ရော်ဘာပိုမိုတင်ပို့ပြီး ဈေးအတက်အကျမရှိ
မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေး စခန်းများမှ သြဂုတ် ၃ ရက်မှ ၉ ရက်အထိကာလအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၇၁ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၂၀၀ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ရော်ဘာ အမျိုးအစားစုံ တန်ချိန် ၈၇၀ ကျော်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ RSS-3 အမျိုးအစား တန်ချိန် ၂၄၀ ကျော်တင်ပို့ပြီး မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီ လိတ်ကုန်သွယ် ရေးစခန်းမှ Rubber-Latex 60 % DRC ၆၀ % ီျွဃ အမျိုးအစား တန်ချိန် ၁၅၀ တင်ပို့ခဲ့ ကြောင်း သိရသည်။ ယခင်တစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက တန်ချိန် ၄၀၀ ကျော် ပိုမိုတင်ပို့ခဲ့ကြောင်းသိရသည်။










