Main menu

Background

ကုန်သွယ်ရေးသတင်း

သဇင်မြေကုန်သွယ်မှုဗဟိုဌာန၏ ကုန်သွယ်မှုအခြေအနေ

Wed, 08/21/2019 - 14:40 -- journal_editor

       သြဂုတ်  ၃ ရက်မှ ၉ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နွား(အရှင်)   အရေအတွက် ၃၀၀ တင်ပို့ခဲ့ပြီး  ဒေါ်လာ ၃၆၀၀၀၀ ဖိုး တင်ပို့ခဲ့သည်။ ယခင်တစ်ပတ် ဇူလိုင် ၂၇ရက်မှ သြဂုတ်၂ ရက်အထိ  နွား(အရှင်) အရေ အတွက် ၁၀၀ ုွ တင်ပို့ခဲ့ပြီး  ဒေါ်လာ ၁၂၀၀၀၀ ဖိုးတင်ပို့ခဲ့သည်ဟု သိရှိရသည်။ ယခင်တစ်ပတ်ထက်  ယခုတစ်ပတ်တွင် နွား(အရှင်)အရေအတွက် ၂၀၀ ပိုမိုတင်ပို့ ခဲ့ပြီး ဒေါ်လာ ၂၄၀၀၀၀ အထိ တင်ပို့နိုင်ခဲ့ကြောင်းသိရှိရသည်။

ပျော်ရွှင်ဆင်နွှဲ နိုင်ငံတကာကုန်စည်ပြပွဲ၊ ဂုဏ်ယူဝင့်ကြွား မြန်မာနေ့အခမ်းအနား

Wed, 08/07/2019 - 11:22 -- journal_editor

          တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် ၂၀၁၉ ခုနှစ် ဧပြီ ၂၉ ရက်မှ အောက်တိုဘာ ၇ ရက် အထိ " နိုင်ငံတကာ  ဥယျာဉ်ပန်းမန်စိုက်ပျိုးသည့် အတတ်ပညာပြပွဲ  (International  Horticultural Exhibition)"ကို ခြောက်လကြာ ကျင်းပလျက်ရှိသည်။ အဆိုပါ ပြပွဲတွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ နိုင်ငံအသီးသီးမှ ပါဝင်ပြသလျက်ရှိသည်။ ၎င်းပြပွဲ၏ဆောင်ပုဒ် Theme မှာ Life Green, Life Better ဖြစ်သည်။ အဆိုပါပြပွဲတွင် မြန်မာနိုင်ငံ ဘက်မှ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (MYANTRADE) ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက Commissioner General အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ ကိုယ်စ

မူဆယ်မှ တရုတ်တင်ပို့ သစ်သီးဝလံတင်ပို့မှု

Fri, 07/12/2019 - 11:04 -- journal_editor

      မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ ၂၀၁၉ ရာသီတွင် သစ်သီးဝလံများ တင်ပို့လျက်ရှိရာ  ဖရဲတင်ပို့မှုမှာ မေ ၁၈ ရက်အထိ ဆက်တိုက်  နေ့စဉ်တင်ပို့ခဲ့သော်လည်း မေ ၁၈ ရက် နောက်ပိုင်းတွင်  အနည်း ငယ်သာ တင်ပို့ခဲ့ပြီး နေ့စဉ်တင်ပို့ခြင်းမရှိပေ။ ဇွန်လတွင် ဖရဲကား  ခုနစ် စီး၊  ၁၀၃ ဒသမ၅တန်နှင့်သခွားတစ်စီး ခုနှစ်တန် သာ တင်ပို့နိုင်ခဲ့သည်။ သရက်သီးတင်ပို့မှုမှာ ဧပြီလပထမပတ်တွင်  စတင်ခဲ့ပြီး  ဧပြီ၊ မေ၊ ဇွန်လအထိ  လှိုင်လှိုင်တင်ပို့ နိုင်ခဲ့သည်။ မေလတွင်၂၁၆၇၈ တန်၊ ဇွန်လတွင် ၁၉၅၆၉ တန်၊ ဇူလိုင်လတွင် တင်ပို့မှုအနည်းငယ် လျော့နည်းစပြုလာသည်။သရက်သီးတင်ပို့နိုင် ခြင်းမှာ ဧပြီ၊ မေ၊ ဇွန်သရက်သီးရာသီ  တစ်ခုလုံ

