ဆန်နှင့် ဆန်ကွဲတန်ချိန် ခြောက်သောင်းကျော် တင်ပို့
ဧပြီလ ၁ ရက်မှ ၂၆ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းကုန် သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၄၉၁ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၂၉၃၇၅ တန် တင်ပို့ခဲ့ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့မှုများမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ အင်ဒိုနီးရှား နိုင်ငံ၊ မလေးရှားနိုင်ငံနှင့် အီးယူနိုင်ငံများဖြစ်သည်။ ဆန်အပြင် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဆန်ကွဲကို တင်ပို့ခဲ့ရာ ဧပြီလအတွင်း အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၈၀၈ သန်းဖိုးရှိဆန်ကွဲ ၃၅၉၇၃ တန် တင်ပို့ခဲ့သည်။ ဆန်ကွဲကို ဗီယက်နမ်နိုင်ငံ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်င