Main menu

Background

ကုန်သွယ်ရေးသတင်း

မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဇွန်လအတွင်း ပရဆေး တန်ချိန်နှစ်ထောင်ခန့်တင်ပို့

Wed, 07/12/2017 - 13:13 -- journal_editor

   ဇွန် ၂၄ ရက်မှ ၃၀ ရက်ထိ ရက်သတ္တပတ်အတွင်း   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုညဒသမ ၃၅၃ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း  အမယ်ရှစ်မျိုး၊ တန်ချိန်အားဖြင့် ၃၁၂ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ ၄၆၅ တန်ကျော်နဲ့ နှိုင်းယှဉ် ပါက ယခုတစ်ပတ်မှာ ၁၅၃ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ပရဆေး  အမယ်များမှာ ကွမ်းစားဂမုန်း၊ နနွင်းတက်၊ တောချင်း၊ ဆီးဆန်၊ မာလာဥခေါင်း၊ နေလဲစေ့၊ ကြောင်လျှာစေ့နဲ့ မိကျောင်းကွမ်းဖတ်စေ့တို့ ဖြစ်ပါတယ်။ ယခုတစ်ပတ် မာလာဥခေါင်း တင်ပို့မှုလျော့နည်းခဲ့ပြီး မာလာဥတင်ပို့မှု မရှိခြင်းကြောင့် ပရဆေး၊ တင်ပို့မှု

မူဆယ်ရော မြဝတီမှပါ လက်ဖက်ခြောက်တင်ပို့

Wed, 07/12/2017 - 13:12 -- journal_editor

        ဇွန် ၂၄ ရက်မှ ၃၀ ရက်ထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၁၆၉၉၅ တန်ဖိုးရှိ လက် ဖက်ခြောက် ၅၄ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ ၅၁တန်နဲ့ နှိုင်းယှဉ်ပါက ၃ တန် ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။အလားတူ မြန်မာ-ထိုင်း နယ်စပ်ရှိ  တာချီလိတ်ကုန်သွယ်ရေးစခန်းမှလည်း အမေရိကန်ဒေါ်လာ ၃၇၈၁ တန်ဖိုးရှိ လက်ဖက်ခြောက် ၁၀ တန်တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က တာချီလိတ်မှ လက်ဖက်ခြောက် တင်ပို့မှု မရှိခဲ့ပါဘူး။ဇွန်လအတွင်း မူဆယ်မှ လက်ဖက်ခြောက်တန် နှစ်ရာကျော်၊ ချင်းရွှေဟော်မှ ၃၂ တန်ကို တရုတ်နိုင်ငံသို့လည်းကောင်း၊ တာချီလိတ်မှတစ်ဆင့် ထိုင်း

တရုတ်နဲ့ ထိုင်းသို့သာမက အိန္ဒိယနိုင်ငံသို့ပါ သီဟိုဠ်စေ့တင်ပို့

Thu, 07/06/2017 - 10:34 -- journal_editor

      မြန်မာ-တရုတ် နယ်စပ်ရဲ့  အဓိကကုန်သွယ်ဖက်ဖြစ်တဲ့ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဇွန် ၁၇ ရက်မှ ၂၃ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ သုညဒသမ ၀၉၇ သန်း တန်ဖိုးရှိ သီဟိုဠ်စေ့ ၁၆ တန်ကျော်ကို တင်ပို့ခဲ့ ပါတယ်။ ယခင်တစ်ပတ်က တင်ပို့မှု မရှိခဲ့ဘဲ ယခုတစ်ပတ်မှသာ ပြန်လည်တင်ပို့ လာတာတွေ့ရပါတယ်။မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှလည်း ယခုတစ်ပတ်မှာ သီဟိုဠ်စေ့တင်ပို့မှုမရှိပေမယ့် ယခင်တစ်ပတ်က တန် ၂၀ ကျော် တင်ပို့ခဲ့တာ တွေ့ရ ပါတယ်။ ယခုတစ်ပတ်မှာ တရုတ်နဲ့ ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးဇုန်များမှ သာမက အိန္ဒိယနယ်စပ်ရှိ ရိဒ်ကုန်သွယ်ရေးစခန်းမှလည်း အမေရိကန်ဒေါ်လာ သုညဒသမ ၀၁၁ သန်း တန်ဖိုးရှိ သီဟိုဠ်