ယခု ဘဏ္ဍာနှစ် ကိုးလအတွင်း ITC ကတ်ဖြင့် ကျပ်သိန်းလေးသောင်းခုနစ်ထောင်ကျော် ကုန်သွယ်ထား

Thu, 07/11/2019 - 13:18 -- journal_editor

      ယခု ဘဏ္ဍာနှစ်ကိုးလအတွင်း တစ်ဦးချင်းကုန်သွယ်မှု လုပ်ငန်းရှင်လက်မှတ် (ITC) ကတ်ဖြင့်ကျပ်သိန်း လေးသောင်း ခုနစ်ထောင်ကျော် ကုန်သွယ်ထားကြောင်း စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရ သည်။ ကုန်သွယ်ထားမှုပြုထားသည့်စာရင်းအရ ပို့ကုန်တန်ဖိုး ကျပ်သိန်းခုနစ်ထောင်ကျော်၊ သွင်းကုန်တန်ဖိုး ကျပ်သိန်းလေး သောင်းခန့်ရှိကြောင်း ယင်းဝန်ကြီးဌာနလက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဇူလိုင် ၄ ရက်တွင် ပြောသည်။

မူဆယ်နယ်စပ်တွင် သောင်တင်နေသည့် မြန်မာ့ဆန်များ တရုတ် ပြန်ဝယ်နေ

Thu, 07/11/2019 - 13:10 -- journal_editor

     တရုတ်နိုင်ငံဘက်မှ အဝယ်ရပ်ဆိုင်းထားသောကြောင့် မူဆယ်နယ်စပ်တွင် သောင်တင်နေသည့် မြန်မာ့ဆန်များကို ယင်းနိုင်ငံမှ ပြန်လည်ဝယ်ယူနေ ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ ယင်းသို့ဝယ်ယူမှုကြောင့် မူဆယ်နယ်စပ်၌ သောင်တင်နေခဲ့သည့် ဆန်တန်ချိန် ငါးသောင်းကျော်မှာ လက်ရှိတွင်တန်ချိန် နှစ်သောင်းလောက်သာ ကျန်ရှိတော့ကြောင်း အဆိုပါဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင် လွင်က ဇူလိုင် ၄ ရက်တွင် ပြောသည်။ "အခု မူဆယ်ဘက်ကနေ  တစ်နေ့ကို တန်ချိန် ၁၀၀၀၊ ၁၅၀၀ လောက် ထွက်နေတယ်။ အခုနောက်ပိုင်းမှာ တန်ချိန် နှစ်သောင်းလောက်ပဲရှိတော့တယ် ဆိုတော့ နေ့စဉ်ဆန်တွေ ထွက်နေ တယ်။ သူတို့ဘက်ကလည်း စစ်ဆေးပြီးတော့ ယ

ပြည်တွင်းကုန်သည်များ ကုန်သွယ်မှုနှင့် ပတ်သက်၍ သတင်းအချက်အလက် လေ့လာမှု အားနည်း

Wed, 07/03/2019 - 10:39 -- journal_editor

     ပြည်တွင်းရှိ ကုန်သည်အချို့နှင့် ကုန်သွယ်မှု ပြုလုပ်နေသူအချို့သည် ကုန်သွယ်မှုနှင့်ပတ်သက်၍ သတင်းအချက်အလက်လေ့လာမှု အားနည်းလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ကုန်သွယ်ေ ရးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဝင်းမင်းဖြိုးက ဇွန် ၂၄ ရက်တွင် ပြောသည်။ ယင်းသို့ သတင်းအချက်အလက် လေ့လာမှု အားနည်းခြင်းကြောင့် ကုန်သွယ် ဘက် နိုင်ငံများ၏ ဆိပ်ကမ်းမှ ကုန်ပစ္စည်းများ ပြန်လည်သယ်ယူမှု ရှိသဖြင့် ဆုံးရှုံးမှု များ ဖြစ်ပေါ်နေရသည် ဟု ဆိုသည်။"ကုန်သွယ်မှု သတင်းအချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက ကုန်သည်တွေ လေ့လာမှု အားနည်းတယ်။ အာဆီယံ ၁၀ နိုင်ငံ ကုန်သွယ်မှု သတင်းဝက်ဘ်ဆိုက်ရှိတယ်။ ကမ္ဘာ့ ကုန်သွယ်

