Main menu

Background

ကုန်သွယ်ရေးသတင်း

နို့ဆီတန်ချိန် ၂၀၀ ကျော်နှင့် နို့စိမ်းတန်ချိန် ၅၀၀ ကျော်တင်သွင်း

Wed, 10/28/2020 - 14:33 -- journal_editor

အောက်တိုဘာ ၁၈ ရက်မှ ၂၄ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၆၂၂၁၈ တန်ဖိုးရှိ နို့ဆီ ၂၁၈ ဒသမ ၈၈ တန်တင်သွင်းခဲ့ကြောင်းသိရသည်။ ယခုတစ်ပတ် ဒွန်းနို့ဆီတစ်မျိုးတည်းသာတင်သွင်းခဲ့သည်။ ယခင်သီတင်းပတ်က နို့ဆီ ၄၃၇ ဒသမ ၇၆ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၂၁၈ဒသမ ၈၈ တန် တင်သွင်းမှုလျော့နည်းခဲ့ကြောင်းသိရသည်။

          အမေရိကန်ဒေါ်လာ ၁၄၈၉၀၃၀ တန်ဖိုးရှိ နို့မှုန့် ၅၀၄ ဒသမ ၄၀ တန်ကို တင်သွင်းခဲ့ သည်။ ယခင်သီတင်းပတ်က တင်သွင်းမှုပျောက်ခဲ့ပြီးယခုတစ်ပတ်မှ ပြန်လည် တင်သွင်း ခဲ့ခြင်းဖြစ်သည်။

သီတာဝင်း(MOC)

ယခုတစ်ပတ်ဓာတ်ဆီ/ဒီဇယ် တန်ချိန် ၁၀၀၀၀၀ ကျော်တင်သွင်း

Wed, 10/28/2020 - 14:32 -- journal_editor

အောက်တိုဘာ ၁၈ ရက်မှ ၂၄ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၉၀၀၂၆၀၂ ဒေါ်လာတန်ဖိုးရှိ ဒီဇယ် ၈၆၆၈၃ ဒသမ ၂၂ တန်နှင့် အမေရိကန်ဒေါ်လာ ၅၁၄၇၀၆၈ ဒေါ်လာတန်ဖိုးရှိ ဓာတ်ဆီ ၁၄၅၀၅ ဒသမ ၀၅ တန်၊ စုစုပေါင်း ဒီဇယ်၊ ဓာတ်ဆီ ၁၀၁၁၈၈ ဒသမ ၂၇ တန်ကို ပင်လယ်ရေကြောင်းမှ တင်သွင်းခဲ့သည်။ ယခင် သီတင်းပတ် က ဒီဇယ်တင်သွင်းခဲ့ခြင်းမရှိခဲ့ဘဲ ယခုတစ်ပတ်မှပြန်လည် တင်သွင်း ခြင်းဖြစ်ကြောင်း သိရသည်။  ယခင်သီတင်းပတ်က ဓာတ်ဆီ ၂၃၉၅၅ ဒသမ ၅၁ တန် တင်သွင်းခဲ့ခြင်း ကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၉၄၁၇ ဒသမ ၄၆ တန်  တင်သွင်းမှု လျော့နည်းခဲ့ကြောင်း သိရသည်။

သီတာဝင်း(MOC)

တင်ပို့မှုလျော့နည်းပြီးဈေးပိုလာသောနှမ်း

Thu, 10/22/2020 - 15:51 -- journal_editor

ယခုအပတ် အောက်တိုဘာလ ၁၁ ရက်မှ ၁၇ ရက်အထိ ပင်လယ်ရေကြောင်းမှ နှမ်းတင်ပို့မှုမှာ တန်ချိန် ၁၆၇၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၃၇၅၄၂ ဒသမ ၆၇ ဖြစ်ကြောင်းသိရသည်။ တင်ပို့ခဲ့သော နိုင်ငံများမှာ ၃ နိုင်ငံရှိပြီး ထိုင်း၊ စင်္ကာပူ နှင့် ထိုင်ဝမ်နိုင်ငံတို့ဖြစ်သည်။
    အများဆုံးတင်ပို့ခဲ့သောနိုင်ငံမှာ စင်္ကာပူနိုင်ငံဖြစ်ပြီး တန်ချိန် ၉၂ ဒသမ ၉၆၊ တန်ဖိုး ၁၂၂၉၄၃ ဒသမ ၂၉၊ အနည်းဆုံးတင်ပို့ခဲ့သောနိုင်ငံမှာ ထိုင်းနိုင်ငံဖြစ်ပြီး တန်ချိန် ၃၆၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄၈၆၀၀ ဖြစ်ကြောင်းသိရသည်။

