ပေါက်မြို့နယ် ယောချောင်းဘေးရှိ အောက်ကျင်းကျေးရွာ၌ ကြက်သွန်နီ စိုက်ပျိုးမှု အခြေအနေ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက် မြို့နယ်၊ ပျဉ်းချောင်းအုပ်စု၊ ယောချောင်းနံဘေးရှိ ကျေးရွာများဖြစ်သော ပျဉ်းချောင်း၊ ထန်းတော ကုန်း၊ ဆူးလေကုန်း၊ ဆယ်ဝ၊ ဆင်သေ၊ အောက် ကျင်း စသည့်ကျေးရွာများသည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြပြီး စပါး၊ ကုလားပဲ၊ မြေပဲ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး စသည့် သီးနှံများကိုရာသီအလိုက် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။