုက်ပျိုးသူတောင်သူများ၏ ပြောကြားချက်အရ သိရသည်။  

Pages

Subscribe to RSS - လယ်ယာထွက်ကုန်ပစ္စည်းသတင်း