ပြည်ပသို့ ရေထွက်ကုန် တန်ချိန် သုံးသိန်းခွဲနီးပါး တင်ပို့ထား
ယခု ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ် ဧပြီ လမှ ဒီဇင်ဘာလအထိ ကိုးလတာ ကာလ အတွင်း ပြည်ပသို့ ရေထွက်ကုန် တန်ချိန် သုံး သိန်းခွဲနီးပါး တင်ပို့ထားကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။
ပင်လယ်ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်ထွက်ပေါက်များမှတစ်ဆင့် ရေထွက် ကုန် တန်ချိန် ၃၄၅၀ဝ၀ကျော် တင်ပို့ထားခြင်း ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၅၁၈ သန်းကျော် ရရှိထားကြောင်း သိရသည်။