နိုဝင်ဘာလအတွင်း ဓာတ်မြေသြဇာနှင့် ဘိလပ်မြေ တင်သွင်းမှု အခြေအနေ
ဓာတ်မြေသြဇာ
Background
ဓာတ်မြေသြဇာ
ဆန်
နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၄၆ ဒသမ ၈၉ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၈၁၉၀ဝ ကျော်တင်ပို့သည်။ ဆန်တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၆၇၅၈၀ ကျော်နှင့် ဥရောပနိုင်ငံများသို့ ဆန်တန်ချိန် ၁၄၃၀ဝ ကျော် တင်ပို့ခဲ့သည်။
လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် လေးသိန်းခန့် တင်ပို့ရန် ရှိကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူ များအသင်းမှ သိရသည်။ပြည်ပနိုင်ငံများသို့ မြန်မာ့ရော်ဘာများ တင်ပို့ ရာတွင် တရုတ်နိုင်ငံက အဓိကဝယ်လက်ဖြစ်ပြီး နှစ်စဉ် ၇၅ ရာခိုင်နှုန်းခန့် တရုတ်ဈေးကွက်သို့ တင်ပို့ ရောင်းချနေခြင်းဖြစ်သည်။ ထို့ပြင် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ အိန္ဒိယနှင့် ဂျပန် အစရှိသည့် နိုင်ငံ များသို့လည်း တင်ပို့လျက်ရှိပြီး နိုင်ငံအလိုက် တန်ချိန် အနည်းငယ်စီ ဝယ်ယူကြကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့် ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ပြည်ပသို့ ရော်ဘာတ
ပြည်တွင်းမှထွက်ရှိသည့် ဝဥများကို ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိရာတွင် အိမ် နီးချင်း တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့နေရ ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ သိရသည်။
တရုတ်သို့ ဝဥများတင်ပို့မှုတွင် နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းအပြင် ပင်လယ်ရေ ကြောင်းကပါ တင်ပို့ရောင်းချနေခြင်းဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၉၀ ရာခိုင်နှုန်းခန့် တင်ပို့ နေရခြင်းဖြစ်ကြောင်း သိရသည်။
နို့မှုန့်
နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၁ သန်းတန်ဖိုးရှိ နို့မှုန့် တန်ချိန် ၁၀ဝ ကျော် နယူးဇီလန်နိုင်ငံမှ တင်သွင်းခဲ့ သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ နို့မှုန့်တန်ချိန် ၅၀ဝ ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်းသိရ သည်။
ဆေးဝါးပစ္စည်းများ
ဓာတ်မြေသြဇာ
နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၃၆ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၉၀ဝ၀ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၆၀ဝ၀ ကျော်၊ ဗီယက်နမ်နိုင်ငံမှ တန်ချိန် ၁၅၀ဝ ကျော်၊ ဥဇဘက်ကစ္စတန်နိုင်ငံမှ တန်ချိန် ၁၀ဝ၀ ကျော်၊ ဂျာမနီနိုင်ငံမှ တန်ချိန် ၅၀ဝ ကျော် တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့်နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ ဓာတ်မြေသြဇာတန်ချိန် ၂၀ဝ၀ဝ ကျော် လျော့နည်းတင်သွင်း ခဲ့ကြောင်း သိရသည်။
ရော်ဘာ
နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်ထိ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန် ဒေါ်လာ ၁ ဒသမ ၄၇၀ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၁၀ဝ ကျော် တင်ပို့ခဲ့သည်။ ရော်ဘာတင်ပို့မှုအနေဖြင့် မလေးရှားနိုင်ငံသို့ တန်ချိန် ၇၀ဝ၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာ တန်ချိန် ၃၀ဝ ကျော်နှင့် တရုတ်နိုင်ငံသို့ ရော်ဘာ ၁၀ဝ ကျော် တင်ပို့ခဲ့သည်။
ဆန်
နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၁၅၁ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၂၉၉၀ဝ တင်ပို့ခဲ့ သည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်း တရုတ်နိုင်ငံကို နယ်စပ်လမ်းကြောင်းမှနေ၍ မြန်မာ့ပြောင်းတန်ချိန် ၆၀ဝ၀ နီးပါး တင်ပို့ခဲ့ ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။
နို့ဆီ
နိုဝင်ဘာ ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၁၀၉ သန်းတန်ဖိုးရှိ နို့ဆီ တန်ချိန် ၁၀ဝ ကျော် တင်သွင်းခဲ့ သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေ ကြောင်းမှ နို့ဆီတန်ချိန် ၃၅၀ခန့် လျော့နည်းတင်သွင်းခဲ့ ကြောင်း သိရသည်။