(၁၁-၁၀-၂၀၂၀ မှ ၁၇-၁၀-၂၀၂၀ )အတွင်း ဓာတ်ဆီတန်ချိန် ၂၀၀၀၀ ကျော်တင်သွင်း

Thu, 10/22/2020 - 14:14 -- journal_editor

အောက်တိုဘာ ၁၁ ရက်မှ ၁၇ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၈၃၀၇၅၀၅ တန်ဖိုးရှိ ဓာတ်ဆီ ၂၃၉၂၂ ဒသမ ၅၁ တန်ကို ပင်လယ်ရေကြောင်းမှ တင်သွင်းခဲ့သည်။ ယခင်သီတင်းပတ်က ဓာတ်ဆီ ၄၇၉၅၀ ဒသမ ၆၁ တန်တင်သွင်း ခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၂၄၀၂၈ ဒသမ ၁၀ တန် တင်သွင်းမှုလျော့နည်းခဲ့ကြောင်းသိရသည်။ ယခုတစ်ပ့တ် ဒီဇယ်အ၀င်မရှိဘဲ ဓာတ်ဆီတစ်မျိုးတည်းသာ တင်သွင်းခဲ့သည်။

ယခုတစ်ပတ်အတွင်း နို့ဆီတစ်မျိုးသာတင်သွင်း(၁၁-၁၀-၂၀၂၀ မှ ၁၇-၁၀-၂၀၂၀)

Thu, 10/22/2020 - 14:12 -- journal_editor

အောက်တိုဘာ ၁၁ ရက်မှ ၁၇ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၅၂၄၄၁၈ ဒေါ်လာတန်ဖိုးရှိ နို့ဆီ ၄၃၇ ဒသမ ၇၆ တန်ကိုပင်လယ်ရေကြောင်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ် အိုကေတံဆိပ် ၂၁၈ ဒသမ ၈၈ တန်နှင့် ဒွန်းတံဆိပ်၂၁၈ ဒသမ ၈၈ တန် တင်သွင်းခဲ့သည်။  ယခင်သီတင်းပတ်က နို့ဆီ၂၂၃ ဒသမ ၂၃၆ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင်  ၂၁၄ ဒသမ ၅၂၄ တန် ပိုမိုတင်သွင်းခဲ့ကြောင်းသိရသည်။ ယခုတစ်ပတ် နို့ဆီတစ်မျိုးသာ တင်သွင်းခဲ့ပြီး နို့မှုန့် အ၀င်မရှိခဲ့ကြောင်းသိရသည်။

မြေသြဇာ (၁၁-၁၀-၂၀၂၀ မှ ၁၇-၁၀-၂၀၂၀) အတွင်း မြေသြဇာတန်ချိန် ၂၀၀၀၀ ကျော်တင်သွင်း

Thu, 10/22/2020 - 14:11 -- journal_editor

အောက်တိုဘာ ၁၁ ရက်မှ ၁၇ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၇၈၄၄၀၀၆ တန်ဖိုးရှိ မြေသြဇာ ၂၆၂၆၂ ဒသမ ၁၆၄ တန်ကိုပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ် ဘီလာရုစ်နိုင်ငံမှ ၂၅၃၀ တန်၊ တရုတ်နိုင်ငံမှ ၂၅၉၉ ဒသမ ၈တန်၊ အီဂျစ်နိုင်ငံမှ ၁၂၆၀ တန်၊ ဂျာမနီနိုင်ငံမှ ၁၇၅၁ဒသမ ၉၉၄ တန်၊ အင်ဒိုနီးရှားနိုင်ငံမှ ၆ တန်၊ အီရန်နိုင်ငံမှ ၆၄၅ တန်၊ ဂျပန်နိုင်ငံမှ ၅၁ ဒသမ ၄၈ တန်၊ ကိုရီးယားနိုင်ငံမှ ၂၅၇၄ ဒသမ ၂၁ တန်၊ ကာတာနိုင်ငံမှ ၁၀၇၀၀ ဒသမ ၀၃  တန်၊  ရုရှားနိုင်ငံမှ ၁၇၅၈ ဒသမ ၀၂ တန်၊ ထိုင်းနိုင်ငံမှ ၂၈၅ ဒသမ ၆၃ တန်၊ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံမှ ၁၀၇၅ တန်နှင့် ဗီယက်နမ်နိုင်ငံမှ ၁၀၂၅ တန် တင်သွင်းခဲ့ကြောင်း သိရသည်။

တောင်ငူခရိုင်အတွင်း စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး Talk Show များပြုလုပ်

Mon, 09/28/2020 - 10:02 -- journal_editor

တောင်ငူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် Covid-19 ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးကာလအတွင်း ပြည်သူများ အသိပညာဗဟုသုတရန်အတွက် သက်ဆိုင်ရာ မြို့နယ်များရှိ လူထုအခြေပြုဗဟိုဌာနများတွင် အသိပညာပေးခြင်းလုပ်ငန်းများကို Online  ဖြင့် တင်ဆက် လျှက်ရှိရာ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး Talk Show အစီအစဉ်များ ရိုက်ကူးနိုင်ရန် တောင်ငူခရိုင် စားသုံးသူရေးရာဦးစီးဌာနသို့ ညှိနှိုင်းလာပါသဖြင့် စက်တင်ဘာလ ၁၆ ရက် နေ့ နံနက်ပိုင်းက စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်နှင့် မြို့နယ်တာဝန်ခံ ဦးမြင့်သူတို့သည် တောင်ငူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗ

