Main menu

Background

လယ်ယာထွက်ကုန်ပစ္စည်းသတင်း

ပြည်နှမ်းဈေးကွက်

Mon, 07/01/2024 - 13:22 -- journal_editor

ပြည်ခရိုင်အတွင်းတွင် နှမ်းနီဈေးများမြင့်တက်ပြီး နှမ်းနက်နှင့် စမုံနက်နှမ်းဈေးများ အနည်းငယ်ကျဆင်းလာကြောင်း သိရသည်။ ဈေးနှုန်း အနေဖြင့်လည်း ယခင်နှစ် ဇွန်လကုန်ပတ်တွင် နှမ်းနီသုံးတင်း တစ်အိတ်လျှင် ကျပ် ၂၆၅၀ဝ၀၊ ယခုနှစ် ဇွန်လကုန်ပတ်တွင် နှမ်းနီသုံးတင်း တစ်အိတ် လျှင် ကျပ် ၃၇၀ဝ၀ဝ ဖြင့် ယခုနှစ်တွင် ကျပ် ၁၀၅၀ဝ၀ ခန့် ဈေးမြင့်တက်လာခဲ့သလို နှမ်းနက်ဈေးမှာလည်း ယခင်နှစ်တွင် သုံးတင်းတစ်အိတ်လျှင် ကျပ် ၃၀ဝ၀ဝ၀  ဖြစ်ခဲ့ပြီး ယခုနှစ်ဖြစ်သော ဇွန်လကုန်အပတ်တွင် သုံးတင်းတစ်အိတ်လျှင် ကျပ် ၃၇၀ဝ၀ဝ ဖြစ်၍ ယခုနှစ်တွင် ကျပ် ၇၀ဝ၀ဝ ဈေးမြင့် လာခဲ့သည်။ 

ဆီနေကြာများ စိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက် အခြေအနေ

Mon, 06/03/2024 - 14:07 -- journal_editor

ကချင်ပြည်နယ်အတွင်း ဆီနေကြာများ စိုက်ပျိုးသူများအား ပြည်နယ်စိုက်ပျိုးမှု ကြီးကြပ်ရေးကော်မတီနှင့်  ခရိုင်စိုက်ပျိုးမှု ကြီးကြပ်ရေးကော်မတီမှ ဆီနေကြာမျိုးစေ့၊ သွင်းအားစုများ ပံ့ပိုး ကူညီပေးလျက်ရှိသလို စိုက်ပျိုးနည်းပညာများလည်း ဖြန့်ဝေပေး လျက်ရှိသည်။ ကချင်ပြည်နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဆီ နေကြာစိုက်ဧက ၁၁၅၃၅ ရှိခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဆီ နေကြာ စိုက်ဧက ၁၂၆၈၂ အထိ တိုးချဲ့စိုက်ပျိုးခဲ့ကြောင်း စိုက်ပျိုး ရေးဦးစီးဌာန၏ စာရင်းအရသိရသည်။

မန္တလေးကုန်စည်ဒိုင်တွင် မြေပဲဆန်နှင့် နှမ်းမျိုးစုံဈေးကွက် အရောင်းသွက်၍ ဈေးမြင့်လာ

Mon, 06/03/2024 - 11:49 -- journal_editor

မေလ နောက်ဆုံးပတ်အတွင်း မန္တလေး ကုန်စည်ဒိုင်သို့ ဧရာဝတီမြစ်ရိုးတစ်လျှောက်နှင့် အညာဒေသမှ မြေပဲဆန်များ ဝင်ရောက်နေပြီး မြေပဲလုံးဆန်များသည်   ယခင်သီတင်းပတ်က ဈေးအေးနေရာမှ ယခုပတ်တွင် တရုတ်ဝယ် လက်မှ ဝယ်ယူမှုရှိခြင်းနှင့် စက်ပိုင်များမှ ဝယ် ယူနေသောကြောင့် အရောင်းသွက်၍ ဈေးမြင့် လာသည်။ 
မြေပဲဆန် တစ်ပိဿာလျှင် ကျပ် ၁၀ဝ မှ ၅၀ဝ ထိ မြင့်တက်လာကြောင်း သိရသည်။  နှမ်း အမျိုးအစားမှာ  အရည်အသွေးအပေါ်မူတည်၍ ၄၅ ပိဿာဝင် သုံးတင်း တစ်အိတ်လျှင် ယခင် တစ်ပတ်ထက်  အနိမ့်ဆုံး ကျပ် ၅၀ဝ၀ မှ အမြင့် ဆုံး ကျပ် ၈၅၀ဝ၀ ထိ   မြင့်တက်လာကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။

