ဆိပ်ဖြူ ကြက်သွန်နီ ဈေးကွက်
ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် မိုးကြက်သွန်နီများ ဆိပ်ဖြူ ကုန်စည်ဒိုင် ဈေး ကွက်သို့ နေ့စဉ် ပိဿာသုံးသောင်းခန့်နှင့် တစ်ပတ်အတွင်း ကုန်ချိန်ပိဿာ သုံးသိန်း ခန့် ဝင်ရောက်လျက်ရှိကြောင်း ဈေးကွက်မှသိရှိရသည်။
Background
ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် မိုးကြက်သွန်နီများ ဆိပ်ဖြူ ကုန်စည်ဒိုင် ဈေး ကွက်သို့ နေ့စဉ် ပိဿာသုံးသောင်းခန့်နှင့် တစ်ပတ်အတွင်း ကုန်ချိန်ပိဿာ သုံးသိန်း ခန့် ဝင်ရောက်လျက်ရှိကြောင်း ဈေးကွက်မှသိရှိရသည်။
အင်းစိန်မြို့နယ်ရှိ တညင်းကုန်း လက်ကားဈေးကြီး အတွင်းသို့ ဇန်နဝါရီ စတုတ္ထပတ်အတွင်း ညောင်တုန်း၊မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေ ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ တောင်သူများသည် နှစ်စဉ် ကိုင်းကျွန်းမြေများတွင် ကြက်သွန်နီ (ဥ)စိုက်ကို စိုက်ဧက ၉၀ဝ ဝန်းကျင်ခန့် ဒေသစီးပွားဖြစ် စိုက်ပျိုးကြသည်။ မိုးကြက် သွန်နီ(ဥ)စိုက်ကို အောက်တိုဘာလလယ်မှ နိုဝင်ဘာလကုန်အထိ စိုက်ပျိုးကြပြီး ဇန်နဝါ ရီလဆန်းပိုင်းမှ ဖေဖော်ဝါရီလအထိ တူးဖော် ကြသည်။ ယခုနှစ်တွင် ပြည်တွင်းဈေးကွက် ခိုင်မာမှုရှိသော ကြက်သွန်နီကို စိုက်ဧက ၁၀ဝ၀ ခန့်အထိ တိုးချဲ့စိုက်ပျိုးကြောင်း သိရှိ ရသည်။
ကျေးရွာများတွင် ခရမ်းချဉ် (ဆောင်းသီး) စိုက်ပျိုးတောင်သူ ၁၀ ဦးခန့်ရှိပြီး ဧက ၂၀ ခန့် အောင်မြင်စွာ စိုက်ပျိုးထားသည်ကို တွေ့ရသည်။ နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး မတ်လဆန်းတွင် ခူးဆွတ်ရကြောင်း၊ ရွှေဖရုံမျိုးများကို အများဆုံး စိုက်ပျိုးထားကြောင်း၊ အရင်းအနှီးနည်းပြီး အချိန် တိုအတွင်း ငွေရလွယ်သောသီးနှံဖြစ်သည့်အတွက် အများအားဖြင့် နှစ်စဉ် ပုံမှန်စိုက်ပျိုးကြကြောင်း သိရသည်။ ထွန်ယက်ခ၊ စိုက်ပျိုးခ၊ သွင်းအားစု စရိတ်၊ လုပ်သားခ စရိတ်အားလုံးပေါင်း တစ်ဧက ကုန်ကျစရိတ် ကျပ် ၂၅၀ဝ၀ဝ ခန့်သာ ကုန်ကျ ကြောင်း၊ တစ်ဧက ပျမ်းမျှအထွက်နှုန်း ပိဿာ ၅၀ဝ ခန့် ထွက်ရှိကြောင်း၊ ယခင်နှစ်ဈေးနှုန်း တစ
ပြည်ဈေးကွက်သို့ ယခုဇန်နဝါရီလ နောက်ဆုံးပတ်တွင် ကြက်သွန်နီ အဓိက စိုက်ပျိုးရာ မကွေးတိုင်းဒေသကြီး တောင်တွင်း၊ ဗိဿနိုး၊ စစ်တလင်း၊ ဆိပ်ဖြူ၊ ရေနံ ချောင်း စသည့်နယ်များမှ အထွက်များ စုံနေသည့်အတွက် အမျိုးအစားစုံစွာဝင် ရောက်မှုရှိနေသည်။ ပြည်ဈေးကွက်သို့ ပိဿာချိန် နှစ်သောင်းခန့် ရက်ခြားအဝင်ရှိ နေပြီး ဝင်ရောက်လာသော အမျိုးအစားအနက် ဆိပ်ဖြူနှင့် ရေနံချောင်း ကြက်သွန်နီ တို့မှာ အရည်အသွေးကောင်းသဖြင့် ဈေးနှုန်းမှာအမြင့် တစ်ပိဿာလျှင် ကျပ် ၂၇၀ဝ-၂၈၀ဝ ထိရရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး မကွေးခရိုင် မကွေးဈေးကွက် အတွင်း စားဖိုဆောင်သုံးသီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီ ဈေးနှုန်းများမှာ ကျဆင်းလျက်ရှိသည်။ ၂၀၂၄ ခုနှစ် ဇန်န ဝါရီလ စတုတ္ထပတ်တွင် ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၁၇၀ဝ-၂၀ဝ၀-၂၃၀ဝ ဖြစ်ပြီး တတိယပတ်တွင် ကျပ် ၁၇၀ဝ-၂၂၀ဝ-၂၅၀ဝ ဖြစ်၍ ကျပ် ၂၀ဝ ကျဆင်းလာကြောင်း၊ ရေနံ ချောင်း၊ ပခုက္ကူ၊ မြစ်သျားမြို့တို့မှ ဝယ်ယူကြောင်း၊ ကြက်သွန်နီ များကို ပွဲရုံမှတစ်ဆင့် မင်းဘူး၊ သရက်၊ ကံမ၊ နတ်မောက်၊ ငဖဲ မြို့များမှ ပြန်လည်ဝယ်ယူကြပြီး တစ်နေ့လျှင် ပိဿာချိန် ၁၀ဝ၀ ခန့်၊ တစ်ပတ်လျှင် ၉ တန်ခန့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း ပွဲရုံများမှသိရသည်။
ပခုက္ကူခရိုင် ပခုက္ကူမြို့နယ်နှင့် ဂန့်ဂေါခရိုင်တို့တွင် နှမ်းမျိုးစုံကို သီးထပ်အဖြစ် အဓိကစိုက်ပျိုးကြသည်။ စိုက်ပျိုး ထွက်ရှိသော နှမ်းအမျိုးအစာများမှာ နှမ်းဝါ၊ နှမ်းနီ၊ နှမ်းနက်၊ နှမ်းညို၊ နှမ်းဖြူနှင့် စမုန်နှမ်းနက်တို့ကို ပခုက္ကူမြို့နယ် ကံတော်၊ ကံလှ၊ တွင်းမ၊ ဒဟက်ခြောက်၊ အိုးရင့်ခြောက်တောင်း၊ ကျွဲတဲ၊ ပန်းတိုင်းခြုံရွာများတွင် စိုက်ပျိုးကြသည်။ ပခုက္ကူကုန်စည်ဒိုင်သည် စီးပွားရေး အချက်အချာကျပြီး နယ်ပေါင်းစုံမှ ဝင်ရောက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
ပြည်ခရိုင်အတွင်းရှိ ပြည်ဈေးကွက်သို့ ဆောင်းမြေပဲဆန်များကို ပြည်မြို့အနီးတစ်ဝိုက် ကျေးရွာများ၊ ပြည်-အောင်လံကြားရှိကျေးရွာ များနှင့် ရွှေတောင်မြို့ရှိ ကျေးရွာများဖြစ်သော ကျီးသဲ၊ ညောင်စာရေး ကျေးရွာများမှ နေ့စဉ် ပိဿာ၃၀ဝင်အိတ် ၇၀ဝ/ ၈၀ဝခန့် ဝင်ရောက် မှုရှိသည်။ ပြည်ဈေးကွက်သို့ ဝင်ရောက်လာသော မြေပဲဆန်များကို ရန်ကုန်၊ မန္တလေးဝယ်လက်များနှင့် ဒေသတွင်း ဆီစက်သမားများက အဝယ်ရှိ၍ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
မကွေးတိုင်းဒေသကြီး မကွေးခရိုင် မကွေးမြို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (မကွေးကုန်စည်ဒိုင်)သို့ စလင်း၊ ဆင်ဖြူကျွန်း၊ သစ်ရာကောက်၊ နတ်မောက်၊ မိကျောင်းရဲ၊ လျှောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်တို့မှ ထွက်ရှိသော ပဲနှင့် နှမ်းမျိုးစုံတို့ အများဆုံး ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ဇန်နဝါရီလ ပထမပတ်တွင် ကျပ် ၁၀၁၉၀ဝ-၁၀၂၀ဝ၀ ဖြစ်ပြီး ဒုတိယပတ်တွင် ပဲစင်းငုံနီ ပိဿာ ၂၀ တစ်တင်းလျှင် ကျပ် ၁၀၈၈၀ဝ- ၁၀၉၇၀ဝဖြစ်၍ ကျပ် ၆၉၀ဝ-၇၇၀ဝ ဈေးမြင့်ခဲ့ကြောင်း၊ ပဲစင်းငုံနီမှာ တစ်ပတ်အတွင်း အိတ် ၆၀ဝ၀ ခန် ့အရောင်းအဝယ်ဖြစ်ခဲ့သည်။