တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသတွင်ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေခွင့်ပြု
တရုတ်-မြန်မာနှစ်နိုင်ငံနယ်စပ်ဒေသတွင် ယွမ်/ကျပ် ငွေကြေးအား တိုက် ရိုက်အသုံးပြုပေးချေမှုအား ခွင့်ပြုလိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒီဇင် ဘာ ၁၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုတိုးမြှင့်နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှု မြန် ဆန်ချောမွေ့စေနိုင်ရန်၊ နှစ်နိုင်ငံငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် လွယ်ကူ ချောမွေ့စေရန်နှင့် ASEAN Financial Integration ၏ ရည်ရွယ်ချက်များနှင့်အညီ ပြည်တွင်း ငွေကြေးသုံးစွဲမှုအား တိုးမြှင့်ရန်အတွက် ရည်ရွယ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသတွင် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက် ခွင့်ပြုလိုက်ကြောင်း သတင်းထုတ