အိန္ဒိယနိုင်ငံမှ မတ်ပဲ၊ ပဲစင်းငုံနှင့်ပဲတီစိမ်းတင်သွင်းမှုတို့အား ကန့်သတ်လိုက်ခြင်းနှင့်ပတ်သက်၍ ရင်ဆိုင်ကြုံတွေ့နေရသည့် အခြေအနေများနှင့်ဆက်လက်လုပ်ဆောင်မည့်အခြေအနေများ
ယခုလက်ရှိ မြန်မာနိုင်ငံရဲ့ပဲလောကမှာ ကြုံတွေ့နေရတဲ့ အခြေအနေလေးကို ပြောပြပေးပါ။ အဓိကကတော့ သြဂုတ်လ ၅ ရက်မှာ ပဲစင်းငုံ တန်ချိန် နှစ်သိန်းပဲလက်ခံတော့မယ်။ ကျန်တာကို ဆက်လက်တင်သွင်းခွင့် မပြုေ တာ့ဘူး။ နောက်ပြီး သြဂုတ်လ ၂၁ ရက်မှာ မတ်ပဲနဲ့ပဲတီစိမ်း ကို တန်ချိန် သုံးသိန်းပဲ ဝယ်တော့မယ်။ ကျန်တာကိုတော့ မတ်လ ၃၁ ရက် ဘတ်ဂျက်ကုန်တဲ့အထိ မဝယ်တော့ဘူးလို့ကန့်သတ်လိုက်ပါတယ်။ အဲဒီလို ကန့်သတ်လိုက် တဲ့ အခါကျတော့ ကျွန်တော်တို့နိုင်ငံက တကယ်စိုက်ပျိုးပြီး တကယ်ထွက်ရှိတဲ့ ပဲတွေကလည်း မတ်ပဲရယ်၊ ပဲစင်းငုံရယ်၊ ပဲတီစိမ်း ရယ် ဒီသုံးမျိုးက အများဆုံးတင်ပို့တဲ့ပဲတွေဖြစ်နေတယ်။ အများဆုံးတင်ပို့တဲ့ပဲတွေအနက်ကမှ မတ် ပဲနဲ့ ပဲစင်