ဆန်နှင့် ဆန်ကွဲ တန်ချိန် တစ်သောင်းကျော် တင်ပို့
ဆန်
သြဂုတ် ၁ ရက်မှ ၂၃ ရက်ထိ ကာလအတွင်း ပင်လယ်ရေ ကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၈၇၃ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၆၂၁၀ဝ ကျော်တင်ပို့နိုင်ပြီး ဆန် တင်ပို့မှုများ အနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၄၀၇၀ဝ ကျော်၊ အီးယူ အဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၉၇၀ဝ ကျော်၊ အာဖရိကနိုင်ငံ များသို့ ဆန်တန်ချိန် ၁၁၇၀ဝ ကျော် တင်ပို့ခဲ့သည်။