(၁၁-၁၀-၂၀၂၀ မှ ၁၇-၁၀-၂၀၂၀ )အတွင်း ဓာတ်ဆီတန်ချိန် ၂၀၀၀၀ ကျော်တင်သွင်း
အောက်တိုဘာ ၁၁ ရက်မှ ၁၇ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၈၃၀၇၅၀၅ တန်ဖိုးရှိ ဓာတ်ဆီ ၂၃၉၂၂ ဒသမ ၅၁ တန်ကို ပင်လယ်ရေကြောင်းမှ တင်သွင်းခဲ့သည်။ ယခင်သီတင်းပတ်က ဓာတ်ဆီ ၄၇၉၅၀ ဒသမ ၆၁ တန်တင်သွင်း ခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၂၄၀၂၈ ဒသမ ၁၀ တန် တင်သွင်းမှုလျော့နည်းခဲ့ကြောင်းသိရသည်။ ယခုတစ်ပ့တ် ဒီဇယ်အ၀င်မရှိဘဲ ဓာတ်ဆီတစ်မျိုးတည်းသာ တင်သွင်းခဲ့သည်။





