Main menu

Background

ကုန်သွယ်ရေးသတင်း

အောက်တိုဘာလအတွင်း တရုတ်သို့ ပြောင်းတန်ချိန် ၆၀ဝ၀ နီးပါး တင်ပို့ခဲ့

Mon, 11/20/2023 - 13:29 -- journal_editor

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း တရုတ်နိုင်ငံကို နယ်စပ်လမ်းကြောင်းမှနေ၍ မြန်မာ့ပြောင်းတန်ချိန် ၆၀ဝ၀ နီးပါး တင်ပို့ခဲ့ ကြောင်း  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။

တစ်ပတ်အတွင်း နို့ဆီ၊ နို့မှုန့်နှင့် ဆေးဝါးပစ္စည်းများ တင်သွင်းမှုအခြေအနေ

Mon, 11/20/2023 - 10:59 -- journal_editor

နို့ဆီ
နိုဝင်ဘာ  ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ သုည  ဒသမ ၁၀၉ သန်းတန်ဖိုးရှိ နို့ဆီ တန်ချိန် ၁၀ဝ ကျော် တင်သွင်းခဲ့ သည်။  အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေ ကြောင်းမှ နို့ဆီတန်ချိန် ၃၅၀ခန့် လျော့နည်းတင်သွင်းခဲ့ ကြောင်း သိရသည်။

မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံတန်ချိန် နှစ်သောင်းရှစ်ရာကျော် တင်ပို့ခဲ့

Mon, 11/20/2023 - 10:39 -- journal_editor

နိုဝင်ဘာ ၄ ရက်မှ ၁၀ ရက်ထိ ကာလအတွင်း   ပဲမျိုးစုံတင်ပို့မှုများ အနက်မှ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ ကုန် သွယ်မှုမှာ တန်ဖိုး အမေရိ ကန်ဒေါ်လာ ၂၇ဒသမ ၁၀၆ သန်းနှင့်  တန်ချိန် ၂၈၆၀ဝ ကျော်ရှိကြောင်း  တန်ချိန် တန်ဖိုးနှင့်အတူ ဖော်ပြလိုက်ပါသည်။ 
မတ်ပဲ
မတ်ပဲတင်ပို့မှုမှာ်၊ ပါကစ္စ တန်နိုင်ငံသို့   တန်ချိန် ၆၂၀  ကျော်၊ ဗီယက်နမ်နိုင်ငံသို့  တန်ချိန် ၃၀ဝနှင့် မလေးရှား၊  အင်ဒိုနီးရှား၊  ဂျပန်နှင့် အီးယူနိုင်ငံများသို့လည်း တင်ပို့ခဲ့သည်။ ထို့ပြင်  မြန်မာ-ထိုင်းနယ်စပ်မှလည်း မတ်ပဲ ၆၄ တန် တင်ပို့ခဲ့ကြောင်း သိရ သည်။

တစ်ပတ်အတွင်း ဆန်နှင့် ဆန်ကွဲတင်ပို့မှု အခြေအနေ

Mon, 11/20/2023 - 10:34 -- journal_editor

ဆန်
နိုဝင်ဘာ ၄ ရက်မှ ၁၀ ရက်ထိ ကာလအတွင်း  ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂  ဒသမ ၇၆၅ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၄၈၄၀ ကျော် တင်ပို့ခဲ့သည်။ 

အောက်တိုဘာလအတွင်း ဓာတ်မြေသြဇာ၊ ဘိလပ်မြေနှင့် ဆေးဝါးပစ္စည်း တင်သွင်းမှုအခြေအနေ

Tue, 11/07/2023 - 11:34 -- journal_editor

ဓာတ်မြေသြဇာ

အောက်တိုဘာလအတွင်း ရော်ဘာနှင့် ပြောင်း တင်ပို့မှုအခြေအနေ

Tue, 11/07/2023 - 10:52 -- journal_editor

အောက်တိုဘာ ၁ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၇၈၁ သန်း  တန်ဖိုးရှိ ရော်ဘာတန်ချိန် ၅၃၀ဝ ကျော် တင်ပို့ခဲ့သည်။  ရော်ဘာတင်ပို့သော နိုင်ငံများမှာ  တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၄၁၃၀ ကျော်၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာတန်ချိန် ၇၀ဝ ကျော် နှင့် မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၂၆၀ကျော်နှင့် ကိုရီးယားနိုင်ငံသို့ ရော်ဘာတန်ချိန် ၂၀ဝ  ကျော် တင်ပို့ခဲ့သည်။

အောက်တိုဘာလအတွင်း ဆန်နှင့် ဆန်ကွဲ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၇၀ ကျော်ရရှိ

Tue, 11/07/2023 - 10:50 -- journal_editor

ဆန်
အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းမှ ဆန်တန်ချိန် ၉၁၇၆၀ ကျော် တင်ပို့ခဲ့ပြီး  အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၉၉၂ သန်း ရရှိခဲ့ သည်။ ဆန်တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၇၄၂၀ဝ ကျော်၊  အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန်  ၁၅၀ဝ၀ ကျော်နှင့် အာဖရိကနိုင်ငံများသို့ ဆန်တန်ချိန် ၂၅၄၀ တင်ပို့ခဲ့သည်။

မြန်မာနိုင်ငံက ပြုပြင်ထုတ်လုပ်သည့် အေးခဲအသားများကို နိုင်ငံတကာဈေးကွက်သို့ တရားဝင်တင်ပို့ရန် စီစဉ်နေ

Mon, 10/23/2023 - 16:04 -- journal_editor

မြန်မာနိုင်ငံက ပြုပြင်ထုတ်လုပ်သည့် အေးခဲအမဲသား၊ အေးခဲဆိတ်သား၊ အေးခဲဘဲသား စသည့် အေးခဲအသားများကို တရုတ်အပါအဝင်   ပြည်ပဈေးကွက်များဆီသို့ တရားဝင် တင်ပို့ရန် စီစဉ်နေကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
နိုင်ငံတွင်း အေးခဲအသားထုတ်လုပ်ရန် လိုအပ်သည့် အရည်အသွေး၊ လိုက်နာရမည့်  ကျင့်စဉ်များအတွက် အမိန့် ညွှန်ကြားချက်များကိုလည်း မကြာမီရက်ပိုင်းအတွင်း ထုတ် ပြန်သွားရန်ရှိကြောင်း   ယင်းဌာနမှ   ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက   အောက်တိုဘာ ၁၈ ရက်တွင် ပြော သည်။

တရုတ်သို့ တင်ပို့ရန် ပြင်ဆင်နေသည့် မြန်မာ့ပြောင်း

Mon, 10/23/2023 - 15:01 -- journal_editor

ယခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ပြောင်းတန်ချိန် လေးသိန်းခန့် တင်ပို့နိုင်ရန် ခန့်မှန်းထား ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များထံမှ သိရှိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ကလည်း လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ ပြောင်းတန်ချိန် ၁၂၅၀ နှင့် ချင်း ရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ  ၂၂၉၄ တန် တင်ပို့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း