ဒေသမရွေးသည့် စီးပွားဖြစ် စပျစ်

Mon, 06/03/2024 - 11:44 -- journal_editor

မြန်မာနိုင်ငံတွင် စပျစ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့အပြား၌ အများအပြား စိုက်ပျိုးဖြစ် ထွန်းလျက်ရှိကြောင်း သိရသည်။ စပျစ်စိုက်ပျိုးရာ တွင် ကိုင်းကူး/ကိုင်းဆက်၍ စိုက်ပျိုးနည်း၊ ပင် ထောင်စိုက်ပျိုးနည်း၊ ချုံပုတ်သဏ္ဌာန်စိုက်ပျိုးနည်း နှင့်   စင်တင်စိုက်ပျိုးနည်းဟူ၍   စိုက်ပျိုးလေ့ရှိ ကြောင်း၊ ကိုင်းဆက်စိုက်ပျိုးခြင်းသည် အပင်ပိုမို အကြမ်းခံသည်ဟုလည်း သိရသည်။ အများအား ဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် စင်တင်စိုက်ပျိုး ခြင်းနည်းကိုသာ အသုံးပြုကြသည်။

မကွေးပွဲရုံနှင့် ရေနံချောင်းပွဲရုံတို့တွင် ကြက်သွန်နီ အရောင်းအဝယ်ဖြစ်မှု အခြေအနေ

Mon, 06/03/2024 - 10:42 -- journal_editor

မကွေးတိုင်းဒေသကြီး မကွေးခရိုင် မကွေးဈေးကွက်အတွင်း စားဖိုဆောင်သုံးသီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီဈေး နှုန်းများ ကျဆင်းလာသည်။ မေလ စတုတ္ထပတ်တွင် ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် ၁၆၀ဝ-၁၈၀ဝ-၂၀ဝ၀  ရှိခဲ့ပြီး မေလ တတိယပတ်တွင် ကျပ် ၁၆၀ဝ-၁၈၀ဝ-၂၁၀ဝ ဖြစ်၍ ကျပ် ၁၀ဝ ကျဆင်းလာကြောင်း  ရေနံချောင်း၊ ပခုက္ကူ၊ မြစ်သားတို့မှ ဝယ်ယူကြောင်း၊ ကြက်သွန်နီများကို ပွဲရုံမှတစ်ဆင့်  မင်းဘူး၊ သရက်၊ ကံမ၊ နတ်မောက်၊ ငဖဲမြို့များမှ ပြန်လည်ဝယ်ယူကြပြီး တစ်နေ့လျှင် ပိဿာချိန် ၁၀ဝ၀ ခန့်၊ တစ်ပတ်လျှင် တန်ချိန်ကိုးတန်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပွဲရုံများမှ သိရှိရ သည်။

ပြည်ကြက်သွန်နီနှင့် ချင်း အဝင်နည်း၍ ဈေးမြင့်

Mon, 06/03/2024 - 10:40 -- journal_editor

ကြက်သွန်နီ
ယခုမေလကုန်တွင် ပြည်ဈေးကွက်သို့ ကြက်သွန်နီဝင် ရောက်မှု  နည်းပါးလျက်ရှိပြီး သုံးရက်ခြား တစ်ကြိမ်သာ အဝင်ရှိကာ ပိဿာချိန်  ၈၀ဝ၀ ခန့်ကို အောင်လံ၊ မကွေးတို့ ဘက်မှ အဝင်ရှိနေသည်။ အဝင်နည်းသည့်အတွက် ယခင် တစ်ပတ်ကတက် ဈေးအနည်းငယ်မြင့်တက်သွားပြီး အရောင်း အဝယ်မှာ ပုံမှန် အိတ်ဆွဲဝယ်လက်သမားများနှင့်သာ ရောင်း ဝယ်မှု ရှိနေသည်။ 

မကွေးတိုင်းဒေသကြီးအတွင်းရှိ ကုန်စည်ဒိုင်များ၏ ပဲ၊ နှမ်းမျိုးစုံ အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Mon, 06/03/2024 - 10:20 -- journal_editor

မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံဖြစ်သော မြေပဲ၊ နှမ်း၊ ကြက်သွန်နီနှင့် အခြားပဲမျိုးစုံကို အဓိကထားစိုက်ပျိုးပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိသည်။  မကွေးတိုင်းဒေသကြီးအတွင်းရှိ  မကွေး၊ တောင်တွင်းကြီး၊ အောင်လံ၊ ရေနံချောင်း၊ ဆိပ်ဖြူနှင့် ပခုက္ကူကုန်စည်ဒိုင်တွင် နှမ်း၊ ကြက်သွန်နီနှင့် ပဲမျိုးစုံသီးနှံများ  ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ၂၀၂၄  ခုနှစ်၊ မေလ စတုတ္ထပတ်တွင် ကုန်စည်ဒိုင်များတွင် အရောင်းအဝယ်ဖြစ်ပေါ်နေသော ကုန်ပစ္စည်းများ တစ်ပိဿာဈေး နှုန်းများမှာ မကွေးကုန်စည်ဒိုင်တွင် နှမ်းဖြူ ကျပ် ၈၈၃၀-၉၀၇၀၊ နှမ်းနီ ကျပ် ၈၀ဝ၀၊ နှမ်းနက်(စမုန်) ကျပ် ၉

ပခုက္ကူမြို့ပေါ်ရှိ ခရမ်းချဉ်သီးဈေးကွက်

Tue, 05/07/2024 - 12:40 -- journal_editor

ပခုက္ကူမြို့ပေါ်ရှိ ခရမ်းချဉ်သီးဈေးကွက်မှာ ရှမ်းပြည်နယ် အောင်ပန်း၊ ပြင်ဦးလွင်မှ ဝင်ရောက်သည့် ခရမ်းချဉ်သီးနှင့် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်း၊ ပုပ္ပားဒေသထွက် ခရမ်းချဉ်သီးနှင့် ပခုက္ကူ၊ မြစ်ခြေကျွန်းဒေသထွက် ခရမ်းချဉ်သီးများ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ထိုင်ဝမ် ခရမ်းချဉ် သီးနှင့် ဗမာခရမ်းချဉ်သီးနှစ်မျိုးဖြစ်ကြောင်း သိရှိရသည်။ 

ပခုက္ကူ ကုန်စည်ဒိုင်တွင် ထောပတ်ပဲနှင့် ပြောင်းဖူးစေ့များ အရောင်းအဝယ်ဖြစ်

Mon, 05/06/2024 - 12:05 -- journal_editor

ပခုက္ကူကုန်စည်ဒိုင်တွင် ပဲမျိုးစုံ ဝင်ရောက်အရောင်း အဝယ်ဖြစ်လျက်ရှိရာ ယခုတစ်ပတ်တွင် ထောပတ်ပဲဈေးနှုန်း များ ယခင် တစ်ပတ်ထက် မြင့်တက်လာကြောင်း ကုန်စည်ဒိုင် မှ သိရသည်။ ထောပတ်ပဲ စိုက်ပျိုးရာ ဒေသများဖြစ်သော ပခုက္ကူကျွန်းနယ်များ ရေစကြိုဒေသဘက်မှ ကျွန်းနယ်များ နှင့်ယောနယ်ဒေသမှထွက်ရှိသော ထောပတ်ပဲများ ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပခုက္ကူကုန်စည်ဒိုင်တွင် ပခုက္ကူခရိုင်တစ်ခုလုံး၏ စီးပွားရေး အချက်အချာကျသော နေရာဒေသတစ်ခုလည်းဖြစ်သည်။ 

ပြည်နှမ်းဈေးများ ဆက်လက်မြင့်တက်လာ

Mon, 05/06/2024 - 12:03 -- journal_editor

ပြည်ခရိုင်၏ မေလဆန်းတွင် နွေနှမ်းများ ရိတ်သိမ်းပြီး၍ မိုး နှမ်းများစိုက်ပျိုးရန် ထွန်ရေးပြင်ချိန်ဖြစ်ရာ နှမ်းသီးနှံလက်ကျန်များ ရှားပါးလာ၍ ဈေးနှုန်းများမြင့်တက်လာသည်ဟု သိရသည်။ 

Pages

Subscribe to RSS - လယ်ယာထွက်ကုန်ပစ္စည်းသတင်း