Main menu

Background

ကုန်သွယ်ရေးသတင်း

ပြည်ပပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံနီးပါး ဆောင်ရွက်နိုင်ပြီဖြစ်

Wed, 12/20/2023 - 11:34 -- journal_editor

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဒီဇင်ဘာလဆန်းအထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု စာရင်းအရ ပို့ကုန် အမေ ရိကန်ဒေါ်လာ ၁၀ ဘီလီယံနီးပါးထိ တင်ပို့နိုင်ပြီးဖြစ်သည်။ ယခုနှစ်တွင် မတ်ပဲ၊ ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ပဲတီစိမ်း၊ ရော်ဘာ၊ ပဲစင်းငုံ၊ နှမ်း၊ မြေပဲနှင့် ကြက်သွန်နီ၊ နနွင်းတက်၊ မန်ကျည်းသီး၊ ချင်းခြောက်၊ ဝဥ၊ ကြက်ဆူစေ့၊  ကော်ဖီစေ့၊ သီဟိုဠ်စေ့၊ ဝါ၊ ပီလောပီနံ၊ ဖရဲ၊ သခွား၊ သရက်၊ တစ်သျှူးငှက်ပျော လယ်ယာ ထွက်ကုန်များ စုံလင်စွာ တင်ပို့နိုင်သကဲ့သို့ ရေထွက်ပစ္စည်း ကဏ္ဍ ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ငါးရှဉ့်၊ ငါးလေးခြောက်၊ ငါး ခြောက်များ တင်ပို့လျက်ရှိသည်။ 

နိုဝင်ဘာလအတွင်း နို့ဆီ၊ နို့မှုန့်နှင့် ဆေးဝါးပစ္စည်းများ တင်သွင်းမှုအခြေအနေ

Wed, 12/20/2023 - 11:05 -- journal_editor

နို့ဆီ
နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ၆၅၄ သန်းတန်ဖိုးရှိ နို့ဆီတန်ချိန် ၅၀ဝခန့် တင်သွင်း ခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ် ရေကြောင်းမှ နို့ဆီတန်ချိန် ၁၀ဝ‌ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။ 
နို့မှုန့်

နိုဝင်ဘာလအတွင်း ဆန်နှင့်ဆန်ကွဲ တင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၈၆ သန်းရရှိ

Wed, 12/20/2023 - 10:33 -- journal_editor

ဆန်
နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၄၆ ဒသမ ၈၉ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၈၁၉၀ဝ ကျော်တင်ပို့သည်။ ဆန်တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၆၇၅၈၀ ကျော်နှင့် ဥရောပနိုင်ငံများသို့ ဆန်တန်ချိန် ၁၄၃၀ဝ ကျော် တင်ပို့ခဲ့သည်။

လာမည့် ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် လေးသိန်းခန့် တင်ပို့ရန် ရှိနေ

Wed, 12/20/2023 - 10:18 -- journal_editor

လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် လေးသိန်းခန့် တင်ပို့ရန် ရှိကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူ များအသင်းမှ သိရသည်။ပြည်ပနိုင်ငံများသို့ မြန်မာ့ရော်ဘာများ တင်ပို့ ရာတွင် တရုတ်နိုင်ငံက  အဓိကဝယ်လက်ဖြစ်ပြီး နှစ်စဉ် ၇၅ ရာခိုင်နှုန်းခန့် တရုတ်ဈေးကွက်သို့ တင်ပို့ ရောင်းချနေခြင်းဖြစ်သည်။ ထို့ပြင် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ အိန္ဒိယနှင့် ဂျပန် အစရှိသည့် နိုင်ငံ များသို့လည်း တင်ပို့လျက်ရှိပြီး နိုင်ငံအလိုက် တန်ချိန် အနည်းငယ်စီ ဝယ်ယူကြကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့် ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ  ပြည်ပသို့  ရော်ဘာတ

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဝဥများကို တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့