တရုတ်နိုင်ငံသို့ပျားရည် တန် ၅၀ နီးပါး တင်ပို့

Thu, 07/06/2017 - 10:32 -- journal_editor

    ဇွန် ၁၇ ရက်မှ ၂၃ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင် ကုန်သွယ် ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၃၁၅၀၀ တန်ဖိုးရှိ ပျားရည် ၄၅ တန်ကို တရုတ် နိုင်ငံသို့  တင်ပို့ခဲ့ပါတယ်။ ယခင်ရက် သတ္တပတ်က ၁၅ တန်  တင်ပို့ခဲ့တာ ကြောင့်  ယခုတစ်ပတ်မှာ တန် ၃၀ ပိုမို တင်ပို့ခဲ့တာ တွေ့ရ ပါတယ်။ပျားရည်ကို ပြည်တွင်းမှာ ဆေး ဝါးအဖြစ်သာ  အသုံးပြုကြပြီး ပြည်ပ နိုင်ငံများတွင် သကြားအစား  ပျားရည် စား သုံးခြင်းနှင့် အအေးပိုင်းနိုင်ငံများမှာ ပျားရည်ကို  အဓိကထား၍ အများ အပြား   သုံးစွဲနေတာကြောင့်   ယခုလို ပြည်ပဈေးကွက်သို့ တင်ပို့နေကြောင်း၊ မူဆယ်မှာ ပျားရည်တစ်တန်ကို လိုင်စင် ဈေး အမေရိကန်ဒေါ်လာ  ၇၀၀   ရှိ ကြောင

မူဆယ်နဲ့ ချင်းရွှေဟော်မှ နှမ်းပိုမိုတင်ပို့

Thu, 07/06/2017 - 10:30 -- journal_editor

     မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဇွန် ၁၇ ရက်မှ ၂၃ ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၂၃၁ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၂၀၉ တန်ခွဲကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ ပါတယ်။ တင်ပို့ ခဲ့တဲ့ နှမ်းအမျိုးအစားတွေကတော့ နှမ်းနက် ၉၇ တန်၊ နှမ်းဖြူ ၁၇ တန်ခွဲနဲ့ နှမ်းညို ၉၅ တန် ဖြစ်ပါတယ်။ ယခင်တစ်ပတ်က နှမ်းနက် ၃၃ တန်သာ တင်ပို့ခဲ့လို့ ယခုတစ်ပတ် မူဆယ်မှ နှမ်း ၁၇၆ တန်ခွဲ ပိုမိုတင် ပို့ခဲ့တာတွေ့ရပါတယ်။

မူဆယ်မှ ရေထွက်ကုန် တန်ချိန်ရော တန်ဖိုးပါ လျော့နည်းတင်ပို့

Tue, 07/04/2017 - 12:09 -- journal_editor

      မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဇွန် ၁၇ ရက်မှ ၂၃ ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ  ၁ ဒသမ ၁၈၄ သန်းတန်ဖိုးရှိ ရေထွက် ကုန် ၆၈၆ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် က အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၁၃ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၈၈၈ တန် တင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ တန်ချိန်အားဖြင့် ၂၀၂ တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သုညဒသမ ၁၂၉ သန်းလျော့နည်း တင်ပို့ခဲ့ပါတယ်။

အိန္ဒိယနယ်စပ်မှ ကွမ်းသီးတင်ပို့မှုကျဆင်း

Tue, 07/04/2017 - 12:08 -- journal_editor

       မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဇွန် ၁၇ ရက်မှ ၂၃ အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ  သုညဒသမ ၄၃၁ သန်း တန်ဖိုးရှိ ကွမ်းသီး ၅၂၈ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၈၇၀ တင်ပို့ခဲ့တဲ့အတွက်  ယခု တစ်ပတ်မှာ ၃၄၂ တန် လျော့နည်းတင်ပို့ခဲ့တယ် လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ တမူးကုန်သွယ်ရေးစခန်းမှ ကွမ်းသီးပိုမို တင်ပို့ခဲ့ပေမယ့် ရိဒ်ကုန်သွယ်ရေးစခန်းမှ လျော့နည်းတင်ပို့ခဲ့တဲ့အတွက် ယခုကဲ့သို့ လျော့နည်းရခြင်းဖြစ်တယ်လို့ သိရ ပါတယ်။

ဒီတစ်ပတ် ဘိလပ်မြေ အဝင်နည်း

Tue, 07/04/2017 - 12:07 -- journal_editor

         ဇွန် ၁၈ ရက်မှ ၂၄  ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ  ၉၀၀၇၂ တန်ဖိုးရှိ   ဘိလပ်မြေ ၄၉၃ ဒသမ ၈၉၅ တန်ကို ပင်လယ်ရေကြောင်း ကုန် သွယ်မှုလမ်းမှ   တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်  တရုတ်နိုင်ငံမှ ၁၉၄ ဒသမ ၈၄ တန်၊ ကိုရီးယားနိုင်ငံမှ  သုည ဒသမ ၆၇ တန်၊ စပိန်နိုင်ငံမှ သုည ဒသမ ၀၄၅ တန်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၂၈၀ နဲ့ ယူဂိုဆလားဗီးယားနိုင်ငံမှ ၁၈ ဒသမ ၃၄ တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။  ယခင် သီတင်းပတ် က တင်သွင်းခဲ့တဲ့ တန်ချိန် ၈၂၃၀ ကျော်နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန် ၇၇၀၀ ကျော် အဝင်လျော့ခဲ့တယ် လို့သိရပါတယ်။

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်းအမှတ်စဉ်(၉)သင်တန်းဆင်းပွဲကျင်းပ

Tue, 06/06/2017 - 12:07 -- journal_editor

        စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုသင်တန်းကျောင်းမှ ဖွင့်လှစ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံ သင်တန်း အမှတ်စဉ်(၉)သင်တန်းဆင်းပွဲ အခမ်းအ နားကို ဇွန် ၃ ရက်က ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရန်ကုန်တိုင်း ဒေသကြီးရုံးတွင် ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌဦးဇော်မင်းဝင်း၊ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း၊ JICA မှ

မူဆယ်မှ ကော်ဖီစေ့ပိုမိုတင်ပို့

Tue, 05/23/2017 - 11:13 -- journal_editor

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် မေ ၆ ရက်မှ ၁၂ ရက်အထိ ရက်သတ္တပတ် အတွင်း အမေရိကန်ဒေါ်လာ ၄၅၃၉၀ တန်ဖိုးရှိ ကော်ဖီစေ့ ၅၁ တန်ကျော်ကို  တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ ၃၃ တန်ကျော်နဲ့ နှိုင်းယှဉ်ပါက ၁၈ တန်ပိုမိုတင်ပို့ခဲ့ပါတယ်။မြန်မာနိုင်ငံတွင် ကော်ဖီကို မန္တလေးတိုင်းဒေသကြီးရှိ ပြင်ဦးလွင်၊ ရှမ်းပြည်နယ်ရှိ  ရွာငံမြို့၊ မိုးကုတ်၊ နောင်ချိုနဲ့ ချင်းပြည်နယ်တွေမှာ အများဆုံးစိုက်ပျိုးကြပြီး အာရေဘီးကားနှင့် ရိုဘတ်စတာကော်ဖီအမျိုးအစားတွေကို အဓိကစိုက်ပျိုး ကြကြောင်း၊ နိုင်ငံတကာမှ ကော်ဖီဝယ်သူတွေက မြန်မာ့ကော်ဖီကို စိတ်ဝင်စားမှုမြင့်တက်လာကြောင်း၊ ပြည်တွင်းကော်ဖီလုပ် ငန်းတွေ

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း