(၁-၁-၂၀၁၇)မှ (၃၁-၁၂-၂၀၁၇)ရက်နေ့အထိ ပို့ကုန်ရငွေဝင်ရောက်ရန် ပမာဏအများဆုံး ကျန်ရှိသောကုမ္ပဏီ(၂၁)ခုစာရင်း

Tue, 07/02/2019 - 13:55 -- journal_editor

လယ်ယာထွက်ကုန်များ တိုးချဲ့တင်ပို့နိုင်ရန် အစီအမံများ ချမှတ်ရန်လိုပြီ

Wed, 06/26/2019 - 11:41 -- journal_editor

       မြန်မာ့လယ်ယာထွက်ကုန်အမယ်စုံအောင် ပြည်ပသို့တင်ပို့၍ နိုင်ငံခြားဝင်ငွေ တစ်ဖက်တစ်လမ်းက ရှာဖွေပေးလျက်ရှိသည်။ သို့သော်လည်း ပြည်တွင်းထွက် လယ်ယာထွက်ကုန်များ ပြည်ပဝယ်လက်နိုင်ငံ အချို့သို့ ထွက် တာလေး ပွတ်သပ်အရောင်တင်ပြီး ပို့နေသည့် သဘောပင်ရှိသည်။ ရေရာသေချာသည့် ဈေးကွက်ချိတ်ဆက်မှု၊ ဈေးကွက် ထောက်လှမ်းမှု၊ သတင်းအချက် အလက်ရယူမှုစသည့် အစီအမံများ ချမှတ်ဆောင်ရွက်မှုမရှိသေးသည် ကို တွေ့ရှိရသည်။ ပြည်ပပို့ကုန်မဟာဗျူဟာ ရေရာသေချာသည့် အစီအမံများ ချမှတ်၍ ဆောင်ရွက်မည်ဆိုလျှင် ပြည်ပပို့ကုန် လယ်ယာထွက်ကုန် တင်ပို့နိုင်မှု ပမာဏသည် တိုးမြင့်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ် သည်။ နိုင်ငံခြားဝင်ငွေလည်း တိုးတက်ရရှိလ

မြစ်ကြီးနား တညင်းသီးများပေါ်ချိန် ဈေးကောင်းရ

Thu, 06/20/2019 - 11:01 -- journal_editor

         ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မိုးရာသီ၏ရာသီစာ ဖြစ်၍ လူကြိုက်များလှသည့် ရောင်းပန်းလှသော တညင်းသီး များ စတင်ထွက်ပေါ်စပြုလာပါပြီ။  မြစ်ကြီးနားမြို့ရှိ တညင်း သီးပိုင်ရှင်များထံမှ တိုက်ရိုက်သော်လ ည်းကောင်း၊ တစ်ဆင့် ပြန်လည်ရောင်းချသူများသူထံမှလည်းကောင်း တညင်းသီး အဝယ်ဒိုင်များက ဝယ်ယူလျက်ရှိနေသည်။  မြစ်ကြီးနားမြို့မှ တညင်းသီးအဝယ်ဒိုင်များသည် မန္တလေးနှင့် မုံရွာရှိ ကုန်စည်ဒိုင်များနှင့်ချိတ်ဆက် ၍ မော်တော်ကားဖြင့် ပို့ဆောင် လျက်ရှိသည်။ ယခု လက်ရှိ တညင်းသီးဈေးကွက်အခြေအနေသည် ဝယ်လိုအားကောင်း၍  တစ်လုံးလျှင် ၂၅ ကျပ် မှ ၂၇ ကျပ် ထိ ပေါက်ဈေးရှိသည်။ အလုံးရေ ၅၅၀၀ မှ ၆၅၀၀ ခန့် ပါရှိသော တညင်းသီးတစ်အိတ

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း