ဟင်္သာတကုန်စည်ဒိုင်၌ မတ်ပဲဈေး တရိပ်ရိပ်မြင့်တက်လာ၊ ဖွဲနုနှင့် ဆန်ကွဲဈေး ယခင်တစ်ပတ်ထက် မြင့်တက်
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတကုန်စည်ဒိုင်တွင် ဇွန်လ ဒုတိယပတ်က မတ်ပဲဈေးအနည်းငယ်အေးသွားသော်လည်း ဇွန် ၁၄ ရက်မှစ၍ တရိပ်ရိပ်ဈေးမြင့်တက်ခဲ့ရာ ဇွန် ၁၈ ရက်တွင်ကျပ် ၃၁၇၀ဝ ဈေးပေါက်ခဲ့သည်။ ယခင်သီတင် းပတ်ထက် ကျပ် ၁၄၀ဝ မြင့်တက်ခဲ့ကာ အိတ် ၁၅၀ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ အတက်မှန်းသည့်အတွက်အဝယ်များပြီး အရောင်းအားနည်းခဲ့သည်။ ဇွန်လဒုတိယပတ်က တစ်တင်းလျှင် ကျပ်၁၁၂၀ဝ ဈေးပေါက်ခဲ့သော အစေ့ထုတ် ပြောင်းသည် ဇွန်လ တတိယပတ်တွင်လည်းကျပ် ၁၁၂၀ဝ ဈေးတွင် တည်ငြိမ်လျက်ရှိသည်။ ပဲတီစိမ်း(ဆီပြောင်) တစ်တင်းလျှင် ကျပ် ၃၆၅၀ဝ ဖြင့်အရောင်းအဝယ်ဖြစ်ပြီး ပဲတီစိမ်း(ဝါးခယ်မ) တစ်တင်းလျှင် ကျပ်၃၅၀ဝ၀ ဖြင့် အရောင်း အဝယ်ဖြစ်ကာ ယခင်သီတင်းပတ်ထက်ကျ