မန္တလေးကုန်စည်ဒိုင်တွင် မြေပဲဆန် အရောင်းအဝယ်အေးနေ
မတ်လ နောက်ဆုံးပတ်အတွင်း မန္တလေး ကုန်စည်ဒိုင်သို့ ဧရာဝတီ မြစ်ဝကျွန်းဘက်နှင့် မတ္တရာ စဉ့်ကူး မြင်းမူ၊ အောင်လံဒေသမှ မြေပဲ ဆန်များ ဝင်ရောက်နေပြီး ဈေးအေးနေကြောင်း သိရသည်။ မြေပဲလုံးဆန်များ တရုတ်ဝယ်လက်မှ ဝယ်ယူမှု အေးခြင်းကြောင့် မြေပဲဆန် တစ်ပိဿာ လျှင် ကျပ် ၁၀ဝ မှ ၁၀ဝ၀ အထိ ဈေးကျလာပြီး ဆီဆန်ကို ဆီစက်သမားများမှ ဝယ်ယူမှု အေးနေ သောကြောင့် ှ၁ ဆီဆံ တစ်ပိဿာလျှင် ယခင်တစ် ပတ်ထက် ကျပ် ၈၀ဝ မှ ၁၅၀ဝ အထိ ဈေးကျလာ ကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှ သိရ သည်။