ပြည်ပပို့ကုန် ဝန်ဆောင်ခ လျှော့ချနိုင်ရေး နည်းလမ်းကောင်းများ ရှာဖွေထုတ်လုပ်တင်ပို့
သီးနှံပို့ကုန်တစ်မျိုး ပြည်ပဈေးကွက် တိုးမြှင့်တင်ပို့နိုင်ရေးအတွက် သီးနှံ အရည်အသွေးပြည့်မီပြီး စားသုံးသူဘေး ကင်းလုံခြုံစေရန် လိုအပ်သကဲ့သို့ စိုက်ပျိုး ထုတ်လုပ်တင်ပို့မှု ကုန်ကျစရိတ် လျှော့ချနိုင်ရေးသည် စိုက်ပျိုးတောင်သူများအတွက် အဓိကအချက်ဖြစ်သည်။ ထုတ်လုပ်တင်ပို့မှု ကုန်ကျ စရိတ်တွင် သီးနှံတစ်ဧကကုန် ကျစရိတ်နှင့် သယ်ယူပို့ဆောင်မှု ဝန်ဆောင်ခဟူ၍ အချက်များပါဝင်သည်။ ပြည်ပ ပို့ကုန် အခန်းကဏ္ဍတွင် ကုန်ကျစရိတ်ကြီးမားသဖြင့် သယ်ယူပို့ဆောင်ခ စရိတ် လျှော့ချနိုင်ရေးကို စိုက်ပျိုးထုတ်လုပ်သူလုပ်ငန်းရှင်များမှ နည်းလမ်းကောင်းများ ရှာဖွေကြံဆလာကြသည်ကို တွေ့ရှိလာရသည်။