Background
လယ်ယာထွက်ကုန်ပစ္စည်းသတင်း
တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်း ရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ
အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၇ ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာ ကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရသည်။
မြင်းခြံ မိုးကြက်သွန်နီဈေးကွက် အရောင်းအဝယ်သွက်
ယခုနှစ် ဖေဖော်ဝါရီ နောက်ဆုံးပတ်မြင်းခြံခရိုင်တွင်း ဖြစ်ပေါ်နေသော မးို ကြက်သွန်နီဈေးနှုန်များအနေဖြင့် ကြီးစတစ်ပိဿာလျှင် ကျပ် ၂၉၀၀ မှ ၃၀ဝ၀၊ အလတ်စ ကျပ် ၂၅၀ဝ မှ ၂၇၀ဝ ဖြစ်ပြီး အသေးစ တစ်ပိဿာလျှင် ကျပ် ၁၉၀ဝ မှ ၂၀ဝ၀ နှုန်းဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်နေကြောင်းသိရ သည်။ ယခင်တစ်ပတ် ဈေးနှုန်းများအနေဖြင့် မိုးကြက်သွန်နီကြီး တစ်ပိဿာလျှင် ကျပ် ၁၉၀ဝ မှ ၂၂၀ဝ၊ အလတ်စ တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ မှ၁၈၀ဝ၊ အသေးစတစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ မှ ၁၃၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည် ယခင်တစ်ပတ်ထက် ယခုတစ်ပတ်တွင် မိုးကြက်သွန်နီ အရွယ်အစားအလိုက် တစ်ပိဿာလျှင် ၇၀ဝ ကျပ်အထိ ဈေးနှုန်းမြင့်တက်ခဲ့သည်။ ယင်းသိ
ပြည်ခရိုင်၏လယ်ယာထွက်ကုန်ဈေးကွက်
မြေပဲဆန်
ပြည်ခရိုင်မှထွက်ရှိသော မြေပဲဆန်များကို ပြည်မြို့ရှိ ဈေးကွက် များနှင့် ပွဲရုံများသို့ ရောင်းချပြီး မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့မှ ဝယ်ယူကြသည်။ မိုးမြေပဲနှင့်ဆောင်းမြေပဲလှိုင်လှိုင်ပေါ်ချိန်တွင် ပြည် မြို့ရှိဈေးကွက်များသို့ နေ့စဉ်အိတ် ၁၀ဝ၀/၁၅၀ဝ ခန့် ဝင်ရောက်မှု ရှိသလို အရောင်းအဝယ်ဖြစ်မှုမှာလည်း ဝင်သလောက် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။မြေပဲဆန်ဈေးများမှာဈေးကွက်ပေါ် မူတည် ပြီး ဈေးအတက်အကျရှိသည်။
နှမ်း
ဗန်းမော်ဒေသထွက် ဆောင်းအာလူး ဈေးကွက်
ကချင်ပြည်နယ် ဗန်းမော်မြို့၏ ဒေသထွက် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ဆောင်းအာလူးကို ဗန်းမော်မြို့ အရှေ့ ဘက် တာပိန်မြစ်ကမ်း မြေနုကျွန်းပေါ်စိုက်ခင်းများတွင်လည်းကောင်း မံမလင်း၊ ကောင်းစင့်၊ သပြေကုန်း၊ ရေနီကျေးရွာများတွင် လည်း စိုက်ပျိုးလျက်ရှိကြသည်။ ဆောင်းအာလူးကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် အများဆုံးစိုက်ပျိုးကြပြီး ဖေဖော်ဝါရီလကုန်ခါနီးတွင် ရိတ်သိမ်းကြသည်။ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဗန်းမော်မြို့နယ်အတွင်း အာလူးစိုက်ဧကမှာ ၇၁၂ ဧကရှိပြီး ထွက်ရှိမှုမှာ ပိဿာ ၂၀၂၃၆၈၂ ကျော်ခန့်ဖြစ်သည်။ ယခုနှစ်တွင် အာလူးစိုက်တောင်သူများမှာ ယခင်နှစ်ထက် ပိုမို၍ စိုက်ပျိုးလျက်ရှိသည်။
