မြန်မာ့လယ်ယာထွက်ကုန်ပဲမျိုးစုံသီးနှံများနှင့် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေချင်
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအဓိက ထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အလျောက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် လယ်ယာထွက်ကုန် သီးနှံများသာမက ကိုင်း၊ ကျွန်း၊ ဥယျာဉ်ခြံမြေများမှ ထွက်ရှိသည့် သီးနှံ များမှာ အလွန်များပြားပြီး တစ်နှစ်ပတ်လုံး ရာသီနှင့်ကိုက်ညီသည့် ဆန်၊ စပါး၊ ပဲပြောင်း၊ ငရုတ်၊ သခွား အစရှိသည့် သစ်သီးဝလံများပါ နေ့စဉ် စိုက်ပျိုးထွက်ရှိလျက်ရှိသည်။