ဧရာဝတီတိုင်းဒေသကြီးအတွင်း သင်္ကြန်လွန်ကာလ ရော်ဘာဈေးကွက် ဈေးနှုန်းမြင့်တက်လျက်ရှိ
ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိသော တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့ရန် စိုက်ပျိုးရေးကဏ္ဍတွင် မိုးစပါး၊ နွေစပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်းနှင့် အခြားသီးနှံများကိုလည်း စိုက်ပျိုးဖြစ်ထွန်းအောင်မြင်လျက်ရှိသည့်အပြင် နှစ်ရှည်သီးနှံအုပ်စုတွင် စက်မှုကုန်ကြမ်းသီးနှံ ရော်ဘာကိုလည်း ပုသိမ်မြို့နယ်၊ ချောင်းသာ၊ ငွေဆောင်၊ မော်တင်စွန်းကားလမ်းဘေး ကျေးရွာများနှင့် ငပုတော၊ လပွတ္တာ၊ မြောင်းမြ၊ ဟင်္သာတ၊ လေးမျက်နှာ၊ အင်္ဂပူ၊ မြန်အောင်၊ ကြံခင်းမြို့နယ် အပါအဝင် တိုင်းအတွင်း စုစုပေါင်း စိုက်ဧက ၃၆၂၇၅ ကျော် စိုက်ပျို