ပခုက္ကူခရိုင် ပေါက်မြို့နယ်ထွက် အာလူးများ ဈေးကောင်းရရှိ
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်အတွင်းရှိ ပေါက် မြို့နယ်အနေဖြင့် စိုက်ပျိုးရေးကို အဓိကထား၍ ဒေသစီးပွား ဖြစ် စိုက်ပျိုးလုပ်ကိုင်ကြရာ အာလူးသီးနှံကိုလည်း အဓိက သီးနှံအဖြစ် စိုက်ဧက ၂၀ဝ၀ ခန့် နှစ်စဉ်စိုက်ပျိုးလျက်ရှိသည်။
စိုက်ပျိုးသင့်သည့် ငွေနှင်းမှိုလုပ်ငန်း
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိ ဆပ်သွား တော ကျေးရွာ ငွေနှင်းမှိုစိုက်ပျိုးရေးလုပ်ငန်းကို ၂၀၁၅ ခုနှစ်မှစတင်ခဲ့ပြီး မှိုစိုက်ပျိုးခြင်းမှာ တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သော အော်ဂဲနစ်လုပ်ငန်းဖြစ်ကြောင်း ကိုယ် တိုင်မျိုးထုပ်၊ မျိုးပုလင်းများပြုလုပ်၍ မျိုးပုလင်းတစ်ပုလင်းလျှင် ကျပ် ၁၅၀ဝ ဖြင့် လက်လီ/လက်ကား ရောင်းချလျက်ရှိကြောင်းသိရသည်။ မျိုးပုလင်းပြုလုပ်ရာတွင် ပါဝင်သော ပစ္စည်းများမှာ လွှဇာ၊ ဖွဲနု၊ ထုံး၊ ဆခါး၊ သကြား ငါးမျိုးရောစပ်၍ မျိုးထုပ်ရကြောင်း မျိုးထုပ်ဆိုဒ်မှာ နှစ်မျိုးရှိကြောင်း၊ စိုက်ပျိုးထားသည့်နေရာ (20'x50')အကျယ်အဝန်းရှိ တစ်ရုံသာရှိပြီး စိုက်ပျိုးထုပ်ပေါင်း
ဆိပ်ဖြူ ကြက်သွန်နီ ဈေးကွက်
ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် မိုးကြက်သွန်နီများ ဆိပ်ဖြူ ကုန်စည်ဒိုင် ဈေး ကွက်သို့ နေ့စဉ် ပိဿာသုံးသောင်းခန့်နှင့် တစ်ပတ်အတွင်း ကုန်ချိန်ပိဿာ သုံးသိန်း ခန့် ဝင်ရောက်လျက်ရှိကြောင်း ဈေးကွက်မှသိရှိရသည်။
တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်း ရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ
အင်းစိန်မြို့နယ်ရှိ တညင်းကုန်း လက်ကားဈေးကြီး အတွင်းသို့ ဇန်နဝါရီ စတုတ္ထပတ်အတွင်း ညောင်တုန်း၊မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေ ကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်၌ မိုးကြက်သွန်နီ(ဥ)စိုက်တောင်သူများ အကျိုးအမြတ်ရရှိနေ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ တောင်သူများသည် နှစ်စဉ် ကိုင်းကျွန်းမြေများတွင် ကြက်သွန်နီ (ဥ)စိုက်ကို စိုက်ဧက ၉၀ဝ ဝန်းကျင်ခန့် ဒေသစီးပွားဖြစ် စိုက်ပျိုးကြသည်။ မိုးကြက် သွန်နီ(ဥ)စိုက်ကို အောက်တိုဘာလလယ်မှ နိုဝင်ဘာလကုန်အထိ စိုက်ပျိုးကြပြီး ဇန်နဝါ ရီလဆန်းပိုင်းမှ ဖေဖော်ဝါရီလအထိ တူးဖော် ကြသည်။ ယခုနှစ်တွင် ပြည်တွင်းဈေးကွက် ခိုင်မာမှုရှိသော ကြက်သွန်နီကို စိုက်ဧက ၁၀ဝ၀ ခန့်အထိ တိုးချဲ့စိုက်ပျိုးကြောင်း သိရှိ ရသည်။