Main menu

Background

ကုန်သွယ်ရေးသတင်း

ရေနံချောင်း၌ ကွမ်းရွက်ဈေးတက်

Thu, 01/07/2021 - 15:37 -- journal_editor

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့၌  မန္တလေးနှင့်စစ်ကိုင်းတိုင်း ဒေသကြီးမှထွက်ရှိသော ကွမ်းရွက်များ ဈေးတက်နေကြောင်း   ကွမ်းယာဆိုင်များနှင့်   ကွမ်းရွက်ရောင်းဝယ်သူများ ထံမှ စုံစမ်းသိရှိရသည်။"ကျွန်တော်တို့လွန်ခဲ့တဲ့ ၁၀ ရက် မှာ ကွမ်းရွက်ဈေးနှုန်းတစ်ပိဿာ ကျပ် ၃၀ဝ၀ ဝယ်ရတယ်။ ကိုဗစ်ကာလဆို တော့ မနက် ၁၀ နာရီဆိုရင်  ဝယ်မယ့် သူက မရှိဘူး။ကျေးရွာကနေ ဈေးဝယ် လာသူတွေလည်းပြန်ပြီ။ ရောင်းအားက မကောင်းဘူး။ လက်ရှိ   ကွမ်းရွက် တစ် ပိဿာကျပ် ၇၀ဝ၀ ဝယ်ရတယ်။ အား ချင်း တက်လာတာပါ"ဟု  ကွမ်းယာရောင်းဝယ်သူ အမျိုးသားတစ်ဦးက ပြောသည်။ ကွမ်းဈေးမှာ  လက်ရှိတစ်ပိဿာ ကျပ် ၇၀ဝ၀ ရောင်းနေကြောင်း ယခုလပထမပတ်ကစပြီး  ဈေးတက်လာ ကြောင်း ရေနံချ

မြန်မာ့ဖရဲသီး ယူအေအီးသို့ တင်ပို့နိုင်ခဲ့

Thu, 01/07/2021 - 13:25 -- journal_editor

ဒီဇင်ဘာ ၁၃ ရက်က  မြန်မာနိုင်ငံမှ ဖရဲသီးများ ပုံမှန် ကုန်သွယ်ရေးလမ်းကြောင်းဖြင့် စတင်တင်ပို့နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ မြန်မာ့ ဖရဲသီးသည် ဆယ်စုနှစ် သုံးခုကျော် တရုတ်ပြည် သူ့သမ္မတနိုင်ငံ တစ်ခုတည်းကိုသာ ဈေးကွက်ရရှိအောင် မှီခို အားထားတင်ပို့ရာမှ ယခုအခါ  ယူအေအီးဈေးကွက်သို့ စတင် တင်ပို့နိုင်ပြီဖြစ်ပြီး ကာတာနှင့် စင်ကာပူနိုင်ငံများသို့လည်း ဈေးကွက်ချိတ်ဆက်ထားပြီးဖြစ်သည်။ ယူအေအီးနိုင်ငံ ဒူဘိုင်းမှ  အသီးအနှံလက်ကားရောင်းချ သည့် ကုမ္ပဏီတစ်ခုက မြန်မာပြည်တွင်း  ကုမ္ပဏီတစ်ခုဖြစ် သည့် Future Glory ကုမ္ပဏီသို့  ကုန်ဝယ်အမှာစာ ပေးပို့ဝယ်ယူခြင်းဖြစ်ကြောင်း၊ တစ်နှစ်ပတ်လုံးတင်ပို့ရန် စာချုပ်ချုပ်ဆို ထားကြောင်း

ကချင်ပြည်နယ်၏ ကုန်သွယ်မှုအခြေအနေ

Fri, 12/18/2020 - 11:30 -- journal_editor

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့်ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်မှ ၁၁ ရက်နေ့များအတွင်းတင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူး ငှက်ပျော၊ ရော်ဘာ၊ စေ့ထုတ်ပြောင်း၊ သကြားနှင့် ဧည့်မထဆန် များတင်ပို့ခဲ့ကြောင်းသိရှိ ရပါသည်။

(၁၉)ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး “Online” ကုန်စည်ပြပွဲနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုပူးပေါင်းညှိနှိုင်းရေးကော်မတီ “Online” ဆွေးနွေးပွဲကျင်းပမည်

Tue, 11/24/2020 - 12:13 -- journal_editor

        မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲကို မြန်မာနိုင်ငံ၊ မူဆယ်မြို့ နှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရွှေလီ (ကျယ်ဂေါင်) တို့တွင် နှစ်စဉ်အလှည့်ကျ ကျင်းပခဲ့ပါ သည်။ ယခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ ရန် အလှည့်ကျရောက်ပါ သည်။ သို့ရာတွင် COVID-19 ကပ်ရောဂါအခြေအနေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊  (မူဆယ်)မြို့တွင် လက်ခံကျင်းပရန် မဖြစ်နိုင်သောကြောင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ Online စနစ်ဖြင့် ကျင်းပသွားမည်ဖြစ် ပါသည်။

