နိုဝင်ဘာလအတွင်း ဆန်နှင့်ဆန်ကွဲ တင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၈၆ သန်းရရှိ
ဆန်
နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၄၆ ဒသမ ၈၉ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၈၁၉၀ဝ ကျော်တင်ပို့သည်။ ဆန်တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၆၇၅၈၀ ကျော်နှင့် ဥရောပနိုင်ငံများသို့ ဆန်တန်ချိန် ၁၄၃၀ဝ ကျော် တင်ပို့ခဲ့သည်။