Mon, 12/04/2023 - 12:03 -- journal_editor

ပြည်တွင်းမှထွက်ရှိသည့်    ဝဥများကို ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိရာတွင် အိမ် နီးချင်း တရုတ်နိုင်ငံသို့   အများဆုံး တင်ပို့နေရ ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်     စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ သိရသည်။
တရုတ်သို့ ဝဥများတင်ပို့မှုတွင် နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းအပြင် ပင်လယ်ရေ ကြောင်းကပါ    တင်ပို့ရောင်းချနေခြင်းဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၉၀ ရာခိုင်နှုန်းခန့်   တင်ပို့ နေရခြင်းဖြစ်ကြောင်း သိရသည်။

ယခုတစ်ပတ်အတွင်း နို့မှုန့်နှင့် ဆေးဝါးပစ္စည်းများ တင်သွင်းမှု အခြေအနေ

Mon, 12/04/2023 - 11:11 -- journal_editor

နို့မှုန့်
နိုဝင်ဘာ  ၁၈ ရက်မှ ၂၄ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း   ကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ  သုည ဒသမ ၁ သန်းတန်ဖိုးရှိ နို့မှုန့် တန်ချိန် ၁၀ဝ ကျော် နယူးဇီလန်နိုင်ငံမှ တင်သွင်းခဲ့ သည်။  အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက  ပင်လယ်ရေကြောင်းမှ နို့မှုန့်တန်ချိန် ၅၀ဝ ကျော်  လျော့နည်းတင်သွင်းခဲ့ကြောင်းသိရ သည်။
ဆေးဝါးပစ္စည်းများ

ယခုတစ်ပတ်အတွင်း ဓာတ်မြေသြဇာနှင့် ဘိလပ်မြေ တင်သွင်းမှုအခြေအနေ

Mon, 12/04/2023 - 11:10 -- journal_editor

ဓာတ်မြေသြဇာ
နိုဝင်ဘာ  ၁၈ ရက်မှ ၂၄ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ    အမေရိကန်ဒေါ်လာ ၄  ဒသမ ၃၃၆ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၉၀ဝ၀ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၆၀ဝ၀ ကျော်၊ ဗီယက်နမ်နိုင်ငံမှ တန်ချိန် ၁၅၀ဝ ကျော်၊ ဥဇဘက်ကစ္စတန်နိုင်ငံမှ တန်ချိန် ၁၀ဝ၀ ကျော်၊ ဂျာမနီနိုင်ငံမှ တန်ချိန် ၅၀ဝ ကျော် တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့်နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ ဓာတ်မြေသြဇာတန်ချိန် ၂၀ဝ၀ဝ ကျော် လျော့နည်းတင်သွင်း ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ တတိယပတ်အတွင်း ရော်ဘာနှင့် ပြောင်း တင်ပို့မှုအခြေအနေ

Mon, 12/04/2023 - 11:02 -- journal_editor

ရော်ဘာ
နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်ထိ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ  အမေရိကန် ဒေါ်လာ ၁ ဒသမ  ၄၇၀ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၁၀ဝ ကျော် တင်ပို့ခဲ့သည်။ ရော်ဘာတင်ပို့မှုအနေဖြင့် မလေးရှားနိုင်ငံသို့  တန်ချိန် ၇၀ဝ၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာ တန်ချိန် ၃၀ဝ ကျော်နှင့် တရုတ်နိုင်ငံသို့ ရော်ဘာ ၁၀ဝ ကျော် တင်ပို့ခဲ့သည်။

နိုဝင်ဘာလ တတိယပတ်အတွင်း ဆန်နှင့် ဆန်ကွဲ တန်ချိန် ငါးသောင်းငါးထောင် တင်ပို့

Mon, 12/04/2023 - 10:54 -- journal_editor

ဆန်
နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၁၅၁ သန်း  တန်ဖိုးရှိ ဆန်တန်ချိန် ၂၉၉၀ဝ တင်ပို့ခဲ့ သည်။

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း