ကချင်ပြည်နယ်၏ ကုန်သွယ်မှုအခြေအနေ

Thu, 11/12/2020 - 15:00 -- journal_editor

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၆ ရက်နေ့များအတွင်း တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ ရော်ဘာ၊ စေ့ထုတ်ပြောင်းနှင့် မြေပဲ များတင်ပို့ခဲ့ကြောင်းသိရှိရပါသည်။

ယခုတစ်ပတ် ဆန်နှင့် ဆန်ကွဲတန်ချိန်သုံးသောင်းကျော်တင်ပို့

Wed, 10/28/2020 - 16:01 -- journal_editor

အောက်တိုဘာ ၁၇ ရက်မှ ၂၃ ရက်တာကာလအတွင်း နယ်စပ်ကုန်သွယ်ရေးအနေဖြင့် မူဆယ် (၁၀၅)မိုင် ဇုန်မှ ဆန်တန်ချိန် ၈၆၀၀ ခန့်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၂၀ ကျော်စုစုပေါင်း တန်ချိန် ၈၆၀၀ ကျော် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၅၇ သန်း တင်ပို့ခဲ့ကြောင်း သိရပါသည်။ ယခင်တစ်ပတ် တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၂၆၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

နနွင်းတန်ချိန်၁၀၀ ကျော်တင်ပို့

Wed, 10/28/2020 - 14:35 -- journal_editor

အောက်တိုဘာ ၁၈ ရက်မှ ၂၄ ရက်သီတင်းပတ်အတွင်း နနွင်း ၁၁၈ ဒသမ ၅ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့သည်။ ယခုတစ်ပတ် အိန္ဒိယနိုင်ငံသို့ တင်ပို့ခဲ့သည်။ ယခင်သီတင်းပတ်က နနွင်း၈၆ တန်တင်ပို့ခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် ၃၂ ဒသမ ၅ တန် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ နနွင်းတစ်တန် အမေရိကန်ဒေါ်လာ ၈၂၀ ၀န်းကျင်ရရှိခဲ့ကြောင်းသိရသည်။ ယခုတစ်ပတ်နနွင်းတင်ပို့မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၉၆၅၆၅ ဒေါ်လာ ရရှိခဲ့သည်။

သီတာဝင်း(MOC)

ပင်လယ်ရေကြောင်းမှ ချင်း ၂၂ တန်အိန္ဒိယသို့တင်ပို့

Wed, 10/28/2020 - 14:34 -- journal_editor

အောက်တိုဘာ ၁၈ ရက်မှ ၂၄ ရက်သီတင်းပတ်အတွင်း ဂျင်းခြောက်၂၂ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ အိန္ဒိယနိုင်ငံသို့တင်ပို့ခဲ့သည်။ ယခင်သီတင်းပတ်က ချင်း ၂၄ တန်တင်ပို့ခဲ့ခြင်းကြောင့်ယခုတစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် ချင်း ၂ တန် တင်ပို့မှု လျော့နည်းခဲ့ကြောင်းသိရသည်။  ချင်းတင်ပို့မှုမှ စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၁၀၀၀ ဒေါ်လာရရှိခဲ့သည်။

သီတာဝင်း(MOC)

ယခုတစ်ပတ်မြေသြဇာအ၀င်လျော့

Wed, 10/28/2020 - 14:34 -- journal_editor

အောက်တိုဘာ ၁၈ ရက်မှ ၂၄ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၆၀၆၆၈၄၆ တန်ဖိုးရှိမြေသြဇာ ၂၄၇၈၂ ဒသမ ၉၃ တန်ကိုပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ် ကနေဒါနိုင်ငံမှ တန်ချိန် ၁၅၀၀၊ တရုတ်နိုင်ငံမှ ၁၇၂၇၃ ဒသမ ၅ တန်၊ အီဂျစ်နိုင်ငံမှတန်ချိန် ၄၂၀၊ အီရန်နိုင်ငံမှ ၁၀၇၅ တန်၊ ဂျပန်နိုင်ငံမှ ၂၀၄ ဒသမ ၇၂ တန်၊ ကိုရီးယားနိုင်ငံမှ ၂၂၆၂ ဒသမ ၂၁ တန်၊ မလေးရှားနိုင်ငံမှ ၆၄၆ ဒသမ ၇၃ တန်၊ ရုရှားနိုင်ငံမှတန်ချိန် ၇၀၀၊ တိုင်၀မ်နိုင်ငံမှ တန်ချိန် ၈၀၊ ထိုင်းနိုင်ငံမှ ၂၈၅ ဒသမ ၇၇ တန်နှင့် ဗီယက်နမ်နိုင်ငံမှ ၃၃၅ တန်တင်သွင်းခဲ့ကြောင်းသိရသည်။

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း