(၁၆) ကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲကို တရုတ်နိုင်ငံတွင် ကျင်းပမည်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီ(ကျယ်ဂေါင်) မြို့၊ ကျောက်မျက်ဈေးတွင် (၁၆) ကြိမ်မြောက် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးနှင့် (၁၂) ကြိမ်မြောက် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းေ ရးကော်မတီ (Joint Border Trade Cooperating and Coordinating Committee-JBTCCC) အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်မှ ၂၈ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါပြပွဲကို မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့အကြား နှစ်နိုင်ငံနယ်စပ်နေ ပြည်သူများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးပွားလာစေရန်၊ အပြန်အလှန် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်လာစေရန်နှင့် တရုတ်-မြန်မာနှစ်နိ










