မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ တင်ပို့နေတဲ့ ကြက်သွန်နီ
မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်၏ ဧပြီ ၁ ရက်မှ ၅ ရက်အထိ တရုတ်နိုင်ငံသို့ကြက်သွန်နီ တင်ပို့မှုအခြေအနေကို စိစစ်ကြည့်ရာ တန်ချိန် ၂၉၇ တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၅၁၂ သန်း၊ ကားစီးရေ ၉၀ ဖြင့် တင်ပို့နိုင် ခဲ့ပါတယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မတ်လ ၃၁ ရက် အထိ ကြက်သွန်နီတန်ချိန် ၁၆၆၆၅ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၉၀ သန်း တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်မြို့တွင်းတွင် လက်ရှိဖြစ်ပေါ်နေ သော ကြက်သွန်နီဝယ်ဈေးမှာ တစ်ပိဿာလျှင် ကျပ် ၆၀၀ နှုန်းဖြင့် တစ်တန်လျှင်ကျပ် ၃၆၇၂၀၀ ဖြင့်ဝယ်ယူပြီး ပြန်လည်ရောင်းချမှုဈေးမှာ တစ် ပိဿာလျှင်ကျပ် ၁၀၀၀ နှုန်းဖြင့် တစ်တန်လျှင် ကျပ် ၆၁၂၀၀၀ ရရှိကြောင်း သိရပါတယ်။ ယခင