ရွှေ၊ လက်ဝတ်ရတနာများ၊ ရွှေဖြင့်ပြုလုပ်သောအနုပညာပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများ တင်ပို့/တင်သွင်းခြင်းဆိုင်ရာ စည်းကမ်းချက်များနှင့် ပတ်သက်သော သတင်းလွှာ

Fri, 08/14/2020 - 13:03 -- journal_editor

      လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံသည် Financial Action Task Force (FATF) ၏ ငွေကြေးခဝါချမှုအဆင့်သတ်မှတ်ချက်တွင် Grey List တွင် ပါဝင်နေကာ ရွှေ၊ လက်ဝတ်ရတနာ များ၊ ရွှေဖြင့်ပြုလုပ်သော အနုပညာပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများ တင်ပို့/ တင်သွင်း ခြင်းကိုအကြောင်းပြု၍ တရားမဝင်သောနည်းလမ်းဖြင့်ရရှိသည့်ငွေကြေးများ ဝင်ရောက်နိုင်ခြင်း မရှိစေရေး သေချာစွာစိစစ်ဆောင်ရွက်ရန်လိုအပ်သဖြင့် အဆိုပါပစ္စည်းများ တင်ပို့/ တင်သွင်းခွင့် လိုင်စင်များကို L/C (သို့မဟုတ်) TT စနစ်ဖြင့် ခွင့်ပြုခြင်းအစား ဤသတင်းလွှာထုတ်ပြန်သည့် နေ့မှစ၍  Letter of Credit (L/C) စနစ်ဖြင့်သာ ခွင့်ပြုသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်သည့် သတ

ကနေဒါနိုင်ငံသို့ မန်ကျည်းတင်ပို့

Thu, 07/23/2020 - 15:40 -- journal_editor

ဇူလိုင်၅ ရက်မှ ၁၁ ရက် သီတင်းပတ်အတွင်း မန်ကျည်း၂ ဒသမ ၅ တန်ကို ပင်လယ်ရေကြောင်းမှ  ကနေဒါနိုင်ငံသို့ တင်ပို့ခဲ့သည်။ ယခင်သီတင်းပတ်က မန်ကျည်းတန် ၅၀ တင်ပို့ခဲ့ခြင်းကြောင့် ယခုတစ်ပတ် တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် ၄၇ ဒသမ ၅ တန် တင်ပို့မှုလျော့နည်းခဲ့ကြောင်း  သိရသည်။ မန်ကျည်းအစေ့လွတ် တစ် တန် အမေရိကန်ဒေါ်လာ ၈၀ဝ ရရှိခဲ့သည်။  ထို့ကြောင့် ယခုတစ်ပတ် မန်ကျည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၀ဝ၀ ဝင်ငွေရရှိခဲ့သည်။
သီတာဝင်း (DOT)

ပခုက္ကူနှင့် ဆိပ်ဖြူကုန်စည်ဒိုင်တို့တွင် ကြက်သွန်နီ ဈေးအနည်းငယ်ကျ

Thu, 07/23/2020 - 15:39 -- journal_editor

ပခုက္ကူခရိုင် ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်ကြ သော ပေါက်၊ ဆိပ်ဖြူ၊ ရေစကြို၊ ရေပြာနယ်များမှ ဆောင်း စိုက်(ပင်)စိုက် ကြက်သွန်နီများ အရောင်းအဝယ်ဖြစ်လျက်ရှိ သည်။ ကြက်သွန်နီ ကုန်ဝယ်ဒိုင်သို့  ဆောင်းစိုက်(ပင်စိုက်)များ ယခုတစ်ပတ်တွင် ကုန်ချိန်  ၅၀ဝ၀ဝ နှင့် ၆၀ဝ၀ဝ ကြား အရောင်းအဝယ်ဖြစ်နေသည်။
ကြက်သွန်နီဈေးမှာလည်း ယခုတစ်ပတ်တွင် အနည်း ငယ်ကျနေသည်။ ယခုတစ်ပတ်  ကြက်သွန်နီဈေးမှာ ထိပ်စ တစ်ပိဿာလျှင် ၃၈၅ ကျပ်၊  လတ်စ တစ်ပိဿာလျှင် ကျပ် ၃၅၀၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ် ၃၀ဝ ဖြင့် ကုန်ချိန် ၆၀ဝ၀ဝ ကျော် အရောင်းအဝယ်ဖြစ်နေသည် ။

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း